စစ်ကောင်စီ သေနတ်လုပြေးတဲ့ ဟားခါးလူငယ်ရဲ့ မိဘနေအိမ် ချိတ်ပိတ်ခံရ

ဟားခါးမြို့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အရက်တိုက်ပြီး ၎င်းတို့သေနတ်ကိုလုပြေးသွားတဲ့ မြို့သစ်ရပ်ကွက်ရှိ လူငယ်ရဲ့အိမ်တစ်လုံးအား စစ်ကောင်စီတပ်မှ ဇူလိုင် ၂၃ရက်နေ့တွင် ချိတ်ပိတ်ကြတယ်လို့သတင်းရရှိပါတယ်။

အဆိုပါနေအိမ်ဟာ စစ်ကောင်စီတပ်သားများအား အရက်တိုက်ပြီးနောက် သေနတ်တစ်လက် လုပြေးသွားခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မိဘနေအိမ်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ချိတ်ပိတ်တဲ့အိမ်မှာ အိမ်ရှင်တွေ မနေတာကြာပြီ။ စစ်တပ်ကအာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ စတင်ပေါ်ပေါက်တဲ့အချိန်မှာ အဲ့အိမ်ရှင်တို့ရဲ့တူ၊ လူငယ်လေးပေါ့၊ သူက စစ်ကောင်စီတပ်သားတွေကို အရက်တိုက်ပြီးတော့ သူတို့အရက်မှူးနေချိန်မှာ သေနတ်တစ်လက်ယူပြီး ထွက်ပြေးသွားတာ။ အဲဒီအချိန်ကစပြီး သူတို့မိသားစုကို စစ်တပ်ကလိုက်ရှာနေကြတယ်” လို့ ပြောပါတယ်။

အဆိုပါလူငယ်နှင့် မိသားစုဝင်များဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်က လုံခြုံတဲ့ နေရာသို့ ထွက်ပြေးတိမ်းရှောင်ကြပြီလို့လည်း သိရပါတယ်။

Zawgyi

စစ္ေကာင္စီ ေသနတ္လုေျပးတဲ့ ဟားခါးလူငယ္ရဲ႕ မိဘေနအိမ္ ခ်ိတ္ပိတ္ခံရ

ဟားခါးၿမိဳ႕မွာ ကင္းေစာင့္ေနတဲ့ စစ္ေကာင္စီတပ္သားေတြကို အရက္တိုက္ၿပီး ၎တို႔ေသနတ္ကိုလုေျပးသြားတဲ့ ၿမိဳ႕သစ္ရပ္ကြက္ရွိ လူငယ္ရဲ႕အိမ္တစ္လုံးအား စစ္ေကာင္စီတပ္မွ ဇူလိုင္ ၂၃ရက္ေန႔တြင္ ခ်ိတ္ပိတ္ၾကတယ္လို႔သတင္းရရွိပါတယ္။

အဆိုပါေနအိမ္ဟာ စစ္ေကာင္စီတပ္သားမ်ားအား အရက္တိုက္ၿပီးေနာက္ ေသနတ္တစ္လက္ လုေျပးသြားခဲ့တဲ့ လူငယ္တစ္ေယာက္ရဲ႕ မိဘေနအိမ္ျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ေျပာပါတယ္။

“သူတို႔ခ်ိတ္ပိတ္တဲ့အိမ္မွာ အိမ္ရွင္ေတြ မေနတာၾကာၿပီ။ စစ္တပ္ကအာဏာသိမ္းၿပီး လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ား စတင္ေပၚေပါက္တဲ့အခ်ိန္မွာ အဲ့အိမ္ရွင္တို႔ရဲ႕တူ၊ လူငယ္ေလးေပါ့၊ သူက စစ္ေကာင္စီတပ္သားေတြကို အရက္တိုက္ၿပီးေတာ့ သူတို႔အရက္မႉးေနခ်ိန္မွာ ေသနတ္တစ္လက္ယူၿပီး ထြက္ေျပးသြားတာ။ အဲဒီအခ်ိန္ကစၿပီး သူတို႔မိသားစုကို စစ္တပ္ကလိုက္ရွာေနၾကတယ္” လို႔ ေျပာပါတယ္။

အဆိုပါလူငယ္ႏွင့္ မိသားစုဝင္မ်ားဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ႏွစ္က လုံၿခဳံတဲ့ ေနရာသို႔ ထြက္ေျပးတိမ္းေရွာင္ၾကၿပီလို႔လည္း သိရပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်