တမူးမြို့တွင် ပျူစောထီးအဖွဲ့က အရပ်သားတစ်ဦးကို အကြောင်းမဲ့ပစ်သတ်

တမူးမြို့၊ မြို့မ ၁၂/ခ ရပ်ကွက် ပါဟဲတံတားအနီးမှာ ဂိတ်ထိုးထားတဲ့ ပျူစောထီးတွေက ဂိတ်ရှေ့မှာ မရပ်လို့ဆိုကာ ဇွန် ၁၉ ရက် မနက် ၇ နာရီလောက်က အသက် ၆၀ ဝန်းကျင်တွင် ဦးဝင်းသင့် (ခ) ဦးရှည်ကြီးကို အနောက်ဘက်ကနေ ပစ်သတ်သွားကြတယ်လို့ သတင်းရရှိပါတယ်။

ဦးဝင်းသင့်ဟာ မြို့မ ၁၂/ခ ရပ်ကွက်မှာ နေထိုင်ပြီးဖြစ်ကာ သုံးဘီးမောင်းနှင်သူဖြစ်ပါတယ်။ ဦးဝင်းသင့်ရဲ့သုံးဘီးဟာ ပျူစောထီးဂိတ်ရှေ့မှာမရပ်လို့ တို့က ဆိုင်ကယ်နဲ့လိုက်ကာ သေနတ်နဲ့ ၅ ချက်ပစ်ကြတယ်လို့လည်းသိရတယ်။

အဲ့ဒီဂိတ်ကနေ ပျူစောထီးတွေက ဂိတ်ရှေ့မရပ်ပေးလို့ဆိုကာ အရပ်သားပြည်သူ ၄ ယောက်ကို ပစ်သတ်ကြပြီလို့လည်းသိရတယ်။

Zawgyi

တမူးၿမိဳ႕တြင္ ပ်ဴေစာထီးအဖြဲ႕က အရပ္သားတစ္ဦးကို အေၾကာင္းမဲ့ပစ္သတ္

တမူးၿမိဳ႕၊ ၿမိဳ႕မ ၁၂/ခ ရပ္ကြက္ ပါဟဲတံတားအနီးမွာ ဂိတ္ထိုးထားတဲ့ ပ်ဴေစာထီးေတြက ဂိတ္ေရွ႕မွာ မရပ္လို႔ဆိုကာ ဇြန္ ၁၉ ရက္ မနက္ ၇ နာရီေလာက္က အသက္ ၆၀ ဝန္းက်င္တြင္ ဦးဝင္းသင့္ (ခ) ဦးရွည္ၾကီးကို အေနာက္ဘက္ကေန ပစ္သတ္သြားၾကတယ္လို႔ သတင္းရရွိပါတယ္။

ဦးဝင္းသင့္ဟာ ၿမိဳ႕မ ၁၂/ခ ရပ္ကြက္မွာ ေနထိုင္ၿပီးျဖစ္ကာ သုံးဘီးေမာင္းႏွင္သူျဖစ္ပါတယ္။ ဦးဝင္းသင့္ရဲ႕သုံးဘီးဟာ ပ်ဴေစာထီးဂိတ္ေရွ႕မွာမရပ္လို႔ တို႔က ဆိုင္ကယ္နဲ႔လိုက္ကာ ေသနတ္နဲ႔ ၅ ခ်က္ပစ္ၾကတယ္လို႔လည္းသိရတယ္။

အဲ့ဒီဂိတ္ကေန ပ်ဴေစာထီးေတြက ဂိတ္ေရွ႕မရပ္ေပးလို႔ဆိုကာ အရပ္သားျပည္သူ ၄ ေယာက္ကို ပစ္သတ္ၾကၿပီလို႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်