တရုတ်ပြီးရင် စစ်ကောင်စီကို အကူညီဆုံးနိုင်ငံ ဖြစ်လာတဲ့ အိန္ဒိယ

ကိုဗန်(တောင်ပေါ်မြေ)

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံနည်းတူ စစ်ကောင်စီကို ကူညီပံပိုးထောက်ပံ့နေတဲ့ နိုင်ငံကတော့ ဒီမိုကရေစီနိုင်ငံလည်းဖြစ်တဲ့ အိန္ဒိယနိုင်ငံ ဖြစ်နေပါတယ်။

အိန္ဒိယနိုင်ငံဟာ ၎င်းအကျိုးစီးပွားအတွက် အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံရေးထူထောင်ရုံသာမက မြန်မာပြည်သူများကို ဖိနှိပ်ရက်စက်ရန် အသုံးပြုနေသော စစ်လက်နက်များကို ရောင်းချပေးနေဆဲ ဖြစ်ပါတယ်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနအောက်က Bharat Electronics Limited (BEL) လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီဟာ ရေဒါစနစ်နဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ တင်ပို့ထားတယ် လို့ Justice for Myanmar က ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံထုက်စစ်လက်နက်တွေအပြင် စစ်ကောင်စီကို လက်နက်ရောင်းချခွင့် တားမြစ်ထားတဲ့ ဥရောပထုက်လက်နက်တွေကိုလည်း တဆင့်ခံ သွင်းပေးနေတယ် လို့လည်း သတင်းတွေက ဆိုပါတယ်။

အိန္ဒိယက မြန်မာစစ်တပ်အတွက် တင်ပို့တဲ့ လက်နက်တွေအတွက် ကြားက လက်နက်ပွဲစား က Mega Hill ကုမ္ပဏီဖြစ်တယ်လို့လည်း RFA သတင်းဌာနက ဖော်ပြထားပါတယ်။

အိန္ဒိယအစိုးရဟာ စစ်တပ်က ၂၀၂၁ခုနှစ် အာဏာသိမ်းစဉ်တုန်းကလည်း စိုးရိမ်ကြောင်း စာသာ ထုတ်ပြန်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ ဆက်ဆံရေးတိုးမြင့်ခဲ့ပါတယ်။ တခြား ဒီမိုကရေစီနိုင်ငံတွေနဲ့ နိုင်ငံတကာ သံရုံးတွေ တချို့က သံသမန်ဆက်ဆံရေးကို လျော့ချနေချိန်မှာ အိန္ဒိယကတော့ သံအမတ်သစ်ကိုတောင် စစ်ကောင်စီဆီမှာ တရားဝင်ခန့်အပ်လွှာပေးအပ်ခဲ့တာပါ။

စစ်ကောင်စီလက်ချက်ကြောင့် စစ်ဘေးရှောင်ထွက်ပြေးလာရတဲ့ ချင်းပြည်နယ်က ဒုက္ခသည်တွေကို လက်မခံဖို့ တားမြစ်ခဲ့ပြီး မီဇိုရမ်ပြည်နယ်အစိုးရက လက်ခံလို့သာ ချင်းပြည်သူ သောင်းဂဏန်းကျော်ဟာ နယ်စပ်တွေမှာ ခိုလှုံခွင့် ရခဲ့တာပါ။ ဒါပေမယ့် အိန္ဒိယ အစိုးရက ကူညီထောက်ပံမှုတွေ မရှိတဲ့အပြင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကိုလည်း ဝင်ခွင့် ပိတ်ထားတာကြောင့် ဒုက္ခသည်အများစုသည် ဆိုးရွှားတဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်ကြပါတယ်။

Myanmar-CIC-Min-Aung-Hlaing-Inspects-guard-of-honour-India-PTI

အမေရိကန်နိုင်ငံ နဲ့ တခြားနိုင်ငံတွေကို သွားရောက်မယ့် ချင်းဒုက္ခသည်တွေကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထွက်ခွာခွင့်ဗီဇာ ဆိုင်းငံ့ထားပြန်သေးတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

ထိုအချက်တွေကို ကြည့်ရင် အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပေမယ့် ပြည်သူ့ဆန္ဒကို ပါယ်ဖျက်ပြီး မတရားအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကို ကန့်ကွက်တာ မရှိသလောက် နည်းပါးပြီး တရုတ်နဲ့မခြား ကူညီထောက်ပံနေတာတွေပါ လုပ်ကိုင်နေတာပါ။

အမေရိကန်လို ဥရောပက ဒီမိုကရေစီနိုင်ငံတွေက စစ်ကောင်စီကို လက်နက်တွေ မရောင်းဖို့၊အရေးယူပိက်ဆို့မှုတွေ လုပ်နေကြချိန်မှာ အိန္ဒိယကတော့ ၎င်းအကျိုးစီးပွားအတွက် စစ်ကောင်စီကို မျက်နှာလို မျက်နှာရတွေ လုပ်နေတာပါ။

