စာရေးဆရာမ မိုင်ဆော့လှိုင်ပါးရ်ရဲ့ ဝတ္ထုတိုပေါင်းချုပ်မထုတ်ဝေမီ တစ်ပတ်အတွင်း အုပ်ရေတစ်ထောင်ကျော် ကြိုတင်မှာယူသူရှိ

ချင်း (ဖလမ်း)ဘာသာ ရသ စာရေးဆရာမ မိုင်ဆော့လှိုင်ပါးရ်ရေးသားထားတဲ့ ချင်းဝတ္ထုတိုပေါင်းချုပ်အတွဲ (၁) စာအုပ်ဟာ စာအုပ်မထုတ်ဝေမီ တစ်ပတ်အတွင်း ပြည်တွင်းပြည်ပကနေ အုပ်ရေတစ်ထောင်ကျော်ကြိုတင်မှာယူတဲ့သူရှိပြီလို့သတင်းရရှိပါတယ်။

ချင်း (ဖလမ်း)စာပေလောကတွင် စာအုပ်မထုတ်ဝေမီ စာဖတ်ပရိသတ်တွေကအခုလို အုပ်ရေထောင်ဂဏန်းနဲ့ ကြိုတင်မှာယူမှုတွေမရှိသေးပါ။

စာရေးဆရာမ မိုင်ဆော့လှိုင်ပါးရ်ဟာ နိုဝင်ဘာ (၂၃)ရက်တွင် ၎င်းရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်သစ်ထုတ်ဝေတော့မှာဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာကြေညာပါတယ်။ ယင်းနောက် ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းတိုင်းရင်းသားတွေ အွန်လိုင်းကနေတဆင့် ၎င်းစာအုပ်တွေမှာယူကြပါတယ်။

စာအုပ်မှာယူတဲ့သူအများစုဟာ နိုင်ငံခြားကနေ ၎င်းတို့ဇာတိကျေးရွာအတွက် အခမဲ့လက်ဆောင်ပေးဖို့ မှာယူကြတာများပါတယ်။

စာရေးဆရာမ မိုင်ဆော့လှိုင်ပါးရ်က “အစမှာတော့ ကျမမျှော်လင့်ထားတာက အုပ် ၅၀၀ ပဲထုတ်မလို့။ ဒါတောင် သူငယ်ချင်းတွေက အားပေးရင် အကုန်ရောင်းနိုင်မယ်ပေါ့။ ကျမစိတ်ထဲမှာကျန်ရစ်တဲ့အရာက စာအုပ်ရောင်းဖို့အရမ်းခက်တယ်ဆိုတာပဲ။ အွန်လိုင်းမှာ စာအုပ်ထွက်ဖို့ရိုးရိုးလေးတင်လိုက်တာပါ။ ရောင်းတာလဲမဟုတ်သေးဘူး။ ချက်ချင်းပဲ အဲ့ဒီရွာအတွက် ကျမတာဝန်ယူလို့ပြောလာကြတော့ အရမ်းအံ့သြတယ်။ ယုံတောင်မယုံနိုင်ဘူး။ ဝမ်းသာလွန်းလို့နေ့တိုင်း ဝမ်းသာလို့မျက်ရည်ကျနေတော့တာပဲ။ ဘာလို့လဲဆို နေ့တိုင်း နေ့တိုင်း အုပ် ၁၀၀ ဝန်းကျင် order ရောက်လာတယ်လေ” လို့ပြောပါတယ်။

စာအုပ်မျက်နှာဖုံးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က သတင်းစာအယ်ဒီတာတစ်ဦးက အခမဲ့ဒီဇိုင်း ရေးဆွဲပေးပါတယ်။

ဆက်လက်ပြီး ၎င်းက “ဝတ္တုမရေးနိုင်တော့တာ ၅ နှစ် ၆ နှစ်လောက်ကြာပြီ။ ဘာလို့လဲဆို စိတ်ပျက်သွားတာလာ စိတ်ကုန်သွားတာလာ ဝတ္တုရေးတဲ့သူအပေါ် သူများရဲ့အမြင်ကိုစိတ်ကုန်တယ်။ ခုတော့ စိတ်ခွန်အားအများကြီးရသွားတယ်။ အစကတည်းက ဝတ္ထုရေးတာကိုပဲနှစ်သက်ခဲ့တယ်။ အခု စာအုပ်မှာတဲ့သူတွေလည်း လူငယ်တွေပဲ လူကြီးပိုင်းမပါဘူး။ လူငယ်တွေက ရသစာပေပေါ် ဘယ်လောက်တန်ဖိုးထားတတ်လာတာလဲဆိုတာ ပေါ်လွင်လာတယ်လေ။ ဝတ္ထုကတော့ ဝယ်ရတာမတန်ဘူး၊ ဘုရားတရားအကြောင်းရေးမှပဲ ဝယ်တော့မယ်ဆိုတာမျိုးမဟုတ်ဘူး။ အခုလို ပရိသတ်အားပေးမှုများလာရင် ကျမရေးပြီးသား ဝတ္ထုတို အပုဒ် ၁၀၀ လောက်ကျန်သေးတယ်။ အဲ့ဒါကို အတွဲ (၂)၊ အတွဲ (၃) ဆိုပြီးဆက်ထုတ်မယ်။ အခုထွက်မယ့်စာအုပ်ထဲမှာ ဝတ္ထုတို ၁၄ ပုဒ်ပါတယ်။ ကျမ အသက် ၁၄ နှစ်တုန်းက ရေးထားတဲ့ ဝတ္ထုတွေလည်းပါမယ်။ ပြီးတော့ အဖေ့ရဲ့ ကဗျာတစ်ပုဒ်လည်း surprise အနေနဲ့ထည့်ထားတယ်” လို့ပြောပါတယ်။

မိုင်ဆော့လှိုင်ပါးရ်ဟာ ၎င်းအသက် (၁၃)နှစ်အရွယ်ကစပြီး စာရေးသားလာခဲ့ရာ အခုဆိုရင် စာရေသက် နှစ် (၃၀) ရှိပါပြီ။
၎င်းရဲ့ ပထမဆုံး လုံးချင်းဝတ္ထုရှည် Ka Lo Duh (ငါမင်းကိုချစ်တယ်)စာအုပ်ကို ၂၀၁၁ ခုနှစ်တွင်စတင်ထုတ်ဝေပြီး Thang sung va (ထောင်ချောက်ထဲကငှက်) စာအုပ်ကို ၂၀၁၂ ခုနှစ်တွင် ထပ်မံထုတ်ဝေနိုင်ခဲ့ပါတယ်။ ယင်းစာအုပ်ကို ဒီဇင်ဘာလ (၁၂)ရက်တွင် ကလေးမြို့မှာ စတင်ဖြန့်ချီတော့မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်