တီးတိန်မြို့မှာ စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်လို့ အရပ်သားတစ်ဦးသေဆုံးပြီး PDF ကလို့စွပ်စွဲကာ စစ်ကောင်စီကသတင်းမှားဖြန့်ဝေေ

ချင်းပြည်နယ်၊ တီးတိန်မြို့ စကောလမ်းရပ်ကွက် အထက-၁‌ကျောင်းဝန်းထဲတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ က မေ ၄ ရက်ည ၈ ခွဲ ဝန်းကျင်တွင် သေနတ်ကို
ရမ်းသမ်းပစ်ခတ်လို့ အရပ်သားပြည်သူ တစ်ဦး ကျည်ထိမှန်သေဆုံးကြောင်းသတင်းရရှိပါတယ်။

သေဆုံးသူဟာ ကလေးနှစ်ယောက်ရဲ့ဖခင် အသက် ၂၅ နှစ်အရွယ် ဦးကပ်ဆွန်းခမ်ဖြစ်ပါတယ်။

အဲ့ဒါကို စစ်ကောင်စီတပ်ရဲ့မီဒီယာတွေက ဆိုင်ကယ် ၂ စီးအား မသင်္ကာလို့ ရပ်တန့်စေခဲ့ပေမယ့် ရပ်တန့်မှုမရှိဘဲ ဆက်လက်မောင်းနှင် ထွက်ပြေးသွားခဲ့လို့ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား အမျိုးသား ၁ လောင်း၊ တူမီးသေနတ် ၁ လက်၊ ယမ်း ၂၀ ကျပ်သားခန့် နဲ့ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရရှိတယ်လို့ မဟုတ်မမှန်ရေးသားဖော်ပြထားပါတယ်။

သေဆုံးသူ ဦးကပ်ဆွန်းခမ်နဲ့နီးစပ်သူတစ်ဦးက “ဒီနေ့ နေ့လည်ပိုင်းက ရဲတစ်ယောက် တူမီးသေနတ်နဲ့ မိုင်းယူလာပြီးတော့ အလောင်းနဲ့အတူ ဓာတ်ပုံရိုက်တယ်။ သူက လက်နက်ကိုင်တပ်ဖွဲ့နဲ့ပတ်သက်မှုမရှိဘူး။ နွမ်းပါးသူဆိုတော့ မိသားစုစားဝတ်နေရေးအတွက် လက်သမား၊ ပန်းရံလုပ်တယ်။ အလောင်းကို စစ်တပ်ကပြန်မပေးသေးဘူး။ မနက်ဖြန် အသုဘချတဲ့ခါမှပဲ အလောင်းလာပေးမယ်လို့ စစ်တပ်ကအကြောင်းကြားတယ်လို့သိရတယ်။ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ ဓားဒဏ်ရာတွေလည်းရှိတယ်။ အနီးကပ် မသေမချင်းလုပ်တဲ့ပုံပေါ်တယ်” လို့ပြောပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ရဲ့ ကျည်ဆံတွေဟာအနီးကအိမ်ထရံကိုဖောက်ထွင်းဝင်ရောက်ကာ အိပ်ယာပေါ်လဲနေတဲ့အမျိုးသားတစ်ဦးရဲ့ ပေါင်ကိုထိမှန်တယ်လို့သိရတယ်။

Zawgyi

တီးတိန္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ရမ္းသမ္းပစ္ခတ္လို႔ အရပ္သားတစ္ဦးေသဆုံးၿပီး PDF ကလို႔စြပ္စြဲကာ စစ္ေကာင္စီကသတင္းမွားျဖန႔္ေဝေ

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ စေကာလမ္းရပ္ကြက္ အထက-၁‌ေက်ာင္းဝန္းထဲတပ္စြဲထားတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က ေမ ၄ ရက္ည ၈ ခြဲ ဝန္းက်င္တြင္ ေသနတ္ကို
ရမ္းသမ္းပစ္ခတ္လို႔ အရပ္သားျပည္သူ တစ္ဦး က်ည္ထိမွန္ေသဆုံးေၾကာင္းသတင္းရရွိပါတယ္။

ေသဆုံးသူဟာ ကေလးႏွစ္ေယာက္ရဲ႕ဖခင္ အသက္ ၂၅ ႏွစ္အ႐ြယ္ ဦးကပ္ဆြန္းခမ္ျဖစ္ပါတယ္။

အဲ့ဒါကို စစ္ေကာင္စီတပ္ရဲ႕မီဒီယာေတြက ဆိုင္ကယ္ ၂ စီးအား မသကၤာလို႔ ရပ္တန႔္ေစခဲ့ေပမယ့္ ရပ္တန႔္မႈမရွိဘဲ ဆက္လက္ေမာင္းႏွင္ ထြက္ေျပးသြားခဲ့လို႔ ေျခာက္လွန႔္ပစ္ခတ္ဖမ္းဆီးခဲ့ရာ အၾကမ္းဖက္သမား အမ်ိဳးသား ၁ ေလာင္း၊ တူမီးေသနတ္ ၁ လက္၊ ယမ္း ၂၀ က်ပ္သားခန႔္ နဲ႔ ဆိုင္ကယ္ ၁ စီးတို႔အား သိမ္းဆည္းရရွိတယ္လို႔ မဟုတ္မမွန္ေရးသားေဖာ္ျပထားပါတယ္။

ေသဆံုးသူ ဦးကပ္ဆြန္းခမ္နဲ႔နီးစပ္သူတစ္ဦးက “ဒီေန႔ ေန႔လည္ပိုင္းက ရဲတစ္ေယာက္ တူမီးေသနတ္နဲ႔ မိုင္းယူလာၿပီးေတာ့ အေလာင္းနဲ႔အတူ ဓာတ္ပုံ႐ိုက္တယ္။ သူက လက္နက္ကိုင္တပ္ဖြဲ႕နဲ႔ပတ္သက္မႈမရွိဘူး။ ႏြမ္းပါးသူဆိုေတာ့ မိသားစုစားဝတ္ေနေရးအတြက္ လက္သမား၊ ပန္းရံလုပ္တယ္။ အေလာင္းကို စစ္တပ္ကျပန္မေပးေသးဘူး။ မနက္ျဖန္ အသုဘခ်တဲ့ခါမွပဲ အေလာင္းလာေပးမယ္လို႔ စစ္တပ္ကအေၾကာင္းၾကားတယ္လို႔သိရတယ္။ ခႏၶာကိုယ္ေပၚမွာ ေသနတ္ဒဏ္ရာ ၅ ခ်က္နဲ႔ ဓားဒဏ္ရာေတြလည္းရွိတယ္။ အနီးကပ္ မေသမခ်င္းလုပ္တဲ့ပံုေပၚတယ္” လို႔ေျပာပါတယ္။

ဒါ့ျပင္ စစ္ေကာင္စီတပ္ရဲ႕ က်ည္ဆံေတြဟာအနီးကအိမ္ထရံကိုေဖာက္ထြင္းဝင္ေရာက္ကာ အိပ္ယာေပၚလဲေနတဲ့အမ်ဳိးသားတစ္ဦးရဲ႕ ေပါင္ကိုထိမွန္တယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်