တစ်နေ့ ဝဥအစိုတန်(၂၀)ကျ အခြောက်ခံစက်ရုံ တစ်ရုံ ကန်ပက်လက်မှာ တည်ဆောက်မယ်

အရည်အသွေးမြင့် ဝဥ ပြည်ပတင်ပို့နိုင်ရန်  တစ်နေ့လျှင်ဝဥကုန်အစိုတန်(၂၀)ကျ အခြောက်ခံစက်ရုံ တစ်ရုံကို လာမယ့်နှစ် ၂၀၁၉ ခုနှစ်မှာ တည်ဆောက်မယ်လို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

ဇူလိုင်လ (၂၄)ရက်မှာကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်က ဂျပန်နဲ့ တရုတ်နိုင်ငံတို့မှ ဝယ်လိုအား ကောင်းသော ချင်းပြည်နယ်ထွက် ဝဥ (ခေါ်) ဖျံဥ ကို အရည်အသွေးမြင့် နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  အခုလိုပြန်လည်ဖြေကြားတာပါ။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးကပြန်လည်ဖြေကြားစဉ်

 

ဒုတိယဝန်ကြီး ဦးအောင်ထူးက “ချင်းပြည်နယ်ထွက် ဝဥများကို အရည်အသွေးမြင့် ပြည်ပတင်ပို့နိုင်ရန်အတွက် ကန်ပက်လက်မြို့နယ်ရှိ Victory Garden ကုမ္မဏီရဲ့ ကန်ပုလဲစက်ရုံက ဝဥအခြောက်ခံစက်ကို ယခုနှစ်တွင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဝဥ ဆေးကြောခြင်း၊ ပါးပါးလှီးဖြတ်ခြင်း၊ အခြောက်ခံခြင်းကို စက်ဖြစ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေမှာ လျှပ်စစ်မီးမလုံလောက်၍ နေရောင်ခြည်သုံးအခြောက်ခံစက်နဲ့ အခြောက်ခံလျက်ရှိပါတယ်။ အခြောက်ခံစက်လုံလောက်မှုရှိစေရန် တစ်နေ့ ကုန်အစို (၂၀)တန်ကျ အခြောက်ခံစက် ရုံတစ်ရုံကို လာမည့်နှစ်တွင် တည်ဆောက်ရန်ဆောင်ရွက်လျက်ရှိပါတယ်။ စက်ဖြင့် အခြောက်ခံဆောင်ရွက်ခြင်းဟာ ဝဥအခြောက်ရဲ့  Glucomannan  ဓာတ်ပါဝင်မှုကို လေးထောင်မှ နှစ်သောင်းအထိ  တိုးတက်ပါဝင်လာနိုင်တဲ့ အတွက် ဈေးနှုန်းမှာလည်း လက်ရှိဈေးထက် တစ်ဆခွဲခန့် ပိုမိုရရှိစေမှာ ဖြစ်ပါတယ်”လို့ပြောပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ဝဥ အခြောက်များကို ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် စင်္ကာပူနိုင်ငံများသို့ ပင်လယ်ရေကြောင်း မှလည်းကောင်း၊ ဝဥ (အမှုန့်)ကို ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် UAE နိုင်ငံများသို့ လည်းကောင်း၊ ဝဥ အစို၊ အခြောက်နှင့် အမှုန့်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် လည်းကောင်း တင်ပို့လျက်ရှိပါတယ်။

ပြည်ပသို့ နှစ်စဉ် ဝဥတင်ပို့သည့် စာရင်း

ဝဥ အစို၊အခြာက်၊ အမှုန့်ကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ငါးထောင်ကျော်တင်ပို့ပြီး ယခုနှစ် ဇူလိုင် (၇)ရက်ထိ တန်ချိန် (၁၉၁)သာတင်ပို့နိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်