NLD အစိုးရလက်ထက်မှာ ရေငုပ်သင်္ဘောတောင် လက်ဆောင် ပေးဖူးတဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်တာတွေ ရှိခဲ့ပါတယ်။ တရုတ်အပေါ် မှီခိုရမှုတွေကို လျော့ချနိုင်ဖို့အတွက် NLD အစိုးရဟာ အိန္ဒိယအစိုးရနဲ့ ဒီမိုကရေစီနိုင်ငံချင်းပီပီ ဆက်ဆံရေးတွေ တိုးမြင့်ခဲ့ဖူးပါတယ်။ သမ္မတ ဦးဝင်မြင့်ဟာ အိန္ဒိယကို နှစ်ကြိမ်တိုင်တိုင် သွားရောက်ဖူးသလို ရင်းနှီးမြှုပ်နှံရေး၊ လုံခြုံရေး၊ နယ်စပ်ကိစ္စတွေအထိ တွေ့ဆုံ ဆွေးနွေးဖူးပါတယ်။

အိန္ဒိယသည် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးထူထောင်ရခြင်း အကြောင်းရင်းတခုက တရုတ်နိုင်ငံ၏ သြဇာကြီးထွားလာမှုနဲ့ အိန္ဒိယသမုဒ္ဒရာမှာ ဝင်ရောက်စိုးမိုးလာမယ့် အခြေအနေမျိုးကြောင့်ပဲ ဖြစ်ပါတယ်။ တရုတ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ အထူးစီးပွားရေးဇုန်နဲ့ ဆိပ်ကမ်း အကောင်အထည်ဖော်လာမှုက အိန္ဒိယအတွက် စိုးရိမ်စရာ ဖြစ်လာရာကနေ ကုလားတန်ဘက်စုံစီမံကိန်း ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။

တရုတ်၏ တောင်အာရှဒေသဘက်တွင် လျှင်လျှင်မြန်မြန် ခြေကုပ်ရယူနိုင်ပြီး နိုင်ငံရေးအရ လွမ်းမိုးမှု ကြီးထွားလာခြင်းက အိန္ဒိယအတွက် စိုးရိမ်စရာ ဖြစ်လာပြီးနောက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ယခင်ကထက် ပိုကောင်းအောင် ထူထောင်လာခဲ့ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတောင် ဆက်ဆံရေးမပြတ်လိုသည့် သဘောထားကို တွေ့လာရတယ်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံရေးအရ လွမ်းမိုးမှု ကြီးမားသည့် တရုတ်နှင့် မိတ်မပျက်ဆက်ဆံရေးကို ထူထောင်နေသော်လည်း လက်တွေ့တွင်မှု ဖယ်ခွာလိုသည့် သဘော ရှိနေတယ်။ ဒါကြောင့် ရုရှားကို ချဉ်းကပ်နေပေမယ့် ထင်သလောက် မတိုးတက်ချိန်မှာ အိန္ဒိယကလည်း အခွင့်ရေးရတုန်း မြန်မာအပေါ် ချဉ်းကပ်လာတဲ့ သဘော ဖြစ်နေတယ်။

PIC-2LZ33

ဆက်ဆံရေးကောင်းမွန်အောင် စစ်ကောင်စီကို လက်နက်တွေ ရောင်းချပေးနေသလို စစ်ကောင်စီဟာ တရုတ်ပေါ် မှီခိုရမှု လျော့ချနိုင်လေလေ အိန္ဒိယအတွက် ပိုကောင်းလေလေ ဖြစ်နေတာပါ။ ဒါအပြင် မြန်မာနိုင်ငံဟာ အိန္ဒိယအတွက် အကျိုးစီးပွားအရ များစွာ ရရှိနိုင်တဲ့ နေရာလည်း ဖြစ်နေပါတယ်။

အိန္ဒိယဟာ အာဆီယံဒေသနဲ့ ချိက်ဆက်နိုင်မယ့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်း၊ ကုန်းလမ်း၊ ရေလမ်းမှတဆင့် အိန္ဒိယအရှေ့မြောက်ပိုင်းကို ဆက်သွယ်ပေးသော ကုလားတန်မြစ်ဝှမ်းဘက်စုံစီမံကိန်း၊ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့၊ လောင်စာဆီ၊ မြေရှားသတ္တု စတဲ့ သယံဇာတများ ရရှိနိုင်ရေး၊ ပဲလိုအပ်ချက်မြင့်သည့် အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းကို ၂၀၂၅ခုနှစ်အထိ နှစ်စဉ် တင်သွင်းနိုင်ရေး အပြင် မြန်မာနိုင်ငံမှာ တရုတ်ကြီးစိုးမှု လျော့ကျရေး စတဲ့ အကျိုးစီးပွားတွေ ရရှိနေမှာ ဖြစ်တယ်။

ဒါကြောင့် အိန္ဒိယဟာ စစ်ကောင်စီနဲ့ အပေးအယူတွေ ပြုလုပ်ပြီး ၎င်းအကျိုးစီးပွား များများ အကျိုးအမြတ်ရရှိဖို့ ကြိုးပမ်းနေတဲ့ သဘော တွေ့ရတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တရုတ်ဘက်ကို ပိုပါသွားမှာ ကြောက်တဲ့ အနေအထားမှာ ရှိနေပြီး စစ်ကောင်စီလိုအပ်တာ ထောက်ပံကူညီနေခြင်းက ပိုပြီး အကျိုးစီးပွား ဖြစ်ထွန်းမယ်လို့ ယူဆဟန် ရှိပါတယ်။

