တမူးမြို့တွင် လွှတ်တော်အမတ်နေအိမ်အပါအဝင် အိမ် ၈ လုံးချိတ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်က လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ ဆန္ဒပြခေါင်းဆောင် ၂ ဦး၊ ပရဟိတခေါင်းဆောင်နဲ့ PDF တို့ရဲ့ အိမ် ၈ လုံးကို ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်က ချိတ်ပိတ်ထားကြတယ်လို့သတင်းရရှိပါတယ်။

ချိတ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှင်တွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း နေအိမ်၊ တိုင်းဒေသကြီး-၁ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး နေအိမ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေး နေအိမ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်လတ် နေအိမ်၊ ဆန္ဒပြခေါင်းဆောင် ကိုယဉ်ကိုဦး နေအိမ်၊ ဆန္ဒပြခေါင်းဆောင် ကို ကဘော်ဆုသန်း နေအိမ်၊ ပရဟိတခေါင်းဆောင် ကိုမင်းဗိုလ်နေအိမ် နဲ့ PDF တပ်က ကိုအောင်ဖြိုးကြွယ် နေအိမ်တို့ဖြစ်ပါတယ်။

ချိတ်ပိတ်ခံရတဲ့အိမ်ရှေ့မှာ ဗီနိုင်းအနီရောင်ကပ်ထားပြီး အခုလိုစာရေးထားပါတယ်။ ဤအဆောက်အဦးနှင့် မြေနေရာသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ/ ရောင်းချခြင်း/ ရောင်းဝယ်ခြင်းမပြုလုပ်ရ လို့ရေးထားတဲ့စာကို ကပ်ထားပါတယ်။

Zawgyi

တမူးၿမိဳ႕တြင္ လႊတ္ေတာ္အမတ္ေနအိမ္အပါအဝင္ အိမ္ ၈ လုံးခ်ိတ္ပိတ္ခံရ

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕မွာ အာဏာသိမ္းစစ္ေကာင္စီတပ္က လႊတ္ေတာ္ကိုယ္စားလွယ္ ၄ ဦး၊ ဆႏၵျပေခါင္းေဆာင္ ၂ ဦး၊ ပရဟိတေခါင္းေဆာင္နဲ႔ PDF တို႔ရဲ့ အိမ္ ၈ လုံးကို ဒီကေန႔ ဇန္နဝါရီလ ၁၉ ရက္က ခ်ိတ္ပိတ္ထားၾကတယ္လို႔သတင္းရရွိပါတယ္။

ခ်ိတ္ပိတ္ခံရတဲ့ အိမ္ပိုင္ရွင္ေတြကေတာ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးနိုင္နိုင္ဝင္း ေနအိမ္၊ တိုင္းေဒသႀကီး-၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္နိုင္ဦး ေနအိမ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထန္ေဆး ေနအိမ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေမာင္ေမာင္လတ္ ေနအိမ္၊ ဆႏၵျပေခါင္းေဆာင္ ကိုယဥ္ကိုဦး ေနအိမ္၊ ဆႏၵျပေခါင္းေဆာင္ ကို ကေဘာ္ဆုသန္း ေနအိမ္၊ ပရဟိတေခါင္းေဆာင္ ကိုမင္းဗိုလ္ေနအိမ္ နဲ႔ PDF တပ္က ကိုေအာင္ၿဖိဳးႂကြယ္ ေနအိမ္တို႔ျဖစ္ပါတယ္။

ခ်ိတ္ပိတ္ခံရတဲ့အိမ္ေရွ႕မွာ ဗီနိုင္းအနီေရာင္ကပ္ထားၿပီး အခုလိုစာေရးထားပါတယ္။ ဤအေဆာက္အဦးႏွင့္ ေျမေနရာသည္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ဆက္စပ္ေနသျဖင့္ နိုင္ငံေတာ္ပိုင္သိမ္းမည္ျဖစ္ေသာေၾကာင့္ မက်ဴးေက်ာ္ရ/ ေရာင္းခ်ျခင္း/ ေရာင္းဝယ္ျခင္းမျပဳလုပ္ရ လို႔ေရးထားတဲ့စာကို ကပ္ထားပါတယ္။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်