တမူးမြို့ ကားလေးဝိုင်းဖွင့်ဖို့လုံခြုံရေးလာတဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ရာ ၄ ယောက်သေဆုံးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ နန်းဖာလုံအနီး ကံကြီးဝတံတားမှာ ကားလေးဝိုင်းဖွင့်ရန် လုံခြုံရေးအတွက်ရောက်လာတဲ့ စစ်ကောင်စီကား ၁ စီးကို ဒီနေ့ ဇန်နဝါရီ ၁၆ ရက် မနက် ၈ နာရီက PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့သတင်းရရှိပါတယ်။

PDF-Tamu တပ်ရင်း(၁)တပ်ခွဲ ၃(BSO-ကျောင်းသားတပ်ခွဲ) နဲ့ PDF-Tamu တပ်ရင်း (၄) ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ PDF-Tamu တပ်ရင်း(၁)ထံကသိရတယ်။

PDF-Tamu တပ်ရင်း(၁)ရဲ့တာဝန်ရှိသူတစ်ဦးက “လူကြီးတွေ ကားလေးဝိုင်းဖွင့်ဖို့စီစဉ်ထားတယ်လို့သိရတယ်။ ဒါကို လုံခြုံရေးယူဖို့လာတဲ့ စစ်ကားကို မိုင်းဆွဲတာ။ ကားလေးဝိုင်းဖွင့်ပွဲတော့ ပျက်သွားတယ်။ ကားလေးဝိုင်းက နန်းဖာလုံစျေးနဲ့ တမူးကြားမှာရှိတယ်” လို့ပြောပါတယ်။

Zawgyi

တမူးၿမိဳ႕ ကားေလးဝုိင္းဖြင့္ဖို႔လုံျခဳံေရးလာတဲ့ စစ္ကားကို မိုင္းဆြဲတိုက္ခိုက္ရာ ၄ ေယာက္ေသဆံုးဟုဆို

စစ္ကုိင္းတုိင္းေဒသၾကီး၊ တမူးၿမိဳ႕ နန္းဖာလံုအနီး ကံၾကီးဝတံတားမွာ ကားေလးဝိုင္းဖြင့္ရန္ လံုျခံဳေရးအတြက္ေရာက္လာတဲ့ စစ္ေကာင္စီကား ၁ စီးကို ဒီေန႔ ဇန္နဝါရီ ၁၆ ရက္ မနက္ ၈ နာရီက PDF ပူးေပါင္းတပ္ဖြဲ႔ရဲ႕ မိုင္းဆြဲတိုက္ခိုက္ခံရတယ္လုိ႔သတင္းရရွိပါတယ္။

PDF-Tamu တပ္ရင္း(၁)တပ္ခြဲ ၃(BSO-ေက်ာင္းသားတပ္ခြဲ) နဲ႔ PDF-Tamu တပ္ရင္း (၄) ပူးေပါင္းတပ္ဖြဲ႔ေတြက မိုင္းဆြဲတိုက္ခိုက္တာျဖစ္ၿပီး စစ္ေကာင္စီတပ္သား ၄ ေယာက္ေသဆံုးၿပီး ၂ ေယာက္ဒဏ္ရာရရွိသြားတယ္လုိ႔ PDF-Tamu တပ္ရင္း(၁)ထံကသိရတယ္။

PDF-Tamu တပ္ရင္း(၁)ရဲ႕တာဝန္ရွိသူတစ္ဦးက “လူၾကီးေတြ ကားေလးဝုိင္းဖြင့္ဖို႔စီစဥ္ထားတယ္လုိ႔သိရတယ္။ ဒါကို လံုျခံဳေရးယူဖို႔လာတဲ့ စစ္ကားကို မုိင္းဆြဲတာ။ ကားေလးဝိုင္းဖြင့္ပြဲေတာ့ ပ်က္သြားတယ္။ ကားေလးဝုိင္းက နန္းဖာလံုေစ်းနဲ႔ တမူးၾကားမွာရွိတယ္” လုိ႔ေျပာပါတယ္။

 

 

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်