ပြီးတော့ မြန်မာနဲ့ အိန္ဒိယ နယ်စပ်မှာလည်း အိန္ဒိယအစိုးရကို တွန်းလှန်နေတဲ့ လက်နက်ကိုင်တွေ ရှိနေပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ စစ်ကောင်စီကို တွန်းလှန်နေတဲ့ လက်နက်ကိုင်တွေကို ဝင်ခွင့်မပြုတာ၊ မထောက်ပံခြင်းဖြင့် အပြန်အလှန်ကျေးဇူးပြုနိုင်တယ် လို့ ယူဆပုံ ရပါတယ်။

ပါကစ္စတန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ နယ်နမိတ်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် အပြန်အလှန်အကျိုးစီးပွားတွက် ကာကွယ်လုပ်ဆောင်နေချိန်မှာ မြန်မာနိုင်ငံက စစ်ကောင်စီနဲ့ ထပ်ပြီး ပြသာနာမဖြစ်ချင်တာလည်း ပါမယ်။ သို့သော်လည်း အာရှက သတ်တမ်းအရှည်ဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်တဲ့ အိန္ဒိယဟာ မတရားအာဏာသိမ်းပြီး အာဏာရှင်စနစ်ကို တည်ဆောက်နေတဲ့ မြန်မာနိုင်ငံက စစ်ကောင်စီကို မိမိအကျိုးတွက်သာမက လက်နက်တွေ အထိ ကူညီထောက်ပံနေတာတွေက အံ့အားသင့်စရာပါ။

screen_shot_2021-06-14_at_14.59.31

ဒါကြောင့် အိန္ဒိယဟာ တရုတ်ပြီးရင် စစ်ကောင်စီကို အကူညီဆုံးနိုင်ငံဖြစ်လာနေပါတယ်။ မြန်မာပြည်သူကို ဖိနှိပ်ချုပ်ချယ် ရက်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အသိအမှတ်ပြု ဆက်ဆံရေးထူထောင်နေမှုက ပြည်တွင်းမှာ သိပ်မသိကြပေမယ့် လျင်လျင်မြန်မြန်ကို အကောင်ထည်ဖော်နေတာ အိန္ဒိယ ဖြစ်နေတာ ဝမ်းနည်းစရာပါ။

ဒီမိုကရေစီနိုင်ငံ ဖြစ်ပေမယ့် အိန္ဒိယလုပ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီကိုရှုပ်ချတဲ့ အကြောင်းလေးသာ ဖော်ပြပြီး နောက် တရုတ်နိုင်ငံနည်းတူ စစ်ကောင်စီကို ကူညီနေတာတွကြောင့် အာဏာရှင်စနစ်ကို ထူထောင်တဲ့ စစ်ကောင်စီဟာ နိုင်ငံတကာက ဖိအားတွေကို ဂရုမစိုက်တော့ပဲ ထင်တိုင်းကြဲနေတာပါ။

စစ်ကောင်စီဟာ ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်ရက်စက်ကြမ်းကြှုပ်မှုတွေ လုပ်ရဲနေတဲ့ အခြေအနေဟာ နောက်ကွယ်ကနေ တိတ်တဆိတ် ပါဝင်ကူညီနေမှုတွေကြောင့် ဖြစ်ပြီး ရုရှား၊ တရုတ်၊ အိန္ဒိယ၊ပါကစ္စတန်၊ အီရန်နဲ့ မြောက်ကိုရီးယားလိုနိုင်ငံတွေ ဖြစ်နေတာပါ။

ဒီနိုင်ငံတွေထဲမှာ သိသိသာသာကော မသိမသာပါ ကူညီနေတာ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယ ပါဝင်ပါက်သတ်မှုက မြန်မာပြည်သူတွေရဲ့ အာဏာရှင်စနစ်ကို တွန်းလှန်နေမှုအားကို ထိခိုက်စေပါတယ်။

အိန္ဒိယအနေနဲ့ ဒီလိုလုပ်ဆောင်နေတာတွေကို ရပ်ဆိုင်းပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးကို အဆုံးသတ်ကာ မြန်မာပြည်သူတွေ လိုလားတဲ့ NUGအစိုးရနဲ ထိတွေ့ဆက်ဆံနေခြင်းက ပိုအကျိုးရှိစေမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

ရေရှည်မှာ အိန္ဒိယနိုင်ငံသည် ၎င်းတို့ အကျိုးစီးပွားသာ ကြည့်ရှုနေတယ်ဆိုရင် မြန်မာပြည်သူတွေတရုတ်ကို ဆန့်ကျင့်သလိုမျိုး အိန္ဒိယအပေါ် ဆန့်ကျင်ရေးတွေ မပေါ်ပေါက်လာဖို့အတွက် အိန္ဒိယအစိုးရအနေနဲ့ စဉ်းစားဖို့ လိုနေပါပြီ လို့ ဆိုပါရစေ။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်