ဆမီးနှင့် ပလက်ဝမြို့တွင် ကြွက်ပေါသောကြောင့် တောင်သူများဆုံးရှုံးမှုကြီးမားစွာဖြစ်ပေါ်နေ

ချင်းပြည်နယ်တောင်ပိုင်းက မြို့များဖြစ်တဲ့ ဆမီးမြို့နှင့် ပလက်ဝမြို့မှာတော့ ယခုနှစ်တွင် နောက်ထပ် ဝါးတစ်မျိုး အသီးသီးသောကြောင့် ကြွက်များပေါ်ပြီး တစ်ချို့သော နေရာများတွင် စပါးရိတ်စရာ မကျန်သည့်အထိ ကြွက်များ သောင်းကြန်းခဲ့ကြောင်း သိရပါတယ်။

“ကြွက်ပေါတော့ ဆမီးနှင့် ပလက်ဝမြို့နယ်အများစုက တောင်သူတွေကတော့ ဒီနှစ် စပါးတော်တော် အရှုံးပေါ်နေတယ်။ တစ်ချို့က တင်း ၁၀၀ ခန့်မှန်းထားပေမယ့် ၁၀ တင်းလောက်ပဲ ရတဲ့ လူတွေလည်းရှိတယ်။ တစ်ချို့ကတော့ တောင်ယာတစ်ခုလုံး စပါးရိတ်လို့ မရတော့တဲ့ အခြေအနေနဲ့ကြုံရတာတယ်။ အများစုကတော့ စပါးကို အပြည့်အဝရိတ်လို့ မရတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းတွင် လွန်ခဲ့သော ၂၀၁၀ ခုနှစ်တွင်လည်း ဝါးသီးခဲ့ရာ ကြွက်များ အလွန်ပေါခဲ့ပြီး တောင်သူများစွာ စပါးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဝါးဟာ အများအားဖြင့် အနှစ် ၅၀ တွင် တစ်ကြိမ် သီးပြီး မျိုးသုဉ်းတက်ပြီး ထိုကဲ့သို့ဝါးသီးချိန်တွင် ကြွက်လည်း အုပ်စုအလိုက်ပေါ်လာတာဖြစ်ပြီး တောင်သူများ၏ စိုက်ပျိုးခင်းများကို ဖျက်စီးကြတာဖြစ်ပါတယ်။ အခုသီးသော ဝါးဟာ ၂၀၁၀ တွင်သီးခဲ့သော ဝါးနဲ့ မတူပဲ နောက်တစ်မျိုးဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

ကြွက်များကြောင့် စပါးခင်းများ ဖျက်စီးသောကြောင့် တောင်သူများကတော့ ယခုနှစ်တွင် သူတို့ရိတ်ထားသော စပါးဟာ တစ်နှစ်အတွက် လုံလောက်မှာမဟုတ်ကြောင်းလည်း ဆိုကြပါတယ်။ ထို့ကြောင့် တောင်သူများဟာ အကူအညီရရှိရန် အစိုးရနှင့် NGO အဖွဲ့အစည်းများထံ အကူအညီတောင်းထားကြောင်း၊ အကူအညီမရပါက ယခုနှစ်အတွင်း ထမင်းငတ်မည့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်