တီးတိန်မြို့တွင် ကိုဗစ်- ၁၉ ရောဂါနဲ့ လူတစ်ဦးသေဆုံး

တီးတိန်မြို့ မြို့မရပ်ကွက်တွင်နေထိုင်သူ အသက် (၇၅)နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ဒီမနက် (၆)နာရီခန့်တွင် ၎င်းနေအိမ်တွင် ကိုဗစ် -၁၉ ရောဂါနဲ့သေဆုံးသွားပါတယ်။

၎င်းမှာ ဆီးချို၊ သွေးချိုအခံရှိပြီး သေဆုံးတဲ့အချိန်မှာ အသက်ရှုကြပ်ခြင်း၊ နှာစေးခြင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေက ကျန်းမာရေးဦးစီးဌာနထံ အကြောင်းကြားကာ သေဆုံးသူရဲ့ swab နမူနာအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ RDT ဖြင့်စစ်ဆေးရာ posotive ထွက်ရှိကြောင်းသိရပါတယ်။

တီးတိန်လူငယ်မိတ်သဟာယအဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုမုန်နိုးက “ရောဂါအရင်းခံ ဆီးချို၊ သွေးချိုရှိတယ်လို့ပြောတယ်။ ပြီးတော့သူမသေခင်မှာ နည်းနည်းအသက်ရှုကြပ်တယ်။ နှာစေးတယ်ပေါ့။ သူ့မိသားစုတွေက သေဆုံးသူရဲ့အခြေအနေကို သတင်းပို့တယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက သွားစစ်ဆေးကြည့်လိုက်တော့ Positive ပြသွားတာပေါ့။ အခု သူတို့အိမ်ရှေ့ကလမ်းလည်း ပိတ်ထားလိုက်ပြီ။ သူအသည်းအသန်ဖျားလာတာက သိပ်မကြာသေးဘူး။ အလောင်းကိုတော့ တီးတိန်လူငယ်မိတ်သဟာယအဖွဲ့ နဲ့ ကျန်းမာရေးဌာနနဲ့ပေါင်းပြီး ပုံမှန်ပဲ မြေမြှုပ်သဂြိုလ်ကြတယ်” လို့ပြောပါတယ်။

ဒါကြောင့် ၎င်းရဲ့ မိသားစုဝင်တွေနဲ့ အလောင်းကို ထိတွေ့ခဲ့တဲ့လူတွေအားလုံးကို FQ ထားပြီး swab နမူနာယူကာ စစ်ဆေးမယ်လို့သိရပါတယ်။

၂၀၂၀ ခုနှစ် မိုးရာသီမှာလည်း အိန္ဒိယမှပြန်လာပြီး ရောဂါအခံရှိတဲ့ တွီးထန်ကျေးရွာသားတစ်ဦးသေဆုံးပြီး စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါတယ်။

(Zawgyi)

တီးတိန္ၿမိဳ႕တြင္ ကိုဗစ္- ၁၉ ေရာဂါနဲ႔ လူတစ္ဦးေသဆုံး

တီးတိန္ၿမိဳ႕ ၿမိဳ႕မရပ္ကြက္တြင္ေနထိုင္သူ အသက္ (၇၅)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးဟာ ဒီမနက္ (၆)နာရီခန႔္တြင္ ၎ေနအိမ္တြင္ ကိုဗစ္ -၁၉ ေရာဂါနဲ႔ေသဆုံးသြားပါတယ္။

Photo: Sia Puia

၎မွာ ဆီးခ်ိဳ၊ ေသြးခ်ိဳအခံရွိၿပီး ေသဆုံးတဲ့အခ်ိန္မွာ အသက္ရႈၾကပ္ျခင္း၊ ႏွာေစးျခင္းေတြျဖစ္ေပၚခဲ့ပါတယ္။ ဒါေၾကာင့္ မိသားစုဝင္ေတြက က်န္းမာေရးဦးစီးဌာနထံ အေၾကာင္းၾကားကာ ေသဆုံးသူရဲ႕ swab နမူနာအား ကိုဗစ္-၁၉ ေရာဂါပိုးရွိမရွိ RDT ျဖင့္စစ္ေဆးရာ posotive ထြက္ရွိေၾကာင္းသိရပါတယ္။

တီးတိန္လူငယ္မိတ္သဟာယအဖြဲ႕က တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ကိုမုန္ႏိုးက “ေရာဂါအရင္းခံ ဆီးခ်ိဳ၊ ေသြးခ်ိဳရွိတယ္လို႔ေျပာတယ္။ ၿပီးေတာ့သူမေသခင္မွာ နည္းနည္းအသက္ရႈၾကပ္တယ္။ ႏွာေစးတယ္ေပါ့။ သူ႔မိသားစုေတြက ေသဆုံးသူရဲ႕အေျခအေနကို သတင္းပို႔တယ္။ ဒါေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနက သြားစစ္ေဆးၾကည့္လိုက္ေတာ့ Positive ျပသြားတာေပါ့။ အခု သူတို႔အိမ္ေရွ႕ကလမ္းလည္း ပိတ္ထားလိုက္ၿပီ။ သူအသည္းအသန္ဖ်ားလာတာက သိပ္မၾကာေသးဘူး။ အေလာင္းကိုေတာ့ တီးတိန္လူငယ္မိတ္သဟာယအဖြဲ႕ နဲ႔ က်န္းမာေရးဌာနနဲ႔ေပါင္းၿပီး ပုံမွန္ပဲ ေျမျမႇဳပ္သၿဂိဳလ္ၾကတယ္” လို႔ေျပာပါတယ္။

ဒါေၾကာင့္ ၎ရဲ႕ မိသားစုဝင္ေတြနဲ႔ အေလာင္းကို ထိေတြ႕ခဲ့တဲ့လူေတြအားလုံးကို FQ ထားၿပီး swab နမူနာယူကာ စစ္ေဆးမယ္လို႔သိရပါတယ္။

၂၀၂၀ ခုႏွစ္ မိုးရာသီမွာလည္း အိႏၵိယမွျပန္လာၿပီး ေရာဂါအခံရွိတဲ့ တြီးထန္ေက်း႐ြာသားတစ္ဦးေသဆုံးၿပီး စစ္ေဆးရာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်