တမူးမြို့နယ်က ရဲဘက်စခန်းကိုဝင်တိုက်ရာ ထောင်မှူးလင်မယားအပါအဝင် ၄ယောက်မကသေဆုံးပြီး PDF ၂ ယောက်ကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အုတ်ဖိုကန်ဘောင် အကျဉ်းရဲဘက်စခန်းကို ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက် ၅ နာရီတွင် PDF-Tamu တပ်ရင်း-၁ တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ရာ ထောင်မှူး ဦးအောင်ကျော်ဆန်း၊ ထောင်မှူးဇနီး အပါအဝင် ၄ ယောက်မက ့သေဆုံးသွားတယ်လို့ PDF-Tamu တပ်ရင်း-၁ထံကသတင်းရရှိထားပါတယ်။

PDF-Tamu တပ်ရင်း-၁ ဘက်က ရဲဘော် ၂ ယောက်ကျဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိကာ သေနတ် ၃ လက်ကျန်ရစ်ခဲ့တယ်လို့သိရတယ်။

PDF-Tamu တပ်ရင်း-၁ က တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက “ပထမဆုံး ထောင်မှူးအိမ်ကို ဝင်စီးပြီး ထောင်မှူးကို သေနတ်ထောက်ပြီးမှ လက်အောက်ငယ်သားကို လက်နက်ချဖို့စည်းရုံးတယ်။ လက်နက်ချပေးပါ။ ခင်ဗျားတို့ကိုဘာမှမလုပ်ဘူး။ ကျနော်တို့လိုချင်တာရရင် ပြန်ထွက်သွားမယ်လို့ပြောတဲ့ချိန်မှာ ရဲဘော်တွေကတော့ လက်နက်ချဖို့ထွက်လာကြတယ်။ အဲ့ချိန်မှာ ထောင်မှူးက မင်းတို့ မသေမချင်းလက်နက်မချရဘူးဆိုပြီးထအော်တဲ့ချိန်မှာ ထောင်မှူးကိုလည်းပစ်သတ်တော့ တခါထဲ တိုက်ပွဲဖြစ်တယ်။ အဲ့ချိန်မှာ ထောင်မှူးကတော်က ပစ္စတိုနဲ့လှမ်းပစ်တဲ့ချိန်မှာ သူ့ကိုပါပစ်လိုက်ရတာပေါ့။ အဲ့လိုနဲ့တိုက်ပွဲစဖြစ်တော့တာ။ ကျေးရွာသားပြောတာကတော့ ပထမဆုံး မနက် ၆ နာရီမှာနာရေးကားရောက်လာတယ်။ ပြီးတော့ နာရေးကား ၂ စီးထပ်ရောက်လာတယ်။ ဒါကြောင့် ၄ ယောက်ထက်မက သေဆုံးမှုရှိနိုင်တယ်လို့ ခန့်မှန်းရတယ်။ ကျနော်တို့ဘက်ကတော့ ၁ ယောက်အလောင်းမကောက်လိုက်ရဘူး။ တစ်ယောက်က သယ်ရင်းနဲ့လမ်းတဝက်မှာကျဆုံးသွားတယ်။ ၄ ယောက်ဒဏ်ရာရတယ်ပေါ့နော်” လို့ပြောပါတယ်။

Zawgyi

တမူးၿမိဳ႕နယ္က ရဲဘက္စခန္းကိုဝင္တိုက္ရာ ေထာင္မွဴးလင္မယားအပါအဝင္ ၄ေယာက္မကေသဆံုးၿပီး PDF ၂ ေယာက္က်ဆံုး

စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးၿမိဳ႕နယ္၊ အုတ္ဖိုကန္ေဘာင္ အက်ဥ္းရဲဘက္စခန္းကို ဒီေန႔ ဇန္နဝါရီလ ၁၀ ရက္ မနက္ ၅ နာရီတြင္ PDF-Tamu တပ္ရင္း-၁ တပ္ဖြဲ႔ကဝင္ေရာက္တုိက္ခိုက္ရာ ေထာင္မွဴး ဦးေအာင္ေက်ာ္ဆန္း၊ ေထာင္မွဴးဇနီး အပါအဝင္ ၄ ေယာက္မက ႔ေသဆံုးသြားတယ္လုိ႔ PDF-Tamu တပ္ရင္း-၁ထံကသတင္းရရွိထားပါတယ္။

PDF-Tamu တပ္ရင္း-၁ ဘက္က ရဲေဘာ္ ၂ ေယာက္က်ဆံုးၿပီး ၄ ေယာက္ဒဏ္ရာရရွိကာ ေသနတ္ ၃ လက္က်န္ရစ္ခဲ့တယ္လုိ႔သိရတယ္။

PDF-Tamu တပ္ရင္း-၁ က တာဝန္ရွိပုဂၢိဳလ္တစ္ဦးက “ပထမဆံုး ေထာင္မွဴးအိမ္ကို ဝင္စီးၿပီး ေထာင္မွဴးကို ေသနတ္ေထာက္ၿပီးမွ လက္ေအာက္ငယ္သားကို လက္နက္ခ်ဖို႔စည္းရံုးတယ္။ လက္နက္ခ်ေပးပါ။ ခင္ဗ်ားတို႔ကိုဘာမွမလုပ္ဘူး။ က်ေနာ္တို႔လိုခ်င္တာရရင္ ျပန္ထြက္သြားမယ္လို႔ေျပာတဲ့ခ်ိန္မွာ ရဲေဘာ္ေတြကေတာ့ လက္နက္ခ်ဖို႔ထြက္လာၾကတယ္။ အဲ့ခ်ိန္မွာ ေထာင္မွဴးက မင္းတို႔ မေသမခ်င္းလက္နက္မခ်ရဘူးဆိုၿပီးထေအာ္တဲ့ခ်ိန္မွာ ေထာင္မွဴးကိုလည္းပစ္သတ္ေတာ့ တခါထဲ တုိက္ပြဲျဖစ္တယ္။ အဲ့ခ်ိန္မွာ ေထာင္မွဴးကေတာ္က ပစၥတိုနဲ႔လွမ္းပစ္တဲ့ခ်ိန္မွာ သူ႔ကိုပါပစ္လုိက္ရတာေပါ့။ အဲ့လိုနဲ႔တုိက္ပြဲစျဖစ္ေတာ့တာ။ ေက်းရြာသားေျပာတာကေတာ့ ပထမဆံုး မနက္ ၆ နာရီမွာနာေရးကားေရာက္လာတယ္။ ၿပီးေတာ့ နာေရးကား ၂ စီးထပ္ေရာက္လာတယ္။ ဒါေၾကာင့္ ၄ ေယာက္ထက္မက ေသဆံုးမႈရွိႏိုင္တယ္လုိ႔ ခန္႔မွန္းရတယ္။ က်ေနာ္တို႔ဘက္ကေတာ့ ၁ ေယာက္အေလာင္းမေကာက္လိုက္ရဘူး။ တစ္ေယာက္က သယ္ရင္းနဲ႔လမ္းတဝက္မွာက်ဆံုးသြားတယ္။ ၄ ေယာက္ဒဏ္ရာရတယ္ေပါ့ေနာ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်