စေတီထဲထည့်မယ့် ရွှေငွေများ၊ စစ်ဘေးရှောင် ပြည်သူများရဲ့ တန်ဖိုးကြီးပစ္စည်းများကို စစ်ကောင်စီတပ် လုယူ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ သုံးရွာမှဘုန်းကြီးကျောင်း သုံးကျောင်းမှာ ပြည်သူတွေလှူဒါန်းထားတဲ့ ရွှေငွေ ၊ တန်းဖိုးကြီးပစ္စည်းများနဲ့အတူ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူများ ကိုယ်နှင့်မကွာ သိမ်းဆည်းထားသည့် ရွှေ၊ငွေ ၊ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုယူသွားတယ်လို့ ဒေသခံ ဆရာတော်တစ်ပါးကမိန့်ကြားပါတယ်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ဂန့်ဂေါမြို့နယ် မြစ်သာဆည်မှ အင်အား အယောက် ၇၀ ဖြင့် စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်က ပနန်းရွာ၊ စပယ်ရွာသို့ ဝင်ရောက်ပြီး တအိမ်တက် တအိမ်ဆင်းပြီး ရွှေဆွဲကြိုး ၊ ငွေသားများ ယူဆောင်ပြီး စင်ပုံရွာဘုန်းကြီးကျောင်းရှိ ရန်ပုံငွေများနှင့် လှူဒါန်းငွေများကို ယူဆောင်ပြီး တပ်ဆွဲနေထိုင်ခဲ့ကြပါတယ်။

ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကားလမ်းတဖက်မှာရှိတဲ့ စပယ်ကျေးရွာသို့ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေကြတဲ့ ပြည်သူများထံမှ ရွှေ ငွေ နဲ့ ဘုန်းကြီးကျောင်းက စေတီထဲထည့်မယ့် ဌာပနာပစ္စည်းများ ရွှေငွေတန်ဖိုးကြီးပစ္စည်းများကိုယူဆောင်သွားကြောင်း သိရတယ်။

စပယ်ကျေးရွာတွင် ဒေသခံပြည်သူ့များ၏ တန်ဖိုးကြီးပစ္စည်းများကို လုယက်ပြီးနောက် စစ်ကောင်စီတပ်က ပနန်းကျေးရွာသို့ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းအတွင်းရှိ ဒေသခံပြည်သူ့ များ၏ ရွှေငွေများနှင့်ဆိုင်ကယ် အစီး ၂၀ ကျော်ကို မီးရှို့သွားကြတယ်လို့သိရတယ်။

စစ်ကောင်စီတပ်သားတွေက ဒေသခံရွာသားတွေကို ပစ္စည်းတွေ မထုတ်ပေးရင် အိမ်တွေကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ကြတယ်လို့ ပြောပါတယ်။

ပနန်း၊ စင်ပုံ၊ စပယ် ၊ယင်းမာကျေးရွာဒေသခံတွေဟာ ဧပြီလတွင်တစ်ကြိမ်၊ မေလကုန်ပိုင်းက လေကြောင်းလို့ပစ်ခတ်လို့တစ်ကြီး အခုဇွန်လတွင်တစ်ကြိမ် ထွက်ပြေးခဲ့ရပြီး ရွာထဲမှာ ဘယ်သူမှမနေရဲကြတော့ဘူးလို့လည်းသိရတယ်။

Zawgyi

ေစတီထဲထည့္မယ့္ ေ႐ႊေငြမ်ား၊ စစ္ေဘးေရွာင္ ျပည္သူမ်ားရဲ႕ တန္ဖိုးႀကီးပစၥည္းမ်ားကို စစ္ေကာင္စီတပ္ လုယူ

