တမူးမြို့နယ် ရန်လင်းဖိုင်ကျေးရွာက လူနေအိမ် ၄ လုံးကို စစ်ကောင်စီ မီးရှို့

တမူး- ကလေးကားလမ်းဘေးတွင်တည်ရှိတဲ့ တမူးမြို့နယ် ရန်လင်ဖိုင်ကျေးရွာက လူနေအိမ် ၄ လုံးကို စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့ ဇွန်လ ၂၃ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် မီးရှို့ဖျက်စီးသဖြင့် ရွာသားများအားလုံးထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။

ရွာသားတစ်ဦးက “စစ်ကောင်စီတပ်များက ကျနော်တို့ ကျေးရွာကို ဘာဖြစ်လို့မီးရှို့တာလဲဆိုတာ တိတိကျကျ မသိရပေမဲ့ အရင်ဗိုလ်ကြီးက ခင်ဗျားတို့ရွာကို မီးရှို့ဖို့ရန် အထက်ကနေအမိန့်ကျပြီးဖြစ်တယ်၊ ကျနော်ကတော့ မရှို့ဘူး မင်းတို့ သတိထားနေကြပါ PDF တွေကိုဝင်ထွက်သွားလာခွင့်ပြုရင် ခင်ဗျားတို့ ဒုက္ခရောက်မယ်လို့ အရင်ဗိုလ်ကြီးက ပြောဖူးတယ်” လို့ ပြောပါတယ်။

ရန်လင်းဖိုင်ကျေးရွာအနီးနားတွင် ၂၀၂၁ ခုနှစ်တုန်းက စစ်ကောင်စီတပ်နှင့် PDF တွေတိုက်ပွဲဖြစ်ပွားကာ နေအိမ်တွင်နေထိုင်သော မသန်စွမ်း လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ပြီး မိဘများက ကျပ်ငွေ သိန်း (၃၀)နဲ့ ပြန်လည်ရွေးယူခဲ့ရတယ်။

အရင်တုန်းက ရွာပြင်မှာပစ်ခတ်ကြပေမဲ့ ဒီနှစ်အတွင်းမှာတော့ ရွာထဲမှာတင် ပစ်ခတ်နေကြပြီ၊ ဇွန်လ ၈ ရက်နေ့ကလည်း စကစ တပ်ဖွဲ့များမှ ကျေးရွာတွင်းရှိ TBA ဘုရားရှိခိုးကျောင်းကို ပစ်ခတ်ဖျက်စီးခဲ့တယ်၊ ကျနော်တို့ရွာထဲမှာ ပစ်ခတ်နေကြတာခုဆိုရင် ၄ /၅ ကြိမ်လောက်ရှိပြီဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးမှပြောကြားသည်။

စစ်ကောင်စီတပ် မှ ရန်လင်းဖိုင်ကျေးရွာအား မီးရှို့ဖျက်စီးမှုကြောင့် ထိခိုက်သေဆုံးသူမရှိပေမဲ့ တရွာလုံးထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာအရှေ့ဘက် လယ်ကွင်းပြင်တွင် အများစုဖြစ်သည့် လူဦးရေ ၂၀၀ ကျော်ထွက်ပြေးကြရပြီး အခြားရွာသားများမှာ အနောက်ဖက် အိန္ဒိယနယ်စပ်ဖက်သို့ထွက်ပြေးကြသည်ဟု သိရပါသည်။

Zawgyi

တမူးၿမိဳ႕နယ္ ရန္လင္းဖိုင္ေက်း႐ြာက လူေနအိမ္ ၄ လုံးကို စစ္ေကာင္စီ မီးရႈိ႕

တမူး- ကေလးကားလမ္းေဘးတြင္တည္ရွိတဲ့ တမူးၿမိဳ႕နယ္ ရန္လင္ဖိုင္ေက်း႐ြာက လူေနအိမ္ ၄ လုံးကို စစ္ေကာင္စီတပ္ဖြဲ႕မွ ယေန႔ ဇြန္လ ၂၃ ရက္ ညေန ၄ နာရီ အခ်ိန္ခန႔္တြင္ မီးရႈိ႕ဖ်က္စီးသျဖင့္ ႐ြာသားမ်ားအားလုံးထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔သတင္းရရွိပါတယ္။

႐ြာသားတစ္ဦးက “စစ္ေကာင္စီတပ္မ်ားက က်ေနာ္တို႔ ေက်း႐ြာကို ဘာျဖစ္လို႔မီးရႈိ႕တာလဲဆိုတာ တိတိက်က် မသိရေပမဲ့ အရင္ဗိုလ္ႀကီးက ခင္ဗ်ားတို႔႐ြာကို မီးရႈိ႕ဖို႔ရန္ အထက္ကေနအမိန႔္က်ၿပီးျဖစ္တယ္၊ က်ေနာ္ကေတာ့ မရႈိ႕ဘူး မင္းတို႔ သတိထားေနၾကပါ PDF ေတြကိုဝင္ထြက္သြားလာခြင့္ျပဳရင္ ခင္ဗ်ားတို႔ ဒုကၡေရာက္မယ္လို႔ အရင္ဗိုလ္ႀကီးက ေျပာဖူးတယ္” လို႔ ေျပာပါတယ္။

ရန္လင္းဖိုင္ေက်း႐ြာအနီးနားတြင္ ၂၀၂၁ ခုႏွစ္တုန္းက စစ္ေကာင္စီတပ္ႏွင့္ PDF ေတြတိုက္ပြဲျဖစ္ပြားကာ ေနအိမ္တြင္ေနထိုင္ေသာ မသန္စြမ္း လူငယ္တစ္ဦးကိုလည္း ဖမ္းဆီးႏွိပ္စက္ၿပီး မိဘမ်ားက က်ပ္ေငြ သိန္း (၃၀)နဲ႔ ျပန္လည္ေ႐ြးယူခဲ့ရတယ္။

အရင္တုန္းက ႐ြာျပင္မွာပစ္ခတ္ၾကေပမဲ့ ဒီႏွစ္အတြင္းမွာေတာ့ ႐ြာထဲမွာတင္ ပစ္ခတ္ေနၾကၿပီ၊ ဇြန္လ ၈ ရက္ေန႔ကလည္း စကစ တပ္ဖြဲ႕မ်ားမွ ေက်း႐ြာတြင္းရွိ TBA ဘုရားရွိခိုးေက်ာင္းကို ပစ္ခတ္ဖ်က္စီးခဲ့တယ္၊ က်ေနာ္တို႔႐ြာထဲမွာ ပစ္ခတ္ေနၾကတာခုဆိုရင္ ၄ /၅ ႀကိမ္ေလာက္ရွိၿပီဟု အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးမွေျပာၾကားသည္။

စစ္ေကာင္စီတပ္ မွ ရန္လင္းဖိုင္ေက်း႐ြာအား မီးရႈိ႕ဖ်က္စီးမႈေၾကာင့္ ထိခိုက္ေသဆုံးသူမရွိေပမဲ့ တ႐ြာလုံးထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး ႐ြာအေရွ႕ဘက္ လယ္ကြင္းျပင္တြင္ အမ်ားစုျဖစ္သည့္ လူဦးေရ ၂၀၀ ေက်ာ္ထြက္ေျပးၾကရၿပီး အျခား႐ြာသားမ်ားမွာ အေနာက္ဖက္ အိႏၵိယနယ္စပ္ဖက္သို႔ထြက္ေျပးၾကသည္ဟု သိရပါသည္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်