စာသင်ချိန်တိုးမြင့်ပေမယ့် ကလေးမြို့ကိုယ်ပိုင်ကျောင်းနဲ့ဘော်ဒါဆောင်များ ကျောင်းစရိတ်တိုးကောက်မှာမဟုတ်ဟုဆို

အခြေခံပညာကျောင်းသူ၊သားတွေရဲ့ စာမေးပွဲကို ဖေဖော်ဝါရီလမှ မတ်လကုန်သို့တိုးမြှင့်လိုက်ပေမယ့် ကလေးမြို့ရှိ ကိုယ်ပိုင်းကျောင်းနဲ့ ဘော်ဒါဆောင်များ ယခု ပညာသင်နှစ်အတွက် ငွေပိုကောက်မှာမဟုတ်ဘူးလို့ သတင်းရရှိပါတယ်။

တောင်ဇလပ်ရပ်ကွက်မှာရှိတဲ့ Success ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် ဆရာကြီးမန်နိုးဇခ်က “ဒီနှစ်အတွက်တော့ကျောင်းစရိတ်ထပ်တိုး လို့မရတော့ဘူး။ ထပ်တိုးလိုက်ရင်တော့ ကျောင်းသား မိဘတွေက ကတိမတည်သလိုအထင်လွှဲနိုင်တယ်။ နောက်နှစ်ကျောင်းစရိတ်တိုးရင်တော့တစ်မျိုးပေါ့။ ဒါကြောင့် တစ်လအတွက် စားစရိတ်မယူပဲထားရမှာပေါ့။ တစ်နေ့အတွက် တစ်ယောက်စားရိတ်က နှစ်ထောင်လောက်ကျတယ်။ ကျောင်းသားများရင်တော့ ပိုကုန်တာပေါ့။ နောက်နှစ်ဆိုရင်တော့ ကျောင်းစရိတ်ကို အနည်းဆုံး တစ်သိန်းတော့ တိုးဖို့လိုမယ်” လို့ပြောပါတယ်။

Success ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ၈တန်း နဲ့ ၉တန်းကျောင်းသူကျောင်းသား စုစုပေါင်း ၁၅၀ ခန့်ရှိပါတယ်။ ၉တန်းကို တစ်နှစ် ကျောင်းစရိတ် ၉သိန်းဖြစ်ပါတယ်။

တာဟန်းရပ်ကွက်မှာရှိတဲ့ YCW ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် ဆရာကြီးဦးဒါရ်ရိုထန်က “သတ်မှတ်ပြီးသား ပြန်မပြင်တော့ဘူး။ ကျောင်းသားမိဘတွေလည်းအားနာစရာကောင်းတယ်။ တခြားကျောင်းတွေ ဘယ်လိုလုပ်ကြမလဲတော့မသိဘူး။ ကျနော်တို့ကျောင်းကတော့ ကျောင်းစရိတ် တိုးမှာမဟုတ်ဘူး။ နောက်နှစ်လည်း ဒီနှစ် ဈေးနှုန်းအတိုင်းပဲသွားမယ်လို့ဆုံးဖြတ်ထားတယ်။စစ်ကိုင်းတိုင်းကိုယ်ပိုင်အထက်တန်းကျောင်းအဖွဲ့အစည်းရှိ တော့အားလုံးသဘောတူဆုံးဖြတ်ချက်နဲ့ ကျောင်းစရိတ်တိုးမယ်ဆိုရင်တော့တစ်မျိုး မဟုတ်ရင်တော့တိုးယူမှာမဟုတ်ဘူး။ ဆယ်တန်းတွေစာမေးပွဲဖြေတဲ့ချိန်မှာ အငယ်တန်းတွေကို တစ်ပတ်လောက် အိမ်ပြန်ခိုင်းမယ်။ ဆရာဆရာမတွေလည်း ဘယ်သူမှမအားကြဘူး။ စာသင်ချိန်တိုးတာက ကျောင်းသားတွေအတွက် အကျိုးမရှိဘူး။ သင်ရိုးတွေအကုန်လုံးပြီးသွားပြီလေ” လို့ပြောပါတယ်။

၂၀၁၈-၁၉ ပညာသင္ႏွစ္ YCW ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းသူေက်ာင္းသားမ်ားအားေတြ႔ရစဥ္

YCW ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ၅ တန်းမှ ၁၀တန်းအထိရှိပြီး ကျောင်းသူကျောင်းသား စုစုပေါင်း တစ်ထောင်ကျော်ရှိပါတယ်။ ယင်းကျောင်းတွင် ၈ တန်းတစ်နှစ် ကျောင်းစရိတ် (၁၆)သိန်း၊ ၁၀တန်း တစ်နှစ် ကျောင်းစရိတ် (၁၈)သိန်းဖြစ်ပါတယ်။

