တမူးမြို့အထက်ပိုင်းတွင် ၂ နာရီကြာတိုက်ပွဲဖြစ်ပွား

တမူးမြို့အထက်ပိုင်း တမူး-အောင်ဇေယျကားလမ်းဘေးက ကွန်းတောင်ရွာနဲ့ ဆရာစံရွာကြားတွင် ယနေ့ ဇွန် ၂၅ ရက် ညနေ ၂ နာရီခွဲကနေ ၄ နာရီအထိ စစ်ကောင်စီတပ်နဲ့ ABSDF၊ CEU စက်မြေပြင်အင်ဂျင်နီယာတပ် ပူးပေါင်းတပ်ဖွဲ့တိုက်ပွဲဖြစ်ပွားကြတယ်လို့သိရတယ်။

ဒီနေ့ မနက် ၄နာရီတွင် စစ်ကောင်စီနဲ့ ပျူစောထီးတွေတင်လာ စစ်ကား ၇ စီးနဲ့ အကျဉ်းကား ၃ စီးဟာ တမူးအထက်ဘက် မြို့သစ်အကျဉ်းထောင်နဲ့ သနန်အကျဉ်းထောင်သို့ အကျဉ်းသားသွားရောက်ပို့ဆောင်ခဲ့ပါတယ်။

နေ့လည်ပိုင်းမှာ စစ်ကား ၇ စီးပြန်ဆင်းလာပြီး ၎င်းယာဉ်တန်းကို ABSDF ( မြန်န်မာနိုင်ငံလုံဆိုင်ရာကျောင်းသားတမ်မတော်)၊ CEU စက်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့တို့ကတိုက်ခိုက်ကြပါတယ်။

တိုက်ပွဲမှာ ၄၀ မမ နဲ့ ၆၀ မမ လက်နက်ကြီးအသံတွေလည်းကြားနေရတယ်လို့ဒေသခံတွေကဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်က အထိအခိုက်မရှိပဲပြန်လည်ဆုတ်ခွာခဲ့ကြပါတယ်။ တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေဟာ ကွန်းတောင်ရွာက မင်္သကာတဲ့အိမ်တွေကို လိုက်လံစစ်ဆေးကြတယ်လို့သိရတယ်။

Zawgyi






နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်