မေကြးတိုင္းေဒသႀကီး ဂန႔္ေဂါၿမိဳ႕နယ္ရွိ ေက်း႐ြာ သုံး႐ြာမွဘုန္းႀကီးေက်ာင္း သုံးေက်ာင္းမွာ ျပည္သူေတြလႉဒါန္းထားတဲ့ ေ႐ႊေငြ ၊ တန္းဖိုးႀကီးပစၥည္းမ်ားနဲ႔အတူ စစ္ေဘးေရွာင္ေနၾကတဲ့ ေဒသခံျပည္သူမ်ား ကိုယ္ႏွင့္မကြာ သိမ္းဆည္းထားသည့္ ေ႐ႊ၊ေငြ ၊ လက္ကိုင္ဖုန္းႏွင့္ ဆိုင္ကယ္မ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား လုယူသြားတယ္လို႔ ေဒသခံ ဆရာေတာ္တစ္ပါးကမိန႔္ၾကားပါတယ္။

ဇြန္လ ၁၉ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္ခန႔္တြင္ ဂန႔္ေဂါၿမိဳ႕နယ္ ျမစ္သာဆည္မွ အင္အား အေယာက္ ၇၀ ျဖင့္ စစ္ေၾကာင္းထြက္လာတဲ့ စစ္ေကာင္စီတပ္က ပနန္း႐ြာ၊ စပယ္႐ြာသို႔ ဝင္ေရာက္ၿပီး တအိမ္တက္ တအိမ္ဆင္းၿပီး ေ႐ႊဆြဲႀကိဳး ၊ ေငြသားမ်ား ယူေဆာင္ၿပီး စင္ပုံ႐ြာဘုန္းႀကီးေက်ာင္းရွိ ရန္ပုံေငြမ်ားႏွင့္ လႉဒါန္းေငြမ်ားကို ယူေဆာင္ၿပီး တပ္ဆြဲေနထိုင္ခဲ့ၾကပါတယ္။

ဇြန္လ ၂၀ ရက္ေန႔ နံနက္ပိုင္းအခ်ိန္တြင္ ကားလမ္းတဖက္မွာရွိတဲ့ စပယ္ေက်း႐ြာသို႔ ဝင္ေရာက္လာၿပီး ဘုန္းႀကီးေက်ာင္းတြင္ စစ္ေဘးေရွာင္ေနၾကတဲ့ ျပည္သူမ်ားထံမွ ေ႐ႊ ေငြ နဲ႔ ဘုန္းႀကီးေက်ာင္းက ေစတီထဲထည့္မယ့္ ဌာပနာပစၥည္းမ်ား ေ႐ႊေငြတန္ဖိုးႀကီးပစၥည္းမ်ားကိုယူေဆာင္သြားေၾကာင္း သိရတယ္။

စပယ္ေက်း႐ြာတြင္ ေဒသခံျပည္သူ႔မ်ား၏ တန္ဖိုးႀကီးပစၥည္းမ်ားကို လုယက္ၿပီးေနာက္ စစ္ေကာင္စီတပ္က ပနန္းေက်း႐ြာသို႔ ဝင္ေရာက္လာၿပီး ဘုန္းႀကီးေက်ာင္းအတြင္းရွိ ေဒသခံျပည္သူ႔ မ်ား၏ ေ႐ႊေငြမ်ားႏွင့္ဆိုင္ကယ္ အစီး ၂၀ ေက်ာ္ကို မီးရႈိ႕သြားၾကတယ္လို႔သိရတယ္။

စစ္ေကာင္စီတပ္သားေတြက ေဒသခံ႐ြာသားေတြကို ပစၥည္းေတြ မထုတ္ေပးရင္ အိမ္ေတြကို မီးရႈိ႕ပစ္မယ္လို႔ ၿခိမ္းေျခာက္ၾကတယ္လို႔ ေျပာပါတယ္။

ပနန္း၊ စင္ပုံ၊ စပယ္ ၊ယင္းမာေက်း႐ြာေဒသခံေတြဟာ ဧၿပီလတြင္တစ္ႀကိမ္၊ ေမလကုန္ပိုင္းက ေလေၾကာင္းလို႔ပစ္ခတ္လို႔တစ္ႀကီး အခုဇြန္လတြင္တစ္ႀကိမ္ ထြက္ေျပးခဲ့ရၿပီး ႐ြာထဲမွာ ဘယ္သူမွမေနရဲၾကေတာ့ဘူးလို႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်