စံချိန်တင် ကိုဗစ်ပိုးကူးစက်မှုကြောင့် တစ်ပတ်ကြာ တမူးမြို့ကို Lockdown ချမယ်

အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မနေ့က စံချိန်တင် ကိုဗစ်ရောဂါပိုးတွေ့ရှိတာကြောင့် ဇန်နဝါရီလ ၂၅ ရက် နေ့လည် ၁၂ နာရီကနေ ၃၁ ရက် ညနေ ၆ နာရီထိ တစ်မြို့လုံး အဝင်၊ အထွက်ပိတ်ပင်ကန့်သတ်ထားတယ်လို့ ယနေ့နေ့လည်ပိုင်းက မြို့တွင်းမီးသတ်ကားနဲ့ကြေညာသွားပါတယ်။

မနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် တမူးမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့လူနာသစ် ၅၉ ဦးတွေ့ရှိပြီးနောက် အခုလို Lockdown ချလိုက်တာဖြစ်ပါတယ်။

တမူးမြို့မှာနေထိုင်တဲ့ပြည်သူတစ်ဦးက “မီးသတ်ကားနဲ့ မြို့ထဲမှာဒီနေ့ကြေညာသွားတယ်။ မြို့ထဲကို ဘယ်ကားမှဝင်လို့မရဘူး။ မြို့ထဲကနေလည်း ထွက်လို့မရဘူး။ အရေးပေါ်မြို့ပြင်ထွက်မယ်ဆို မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာယူရမယ်။ ခုတလော အိန္ဒိယဘက် မိုးလေးနဲ့ တမူးမြို့ရဲ့အခြေအနေက အားလုံးလိုလို ချောင်းဆိုး၊ နှာစေး၊ ဖျားနာ၊ ကိုယ်လက်ကိုက်ခဲ၊ အအေးမိ တအားများတယ်။ ဆေးရုံမှာလည်း ဆရာဝန်တွေ အချိန်ပြည့်မရှိ၊ သူနာပြုလည်း မလောက်တော့ အားကိုးလို့မရ။ ကိုယ့်အိမ်မှာပဲ ကိုယ့်ဘာသာကုသနေရတယ်” လို့ပြောပါတယ်။

တမူးမြို့ဟာ ဇန်နဝါရီလ ၁၃ ရက်ကစပြီး ကိုဗစ်လူနာသစ် တစ်ဦး ပြန်လည်တွေ့ရှိပြီးနောက် နေ့တိုင်းလိုလို ကိုဗစ်လူနာသစ်တွေ့ကြပါတယ်။ ဇန်နဝါရီ ၂၄ ရက်ကလည်း တမူး အ.ထ.က ၂ ကျောင်းက ဆရာ၊မ နဲ့ ကျောင်းသူ၊သား ၅၃ ဦးထံ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိတယ်လို့သိရတယ်။

တမူးမြို့နဲ့ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးလေးမြို့မှာလည်း ကိုဗစ်ရောဂါကူးစက်မှုများပြားနေတယ်လို့သိရတယ်။

Zawgyi

စံခ်ိန္တင္ ကိုဗစ္ပိုးကူးစက္မႈေၾကာင့္ တစ္ပတ္ၾကာ တမူးၿမိဳ႕ကို Lockdown ခ်မယ္

အိႏိၵယနယ္စပ္ စစ္ကိုင္းတုိင္းေဒသၾကီး၊ တမူးၿမိဳ႕တြင္ မေန႔က စံခ်ိန္တင္ ကိုဗစ္ေရာဂါပိုးေတြ႔ရွိတာေၾကာင့္ ဇန္နဝါရီလ ၂၅ ရက္ ေန႔လည္ ၁၂ နာရီကေန ၃၁ ရက္ ညေန ၆ နာရီထိ တစ္ၿမိဳ႕လံုး အဝင္၊ အထြက္ပိတ္ပင္ကန္႔သတ္ထားတယ္လုိ႔ ယေန႔ေန႔လည္ပိုင္းက ၿမိဳ႕တြင္းမီးသတ္ကားနဲ႔ေၾကညာသြားပါတယ္။

မေန႔ ဇန္နဝါရီလ ၂၄ ရက္တြင္ တမူးၿမိဳ႕မွာ ကိုဗစ္ေရာဂါပိုးေတြ႔လူနာသစ္ ၅၉ ဦးေတြ႔ရွိၿပီးေနာက္ အခုလို Lockdown ခ်လိုက္တာျဖစ္ပါတယ္။

တမူးၿမိဳ႕မွာေနထုိင္တဲ့ျပည္သူတစ္ဦးက “မီးသတ္ကားနဲ႔ ၿမိဳ႕ထဲမွာဒီေန႔ေၾကညာသြားတယ္။ ၿမိဳ႕ထဲကို ဘယ္ကားမွဝင္လို႔မရဘူး။ ၿမိဳ႕ထဲကေနလည္း ထြက္လို႔မရဘူး။ အေရးေပၚၿမိဳ႕ျပင္ထြက္မယ္ဆို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရဲ႕ ေထာက္ခံစာယူရမယ္။ ခုတေလာ အိႏိၵယဘက္ မိုးေလးနဲ႔ တမူးၿမိဳ႕ရဲ႕အေျခအေနက အားလံုးလိုလို ေခ်ာင္းဆိုး၊ ႏွာေစး၊ ဖ်ားနာ၊ ကိုယ္လက္ကိုက္ခဲ၊ အေအးမိ တအားမ်ားတယ္။ ေဆးရံုမွာလည္း ဆရာဝန္ေတြ အခ်ိန္ျပည့္မရွိ၊ သူနာျပဳလည္း မေလာက္ေတာ့ အားကိုးလို႔မရ။ ကိုယ့္အိမ္မွာပဲ ကိုယ့္ဘာသာကုသေနရတယ္” လုိ႔ေျပာပါတယ္။

တမူးၿမိဳ႕ဟာ ဇန္နဝါရီလ ၁၃ ရက္ကစၿပီး ကိုဗစ္လူနာသစ္ တစ္ဦး ျပန္လည္ေတြ႔ရွိၿပီးေနာက္ ေန႔တုိင္းလုိလုိ ကိုဗစ္လူနာသစ္ေတြ႔ၾကပါတယ္။ ဇန္နဝါရီ ၂၄ ရက္ကလည္း တမူး အ.ထ.က ၂ ေက်ာင္းက ဆရာ၊မ နဲ႔ ေက်ာင္းသူ၊သား ၅၃ ဦးထံ ကိုဗစ္ပိုးစစ္ေဆးေတြ႔ရွိတယ္လုိ႔သိရတယ္။

တမူးၿမိဳ႕နဲ႔ထိစပ္ေနတဲ့ အိႏိၵယႏိုင္ငံ မဏိပူရ္ျပည္နယ္ မိုးေလးၿမိဳ႕မွာလည္း ကိုဗစ္ေရာဂါကူးစက္မႈမ်ားျပားေနတယ္လို႔သိရတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်