တိုက်ပွဲဖြစ်ပွားတာကြောင့် ဂန့်ဂေါ-ကလေးလမ်းမှာ ကားနဲ့ ခရီးသည်ရာချီ ပိတ်မိနေ

ဂန့်ဂေါနဲ့ ကလေးမြို့ကြားမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် စက်တင်ဘာလ ၉ ရက်ကစပြီး ယနေ့ထိ ကားနဲ့ ခရီးသည်ရာနဲ့ချီပိတ်မိနေတယ်လို့သတင်းရရှိပါတယ်။

ရန်ကုန်၊ မန္တလေးဘက်က တက်လာတဲ့ကားတွေဟာ ဂန့်ဂေါမြို့နယ် စိုင်ဒူးရွာနဲ့ တောင်ယာပြင်ရွာ နှစ်နေရာတွင်ပိတ်မိနေတယ်လို့သိရတယ်။

စိုင်ဒူးကျေးရွာကတော့ ဂန့်ဂေါမြို့နဲ့ ၂ မိုင်လောက်ဝေးပြီး တောင်ယာပြင်ကတော့ မိုင် ၁၈ လောက်ဝေးပါတယ်။

စိုင်ဒူးကျေးရွာမှာပိတ်မိနေတဲ့ High Class ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက “ကျတော်တို့က ၂ညပိတ်မိနေပြီ။ တချို့ကတော့ ၃ ညအိပ်တဲ့သူလည်းရှိတယ်။ အစားအသောက်ကတော့ ရွာကလူငယ်တွေလာပေးကြတယ်။ လမ်းပြန်ပွင့်မယ့်ချိန်ကိုပဲစောင့်နေယုံပဲ” လို့ပြောပါတယ်။

စိုင်ဒူးကျေးရွာတွင် ကား အစီး ၂၀၊ ခရီးသည် ၅၀ ခန့်ပိတ်မိနေပြီး တောင်ယာပြင်ရွာဘက်မှာ ဘယ်လောက်ပိတ်မိတာလဲဆိုတာ ဆက်သွယ်လို့မရသေးပါ။

ကလေးဘက်ကနေ ဂန့်ဂေါဘက်ကိုသွားတဲ့ကားတွေဟာ မွှေ့လယ်ရွာမှာပိတ်မိနေကြပါတယ်။

မနေ့စက်တင်ဘာ ၁၁ ရက်က တောင်ယာပြင်ရွာကနေ ရွှေလွင်ပြင် ခရီးသည်တင် ၄ စီးဖြတ်သွားရာ ကားမှာကျည်ဆံရာ ၂ ချက်၊ မိုင်းထိလို့ ကားအရှေ့ဘက်ပျက်စီးနေတာတွေ့ရပါတယ်။

လက်ရှိ ကလေးမြို့ကနေ ရန်ကုန်ကိုဆင်းဖို့ ကလေးဝ ယာကြီးလမ်းကလည်း ရွ့ံ့တွေများလို့ ခရီးသွားလာဖို့ခက်ခဲနေပါတယ်။

စက်တင်ဘာလ ၆ ရက်ကစပြီး ကလေး-ဂန့်ဂေါ-မုံရွာ(ပုလဲ)လမ်းပိုင်းမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ယာဉ်ကြီး၊ ယာဉ်ငယ်၊ ယာဉ်လတ်တွေဖြတ်သန်းသွားခြင်းမပြုဖို့ Yaw PDF တပ်ဖွဲ့ကသတိပေးစာထုတ်ခဲ့ပါတယ်။

(Zawgyi)

တိုက္ပြဲျဖစ္ပြားတာေၾကာင့္ ဂန႔္ေဂါ-ကေလးလမ္းမွာ ကားနဲ႔ ခရီးသည္ရာခ်ီ ပိတ္မိေန

ဂန္႔ေဂါနဲ႔ ကေလးၿမိဳ႕ၾကားမွာ တုိက္ပြဲျဖစ္ပြားေနတာေၾကာင့္ စက္တင္ဘာလ ၉ ရက္ကစၿပီး ယေန႔ထိ ကားနဲ႔ ခရီးသည္ရာနဲ႔ခ်ီပိတ္မိေနတယ္လုိ႔သတင္းရရွိပါတယ္။

