တီးတိန်မြို့တွင် ကားနဲ့ ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာ လူ ၂ ဦးသေဆုံး

တီးတိန်မြို့ လွယ်ဘွာလ်းရပ်ကွက်၊ ကမ်းဟောက်လမ်း၊ သတ္တမနေ့ဘုရားကျောင်းလမ်းခွဲတွင် မော်တော်ယာဉ်နဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်ပေါ်ရှိ လူ ၂ ဦးသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဒီမနက် (ဇွန် ၂၉)ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ကမ်းဟောက်လမ်းအတိုင်း တောင်မှမြောက်သို့ Canter အဖြူရောင် (၆)ဘီးယာဉ်တစ်စီးဟာ ယာဉ်မောင်း ရဲဝင်းဇော် (၂၈ နှစ်) မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်နေထိုင်သူမောင်းနှင်ပြီး မန်ရှင်းခွါလ်(၁၉နှစ်) ကယာဉ်နောက်လိုက်ပါလာပါတယ်။

ယင်းလမ်းမ မျက်နှာချင်းဆိုင်လမ်းတစ်ဘက်ယာဉ်ကြောဖြစ်တဲ့ကမ်းဟောက်လမ်းအတိုင်းမြောက်မှတောင်သို့ ရှောင်ဟောင်းကျေးရွာနေ ဦးဆွင်းပုမ်း (၅၅နှစ်)က Kenbo-125 ဆိုင်ကယ်အား မောင်းနှင်ပြီး နောက်ထိုင်မိခင်ဖြစ်သူ ဒေါ်ဟွဲ့ဒို (၇၀နှစ်)လိုက်ပါလာတဲ့ တစ်ဘက်ယာဉ်ကြောသို့ မော်တော်ယာဉ်ကဝင်ရောက်၍ မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်နဲ့လူများဟာ မြေထိန်းနံရံနဲ့ မော်တော်ယဉ်ကြား ဖိညှပ်ခဲ့ရာ ဦးဆွင်းပုမ်းတွင် ဝဲဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်လက်မောင်းကျိုး၊ အူထွက်ဒဏ်ရာ၊ ဝဲဘက်ခြေထောက်စုတ်ပြဲကြေမွဒဏ်ရာတို့ဖြစ် အခင်းဖြစ်နေရာတွင် သေဆုံးသွားပါတယ်။

ဆိုင်ကယ်နောက်မှာထိုင်ပြီးလိုက်ပါလာတဲ့ ဒေါ်ဟွဲ့ဒို့တွင် ယာဘက်နားထင်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်မျက်လုံးသွေးထွက်ဒဏ်ရာ၊ ယာဘက်ပေါင်ကျိုးဒဏ်ရာ၊ ယာဘက်လက်မောင်းကျိုးဒဏ်ရာ တို့ရရှိခဲ့ပြီး ယာဉ်နောက်လိုက် မာန်ရှန်းခွါလ်တွင် ဘယ်ဘက်ခြေဖမိုးဖူးယောင်ဒဏ်ရာ၊ ဘယ်ခြေဖနောင့်ပေါက်ပြဲဒဏ်ရာတို့ရရှိပါတယ်။

ယာဉ်မောင်းရဲဝင်းဇော်မှာတော့ ဒဏ်ရာတစ်စုံတစ်ရာ ရရှိခြင်းမရှိပါ။ မော်တော်ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ဝဲဘက်ယာဉ်ခေါင်းဘော်ဒီပိန်ချိုင့်၊ ဆုံးရှုံးမှုတန်ဖိုးကျပ် သိန်း ၅၀ပျက်စီးပြီး ဆိုင်ကယ်မှာ လုံးဝပျက်စီးသွားပြီး ကျပ် ၇ သိန်း ပျက်စီးသွားပါတယ်။

သေဆုံးသူအလောင်းနဲ့ ဒဏ်ရာရရှိသူတို့အား နံနက် ၁၁ နာရီတွင် တီးတိန်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာနဲ့အတူ ပို့အပ်စဉ် ဆေးရုံ၌ ဒေါ်ဟွဲ့ဒို့မှာ သေဆုံးသွားပါတယ်။

ဒါကြောင့် ယာဉ်မောင်းရဲဝင်းဇော်အား တီးတိန်မြို့မရဲစခန်း ရဲအုပ်ကတရားလိုပြုလုပ်တိုင်တန်းကာ (ပ)၆/၂၀၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်လှစ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ချိုးဖောက်ခံနေရတဲ့ ချင်းပြည်နယ်

၂၅၊ ဧပြီ၊ ၂၀၂၄ Zalen ခရစ်ယာန်ဘာသာကိုသာ အများစုကိုးကွယ်ကြတဲ့ ချင်းလူမျိုးတွေဟာ တနင်္ဂနွေနေ့တိုင်းမှာ ဘုရားကျောင်းမှာ ဆုတောင်း ၀တ်ပြု ကိုးကွယ်ကြလေ့ရှိပါတယ်။ ချင်းလူမျိုးတွေရဲ့သာရေး၊ နာရေးတွေမှာလည်း လာရောက်တဲ့ ဧည့်ပရိသတ် ဆွေမျိုးတွေနဲ့ ၀တ်ပြုဆုတောင်းကြပါတယ်။ ချင်းပြည်နယ်ရဲ့ မြို့တော် ...

ဆက်ဖတ်ရန်