တီးတိန်မြို့နယ်မှာ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စကစတို့တိုက်ပွဲဖြစ်ပွား၊ ခိုင်ကမ်းဂိတ်ကနေကားလမ်းပိတ်ထား

ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး-တီးတိန်ကားလမ်းမပေါ်ရှိ ဟိန်ဇင်ရွာနားမှာ ဒီနေ့ ဇန်နဝါရီလ ၁၅ ရက် မနက် ၈ နာရီလောက်ကစပြီး ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကြတယ်လို့ PDF-Zoland ကသတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဒီမနက် ၇ နာရီလောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်သား ၁၀ ယောက်ဟာ ခြေလျင်နဲ့ ခိုင်ကမ်းမြို့ကိုကျော်ပြီး လမ်းမကြီးအတိုင်းတက်သွားကြပါတယ်။

ဒါ့ပြင် ကလေးမြို့ထဲက စစ်ကားတစ်စီးဟာ ၁၀၅ မမ အမြောက်လက်နက်ကိုသယ်ဆောင်ကာ ကလေးတက္ကသိုလ်ကျောင်းသွားဝင်သွားတယ်လို့ ဒသေခံတွေကဆိုပါတယ်။ စက်မှုဇုံဘက်ကနေလည်း စစ်ကား ၉စီးထွက်လာရာ ကလေးတက္ကသိုလ်ကျောင်းထဲသို့ အကုန်ဝင်သွားကြပါတယ်။

ခိုင်ကမ်းမြို့ ရဲစခန်းကရှေ့က ကလေး-တီးတိန်-ဟားခါးဘက်သွားတဲ့လမ်းကိုလည်း ယနေ့နေ့လည် ၁၂ နာရီလောက်က ရဲတပ်သားတွေ ပိတ်ကြတယ်လို့မျက်မြင်တွေကပြောပါတယ်။

Zawgyi

တီးတိန္ၿမိဳ႕နယ္မွာ ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္နဲ႔ စကစတို႔တိုက္ပြဲျဖစ္ပြား၊ ခိုင္ကမ္းဂိတ္ကေနကားလမ္းပိတ္ထား

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ကေလး-တီးတိန္ကားလမ္းမေပၚရွိ ဟိန္ဇင္ရြာနားမွာ ဒီေန႔ ဇန္နဝါရီလ ၁၅ ရက္ မနက္ ၈ နာရီေလာက္ကစၿပီး ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔မ်ားနဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔ တုိက္ပြဲျဖစ္ပြားၾကတယ္လုိ႔ PDF-Zoland ကသတင္းထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ ဒီမနက္ ၇ နာရီေလာက္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္သား ၁၀ ေယာက္ဟာ ေျခလ်င္နဲ႔ ခိုင္ကမ္းၿမိဳ႕ကိုေက်ာ္ၿပီး လမ္းမၾကီးအတုိင္းတက္သြားၾကပါတယ္။

ဒါ့ျပင္ ကေလးၿမိဳ႕ထဲက စစ္ကားတစ္စီးဟာ ၁၀၅ မမ အေျမာက္လက္နက္ကိုသယ္ေဆာင္ကာ ကေလးတကၠသိုလ္ေက်ာင္းသြားဝင္သြားတယ္လုိ႔ ဒေသခံေတြကဆိုပါတယ္။ စက္မႈဇံုဘက္ကေနလည္း စစ္ကား ၉စီးထြက္လာရာ ကေလးတကၠသိုလ္ေက်ာင္းထဲသို႔ အကုန္ဝင္သြားၾကပါတယ္။

ခုိင္ကမ္းၿမိဳ႕ ရဲစခန္းကေရွ႕က ကေလး-တီးတိန္-ဟားခါးဘက္သြားတဲ့လမ္းကိုလည္း ယေန႔ေန႔လည္ ၁၂ နာရီေလာက္က ရဲတပ္သားေတြ ပိတ္ၾကတယ္လုိ႔မ်က္ျမင္ေတြကေျပာပါတယ္။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်