တောင်ဖီလာရပ်ကွက်မှာရှိတဲ့ Trust ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးဘွဲ့က “နည်းနည်းလေးတော့ တိုးကောက်ဖို့လိုမယ်။ တခြားကျောင်းတွေလည်းတိုးကောက်မယ်လို့ပြောတယ်ဒါပေမယ့် ပြန်မဆုံနိုင်ကြသေးဘူး။ ငါးသောင်းကနေ တစ်သိန်းကြားလောက်ဖြစ်မယ်။ သူငယ်ချင်း ကျောင်းအချို့ကတော့ တိုးကောက်ဖို့ပြောကြတယ်။ သူငယ်ချင်းကျောင်းတွေဖြစ်တဲ့ ယုပညာ၊ မေတ္တာရွှေ ကျောင်းတွေလည်းတိုးကောက်ဖို့ပြောပေမယ့် တကယ်တမ်းတိုးကောက်ဖို့ မဝံ့မရဲဖြစ်နေကြတယ်။ ဒါက အလွတ်သဘောပြောကြတာပါ။ ကျနော့်ကိုယ်ပိုင်သဘောအရဆို တိုးကောက်ဖို့နဲ့ မကောက်ဖို့က ကိုးလိုးကန့်လန့်ဖြစ်နေတယ်။ အစိုးရရဲ့အစီအစဉ်လည်းထပ်ပြောင်းလဲတာလည်းရှိနိုင်တယ်လေ” လို့ပြောပါတယ်။

Trust ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ၉တန်းကျောင်းသူကျောင်းသား စုစုပေါင်း ၁၃၀ ရှိပြီး တစ်နှစ် ကျောင်းစရိတ် ၉သိန်းဖြစ်ပါတယ်။

ရွှေကြာပွင့်ဘော်ဒါဆောင်နဲ့ မိဘမေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းက အုပ်ချုပ်ရေးမှူးတွေကတော့ ဒီနှစ်အတွက် ကျောင်းဝန်ဆောင်စရိတ်တိုးကောက်မှာမဟုတ်ဘူးလို့ဆိုကြပါတယ်။

ကလေးမြို့နယ်တွင် အစိုးရထံမှတ်ပုံတင်ထားတဲ့ ကိုယ်ပိုင်ကျောင်းနဲ့ ဘော်ဒါဆောင် (၁၀၀)ကျော်ရှိပါတယ်။

(Zawgyi)

စာသင္ခ်ိန္တိုးျမင့္ေပမယ့္ ကေလးၿမိဳ႕ကိုယ္ပိုင္ေက်ာင္းနဲ႔ေဘာ္ဒါေဆာင္မ်ား ေက်ာင္းစရိတ္တိုးေကာက္မွာမဟုတ္ဟုဆို

အေျခခံပညာေက်ာင္းသူ၊သားေတြရဲ႕ စာေမးပြဲကို ေဖေဖာ္ဝါရီလမွ မတ္လကုန္သို႔တိုးျမႇင့္လိုက္ေပမယ့္ ကေလးၿမိဳ႕ရွိ ကိုယ္ပိုင္းေက်ာင္းနဲ႔ ေဘာ္ဒါေဆာင္မ်ား ယခု ပညာသင္ႏွစ္အတြက္ ေငြပိုေကာက္မွာမဟုတ္ဘူးလို႔ သတင္းရရွိပါတယ္။

ေတာင္ဇလပ္ရပ္ကြက္မွာရွိတဲ့ Success ကိုယ္ပိုင္အထက္တန္းေက်ာင္းအုပ္ ဆရာႀကီးမန္ႏိုးဇခ္က “ဒီႏွစ္အတြက္ေတာ့ေက်ာင္းစရိတ္ထပ္တိုး လို႔မရေတာ့ဘူး။ ထပ္တိုးလိုက္ရင္ေတာ့ ေက်ာင္းသား မိဘေတြက ကတိမတည္သလိုအထင္လႊဲႏိုင္တယ္။ ေနာက္ႏွစ္ေက်ာင္းစရိတ္တိုးရင္ေတာ့တစ္မ်ိဳးေပါ့။ ဒါေၾကာင့္ တစ္လအတြက္ စားစရိတ္မယူပဲထားရမွာေပါ့။ တစ္ေန႔အတြက္ တစ္ေယာက္စားရိတ္က ႏွစ္ေထာင္ေလာက္က်တယ္။ ေက်ာင္းသားမ်ားရင္ေတာ့ ပိုကုန္တာေပါ့။ ေနာက္ႏွစ္ဆိုရင္ေတာ့ ေက်ာင္းစရိတ္ကို အနည္းဆုံး တစ္သိန္းေတာ့ တိုးဖို႔လိုမယ္” လို႔ေျပာပါတယ္။

Success ကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ ၈တန္း နဲ႔ ၉တန္းေက်ာင္းသူေက်ာင္းသား စုစုေပါင္း ၁၅၀ ခန႔္ရွိပါတယ္။ ၉တန္းကို တစ္ႏွစ္ ေက်ာင္းစရိတ္ ၉သိန္းျဖစ္ပါတယ္။

