တီးတိန်မြို့နယ် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ် ၂ ဦးသေဆုံး၊ သေနတ် ၂ လက်ရရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်းမပေါ် ဟိန်ဇိန်ရွာနားမှာ ယနေ့ ဇန်နဝါရီ ၁၅ ရက်မနက်ပိုင်းကစပြီး ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် ၄ ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စကစတပ် ၂ ယောက်သေဆုံးပြီး သေနတ် ၂ လက်ရရှိတယ်လို့ ပြည်သူ့တပ်တွေထံကသတင်းရရှိပါတယ်။

ဟိန်ဇိန်ရွာအကျော် လေးထပ်ကွေ့မှာ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က အာဏာသိမ်းစစ်ကောင်စီတပ်ကို ရှေ့မတိုးနိုင်အောင်တိုက်ခိုက်တာကြောင့် မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ၂ ကြိမ် ဂျက်လေယာဉ်နဲ့လာရောက်ပစ်ခတ်ပါတယ်။

ပြီးတော့ ကလေးတက္ကသိုလ်ကနေ အဝေးပစ်အမြောက်နဲ့ ၆ ကြိမ်ထပ်မံပစ်ခတ်ပါတယ်။ လေယာဉ်နဲ့ပစ်ခတ်လို့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၇ ယောက် အပြင်းအထန်ဒဏ်ရာရရှိကြပါတယ်။ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ တပ်ဆုတ်လိုက်ရပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက “အမြောက်က ၆ ကြိမ်စလုံး ပစ်မှတ်နဲ့လွှဲတယ်။ ဒဏ်ရာရရှိတဲ့ ရဲဘော်တွေက စိုးရိမ်ရတဲ့အခြေအနေပါ။ လေကြောင်းပစ်ခတ်လို့ ထိသွားတာ” လို့ပြောပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထဲမှာ Civic Defence Militia (CDM) – Siyin, PDF Zoland, CNDF, CNA နဲ့ PDA တပ်ဖွဲ့တို့ပါဝင်ပါတယ်။ မကြာမီ Zomi-PDF, နဲ့ PDF-Kalay တပ်တို့လည်း လာရောက်ပူးပေါင်းကြမယ်လို့သိရတယ်။

ဇန်နဝါရီလ ၁၂ ရက် မနက်က ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းတက်လာပြီး ဇန်နဝါရီလ ၁၃ ရက်ကစပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ကလေး-တီးတိန်လမ်းမပေါ်မှာရှိတဲ့ ထေးဇန်ရွာက လူနေအိမ် ၅ လုံးကိုမီးရှို့ဖျက်ဆီးပြီး ဟိန်ဇိန်ရွာသား တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်သွားပါတယ်။

Zawgyi

တီးတိန္ၿမိဳ႕နယ္ တိုက္ပြဲတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ ၂ ဦးေသဆံုး၊ ေသနတ္ ၂ လက္ရရွိ

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ကေလး-တီးတိန္လမ္းမေပၚ ဟိန္ဇိန္ရြာနားမွာ ယေန႔ ဇန္နဝါရီ ၁၅ ရက္မနက္ပိုင္းကစၿပီး ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ ၄ ဖြဲ႔နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔ တုိက္ပြဲျဖစ္ပြားရာ စကစတပ္ ၂ ေယာက္ေသဆံုးၿပီး ေသနတ္ ၂ လက္ရရွိတယ္လုိ႔ ျပည္သူ႔တပ္ေတြထံကသတင္းရရွိပါတယ္။

ဟိန္ဇိန္ရြာအေက်ာ္ ေလးထပ္ေကြ႔မွာ ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္က အာဏာသိမ္းစစ္ေကာင္စီတပ္ကို ေရွ႕မတိုးႏိုင္ေအာင္တုိက္ခိုက္တာေၾကာင့္ မနက္ပိုင္းနဲ႔ ညေနပိုင္းမွာ ၂ ၾကိမ္ ဂ်က္ေလယာဥ္နဲ႔လာေရာက္ပစ္ခတ္ပါတယ္။

ၿပီးေတာ့ ကေလးတကၠသိုလ္ကေန အေဝးပစ္အေျမာက္နဲ႔ ၆ ၾကိမ္ထပ္မံပစ္ခတ္ပါတယ္။ ေလယာဥ္နဲ႔ပစ္ခတ္လို႔ ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔က ရဲေဘာ္ ၇ ေယာက္ အျပင္းအထန္ဒဏ္ရာရရွိၾကပါတယ္။ ဒါေၾကာင့္ ျပည္သူ႔ကာကြယ္ေရးတပ္ေတြဟာ တပ္ဆုတ္လုိက္ရပါတယ္။

ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္သားတစ္ဦးက “အေျမာက္က ၆ ၾကိမ္စလံုး ပစ္မွတ္နဲ႔လႊဲတယ္။ ဒဏ္ရာရရွိတဲ့ ရဲေဘာ္ေတြက စိုးရိမ္ရတဲ့အေျခအေနပါ။ ေလေၾကာင္းပစ္ခတ္လို႔ ထိသြားတာ” လို႔ေျပာပါတယ္။

ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ထဲမွာ Civic Defence Militia (CDM) – Siyin, PDF Zoland, CNDF, CNA နဲ႔ PDA တပ္ဖြဲ႕တို႔ပါဝင္ပါတယ္။ မၾကာမီ Zomi-PDF, နဲ႔ PDF-Kalay တပ္တို႔လည္း လာေရာက္ပူးေပါင္းၾကမယ္လုိ႔သိရတယ္။

ဇန္နဝါရီလ ၁၂ ရက္ မနက္က ကေလးၿမိဳ႕ကေန ခ်င္းျပည္နယ္ဘက္ကို အာဏာသိမ္းစစ္ေကာင္စီတပ္ယာဥ္တန္းတက္လာၿပီး ဇန္နဝါရီလ ၁၃ ရက္ကစၿပီး ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔တိုက္ပြဲျဖစ္ပြားၾကပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြဟာ ကေလး-တီးတိန္လမ္းမေပၚမွာရွိတဲ့ ေထးဇန္ရြာက လူေနအိမ္ ၅ လံုးကိုမီးရိႈ႕ဖ်က္ဆီးၿပီး ဟိန္ဇိန္ရြာသား တစ္ဦးကို အေၾကာင္းမဲ့ ပစ္သတ္သြားပါတယ္။

 

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်