တားလ်ရွာအနီးတိုက်ပွဲဖြစ်ပွားပြီး လူနေအိမ် ၁၀ လုံးကျော် စစ်ကောင်စီတပ်က မီးရှို့

ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးလမ်းမပေါ်ရှိ တားလ်ကျေးရွာက လူနေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီတပ်တွေက ယနေ့ ဇူလိုင် ၉ ရက် နေ့လည်ပိုင်းက မီးရှို့ကြတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

ယမန်နေ့က စပြီး တားလ်ရွာတွင် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ CNA, CNDF, CDF တို့တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်ဘက်က ၁၅ ဦးလောက်သေဆုံးပြီလို့ ဒေသကာကွယ်ရေးတပ်တွေထံကနေ သတင်းရရှိပါတယ်။

အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ တားလ်ရွာကို မီးရှို့ကြပြီး ဖလမ်းမြို့တပ်ကုန်းကနေလည်း လက်နက်ကြီးပစ်ကူ ၂ ကြိမ်လောက်ကြားရတယ်လို့ ဖလမ်းမြို့ဒေသခံတွေထံကသတင်းရရှိပါတယ်။

တားလ်ကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် အိမ် ၃ လုံး၊ အောက်တိုဘာ ၂၅ ရက်တွင် အိမ် ၉ လုံး စုစုပေါင်း လူနေအိမ် ၁၁ လုံး မီးရှို့ခဲ့ပါတယ်။ တားလ်ကျေးရွာဟာအိမ်ခြေ ၃၆ အိမ်သာရှိတဲ့ ကျေးရွာငယ်လေးသာဖြစ်ပါတယ်။

ညနေပိုင်း ၂ နာရီဝန်းကျင်တွင်လည်း ဘုရားကျောင်းနဲ့ အနီးတဝိုက်က အိမ်တွေကို မီးရှို့တာကြောင့် လုံးလုံးကျွတ်မီးလောင်ပြာကျသွားမယ်လို့ယူဆရပါတယ်။

Zawgyi

တားလ္ရြာအနီးတိုက္ပြဲျဖစ္ပြားၿပီး လူေနအိမ္ ၁၀ လံုးေက်ာ္ စစ္ေကာင္စီတပ္က မီးရိႈ႕

ဖလမ္းၿမိဳ႕နယ္၊ ဖလမ္း-ဟားခါးလမ္းမေပၚရွိ တားလ္ေက်းရြာက လူေနအိမ္ ၁၀ လံုးေက်ာ္ကို စစ္ေကာင္စီတပ္ေတြက ယေန႔ ဇူလုိင္ ၉ ရက္ ေန႔လည္ပိုင္းက မီးရိႈ႕ၾကတယ္လုိ႔ ေဒသခံေတြထံကသတင္းရရွိပါတယ္။

ယမန္ေန႔က စၿပီး တားလ္ရြာတြင္ စစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္ေတြျဖစ္တဲ့ CNA, CNDF, CDF တို႔တိုက္ပြဲျဖစ္ပြား စစ္ေကာင္စီတပ္ဘက္က ၁၅ ဦးေလာက္ေသဆံုးၿပီလို႔ ေဒသကာကြယ္ေရးတပ္ေတြထံကေန သတင္းရရွိပါတယ္။

အထိနာေနတဲ့ စစ္ေကာင္စီတပ္ေတြဟာ တားလ္ရြာကို မီးရိႈ႕ၾကၿပီး ဖလမ္းၿမိဳ႕တပ္ကုန္းကေနလည္း လက္နက္ၾကီးပစ္ကူ ၂ ၾကိမ္ေလာက္ၾကားရတယ္လုိ႔ ဖလမ္းၿမိဳ႕ေဒသခံေတြထံကသတင္းရရွိပါတယ္။

တားလ္ေက်း႐ြာကို စစ္ေကာင္စီတပ္က ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာ ၁၈ ရက္တြင္ အိမ္ ၃ လံုး၊ ေအာက္တုိဘာ ၂၅ ရက္တြင္ အိမ္ ၉ လံုး စုစုေပါင္း လူေနအိမ္ ၁၁ လံုး မီးရိႈ႕ခဲ့ပါတယ္။ တားလ္ေက်း႐ြာဟာအိမ္ေျခ ၃၆ အိမ္သာရွိတဲ့ ေက်း႐ြာငယ္ေလးသာျဖစ္ပါတယ္။

ညေနပုိင္း ၂ နာရီဝန္းက်င္တြင္လည္း ဘုရားေက်ာင္းနဲ႔ အနီးတဝိုက္က အိမ္ေတြကို မီးရိႈ႕တာေၾကာင့္ လံုးလံုးကၽြတ္မီးေလာင္ျပာက်သြားမယ္လို႔ယူဆရပါတယ္။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်