တာဟန္းရပ္ကြက္မွာရွိတဲ့ YCW ကိုယ္ပိုင္အထက္တန္းေက်ာင္းအုပ္ ဆရာႀကီးဦးဒါရ္႐ိုထန္က “သတ္မွတ္ၿပီးသား ျပန္မျပင္ေတာ့ဘူး။ ေက်ာင္းသားမိဘေတြလည္းအားနာစရာေကာင္းတယ္။ တျခားေက်ာင္းေတြ ဘယ္လိုလုပ္ၾကမလဲေတာ့မသိဘူး။ က်ေနာ္တို႔ေက်ာင္းကေတာ့ ေက်ာင္းစရိတ္ တိုးမွာမဟုတ္ဘူး။ ေနာက္ႏွစ္လည္း ဒီႏွစ္ ေဈးႏႈန္းအတိုင္းပဲသြားမယ္လို႔ဆုံးျဖတ္ထားတယ္။စစ္ကိုင္းတိုင္းကိုယ္ပိုင္အထက္တန္းေက်ာင္းအဖြဲ႕အစည္းရွိ ေတာ့အားလုံးသေဘာတူဆုံးျဖတ္ခ်က္နဲ႔ ေက်ာင္းစရိတ္တိုးမယ္ဆိုရင္ေတာ့တစ္မ်ိဳး မဟုတ္ရင္ေတာ့တိုးယူမွာမဟုတ္ဘူး။ ဆယ္တန္းေတြစာေမးပြဲေျဖတဲ့ခ်ိန္မွာ အငယ္တန္းေတြကို တစ္ပတ္ေလာက္ အိမ္ျပန္ခိုင္းမယ္။ ဆရာဆရာမေတြလည္း ဘယ္သူမွမအားၾကဘူး။ စာသင္ခ်ိန္တိုးတာက ေက်ာင္းသားေတြအတြက္ အက်ိဳးမရွိဘူး။ သင္႐ိုးေတြအကုန္လုံးၿပီးသြားၿပီေလ” လို႔ေျပာပါတယ္။

YCW ကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ ၅ တန္းမွ ၁၀တန္းအထိရွိၿပီး ေက်ာင္းသူေက်ာင္းသား စုစုေပါင္း တစ္ေထာင္ေက်ာ္ရွိပါတယ္။ ယင္းေက်ာင္းတြင္ ၈ တန္းတစ္ႏွစ္ ေက်ာင္းစရိတ္ (၁၆)သိန္း၊ ၁၀တန္း တစ္ႏွစ္ ေက်ာင္းစရိတ္ (၁၈)သိန္းျဖစ္ပါတယ္။

ေတာင္ဖီလာရပ္ကြက္မွာရွိတဲ့ Trust ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ ဆရာႀကီးဘြဲ႕က “နည္းနည္းေလးေတာ့ တိုးေကာက္ဖို႔လိုမယ္။ တျခားေက်ာင္းေတြလည္းတိုးေကာက္မယ္လို႔ေျပာတယ္ဒါေပမယ့္ ျပန္မဆုံႏိုင္ၾကေသးဘူး။ ငါးေသာင္းကေန တစ္သိန္းၾကားေလာက္ျဖစ္မယ္။ သူငယ္ခ်င္း ေက်ာင္းအခ်ိဳ႕ကေတာ့ တိုးေကာက္ဖို႔ေျပာၾကတယ္။ သူငယ္ခ်င္းေက်ာင္းေတြျဖစ္တဲ့ ယုပညာ၊ ေမတၱာေ႐ႊ ေက်ာင္းေတြလည္းတိုးေကာက္ဖို႔ေျပာေပမယ့္ တကယ္တမ္းတိုးေကာက္ဖို႔ မဝံ့မရဲျဖစ္ေနၾကတယ္။ ဒါက အလြတ္သေဘာေျပာၾကတာပါ။ က်ေနာ့္ကိုယ္ပိုင္သေဘာအရဆို တိုးေကာက္ဖို႔နဲ႔ မေကာက္ဖို႔က ကိုးလိုးကန႔္လန႔္ျဖစ္ေနတယ္။ အစိုးရရဲ႕အစီအစဥ္လည္းထပ္ေျပာင္းလဲတာလည္းရွိႏိုင္တယ္ေလ” လို႔ေျပာပါတယ္။

Trust ကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ ၉တန္းေက်ာင္းသူေက်ာင္းသား စုစုေပါင္း ၁၃၀ ရွိၿပီး တစ္ႏွစ္ ေက်ာင္းစရိတ္ ၉သိန္းျဖစ္ပါတယ္။

ေ႐ႊၾကာပြင့္ေဘာ္ဒါေဆာင္နဲ႔ မိဘေမတၱာကိုယ္ပိုင္အထက္တန္းေက်ာင္းက အုပ္ခ်ဳပ္ေရးမႉးေတြကေတာ့ ဒီႏွစ္အတြက္ ေက်ာင္းဝန္ေဆာင္စရိတ္တိုးေကာက္မွာမဟုတ္ဘူးလို႔ဆိုၾကပါတယ္။

ကေလးၿမိဳ႕နယ္တြင္ အစိုးရထံမွတ္ပံုတင္ထားတဲ့ ကိုယ္ပိုင္ေက်ာင္းနဲ႔ ေဘာ္ဒါေဆာင္ (၁၀၀)ေက်ာ္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်