ရန္ကုန္၊ မႏၱေလးဘက္က တက္လာတဲ့ကားေတြဟာ ဂန္႔ေဂါၿမိဳ႕နယ္ စိုင္ဒူးရြာနဲ႔ ေတာင္ယာျပင္ရြာ ႏွစ္ေနရာတြင္ပိတ္မိေနတယ္လို႔သိရတယ္။

စိုင္ဒူးေက်းရြာကေတာ့ ဂန္႔ေဂါၿမိဳ႕နဲ႔ ၂ မိုင္ေလာက္ေဝးၿပီး ေတာင္ယာျပင္ကေတာ့ မိုင္ ၁၈ ေလာက္ေဝးပါတယ္။

စိုင္ဒူးေက်းရြာမွာပိတ္မိေနတဲ့ High Class ခရီးသည္တင္ယာဥ္ေမာင္းတစ္ဦးက “က်ေတာ္တုိ႔က ၂ညပိတ္မိေနၿပီ။ တခ်ဳိ႕ကေတာ့ ၃ ညအိပ္တဲ့သူလည္းရွိတယ္။ အစားအေသာက္ကေတာ့ ရြာကလူငယ္ေတြလာေပးၾကတယ္။ လမ္းျပန္ပြင့္မယ့္ခ်ိန္ကိုပဲေစာင့္ေနယံုပဲ” လို႔ေျပာပါတယ္။

စိုင္ဒူးေက်းရြာတြင္ ကား အစီး ၂၀၊ ခရီးသည္ ၅၀ ခန္႔ပိတ္မိေနၿပီး ေတာင္ယာျပင္ရြာဘက္မွာ ဘယ္ေလာက္ပိတ္မိတာလဲဆိုတာ ဆက္သြယ္လုိ႔မရေသးပါ။

ကေလးဘက္ကေန ဂန္႔ေဂါဘက္ကိုသြားတဲ့ကားေတြဟာ ေမႊ႕လယ္ရြာမွာပိတ္မိေနၾကပါတယ္။

မေန႔စက္တင္ဘာ ၁၁ ရက္က ေတာင္ယာျပင္ရြာကေန ေရႊလြင္ျပင္ ခရီးသည္တင္ ၄ စီးျဖတ္သြားရာ ကားမွာက်ည္ဆံရာ ၂ ခ်က္၊ မိုင္းထိလို႔ ကားအေရွ႕ဘက္ပ်က္စီးေနတာေတြ႔ရပါတယ္။

လက္ရွိ ကေလးၿမိဳ႕ကေန ရန္ကုန္ကိုဆင္းဖို႔ ကေလးဝ ယာၾကီးလမ္းကလည္း ရြ႔ံ႕ေတြမ်ားလို႔ ခရီးသြားလာဖုိ႔ခက္ခဲေနပါတယ္။

စက္တင္ဘာလ ၆ ရက္ကစၿပီး ကေလး-ဂန္႔ေဂါ-မံုရြာ(ပုလဲ)လမ္းပိုင္းမွာ အခ်ိန္မေရြးတုိက္ပြဲျဖစ္ပြားႏိုင္တာေၾကာင့္ ယာဥ္ၾကီး၊ ယာဥ္ငယ္၊ ယာဥ္လတ္ေတြျဖတ္သန္းသြားျခင္းမျပဳဖုိ႔ Yaw PDF တပ္ဖြဲ႔ကသတိေပးစာထုတ္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရ၊ လူသတ်သမားထွက်ပြေး

၁၅၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရတယ်လို့ ရပ်ကွက်နေ ချင်းလူမျိုးတွေဆီက သိရပါတယ်။ ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ မနေ့ ...

ဆက်ဖတ်ရန်