တီးတိန်-ရိဒ်ကားလမ်းကို ကန်ဒေါ်လာ ၂၀၄ သန်းနဲ့ ၂၀၂၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မယ်

အိန္ဒိယအကူအညီနဲ့ တီးတိန်-ရိဒ်ကားလမ်းသစ်ကို ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၀၄ သန်း နဲ့ စတင်အကောင်အထည်ဖော်တော့မယ်လို့ ချင်းပြည်နယ်အစိုးရထံမှသတင်းရရှိပါတယ်။

တီးတိန်-ရိဒ်ကားလမ်းဟာ မြန်မာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံရဲ့ ကုန်သွယ်ရေးလမ်းမဖြစ်ပြီး လမ်းမကောင်းလို့ ကုန်သွယ်ရေးနှေးကွေးတာ၊ ကားမတော်တဆဖြစ်မှုတွေမကြာခဏကြုံ့တွေ့ရပါတယ်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီးဦးစိုးထက်က “ဒီစီမံကိန်းရှိတာတော့ကြာပြီ။ ကားလမ်းဖြတ်မယ့်မြေပိုင်ရှင်တချို့တစ်ဝက်ကိုလည်း မြန်မာအစိုးရဘက်က လျှော်ကြေးပေးထားပြီ။ လျှော်ကြေးပေးဖို့ကျန်နေတာလည်းရှိတယ်။ လုပ်ငန်းကို နောက်နှစ်အတွင်းစနိုင်မယ်လို့သိရတယ်။ လမ်းသစ်က အခုအသုံးပြုနေတဲ့လမ်းထက် တစ်စပိုရှည်ပါတယ်။ ဘာလို့လဲဆိုရင် လမ်းကြောင်းအတက်အဆင်းနည်းအောင် လမ်းအူကြောင်းရွေးလို့ပါ။ ကားလမ်းက ၂ လမ်းသွားဖြစ်မယ်” လို့ပြောပါတယ်။

အခုအသုံးပြုနေတဲ့ တီးတိန်-ရိဒ်ကားလမ်းဟာ ၃၁ မိုင် ၅ဖာလုံရှည်ပြီး အသစ်ဖောက်လုပ်မယ့်လမ်းကတော့ ၆၂ မိုင် ၄ ဖာလုံရှည်ပါတယ်။

(Zawgyi)

တီးတိန္-ရိဒ္ကားလမ္းကို ကန္ေဒၚလာ ၂၀၄ သန္းနဲ႔ ၂၀၂၁ ခုႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္မယ္

အိႏိၵယအကူအညီနဲ႔ တီးတိန္-ရိဒ္ကားလမ္းသစ္ကို ၂၀၂၁ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ၂၀၄ သန္း နဲ႔ စတင္အေကာင္အထည္ေဖာ္ေတာ့မယ္လုိ႔ ခ်င္းျပည္နယ္အစိုးရထံမွသတင္းရရွိပါတယ္။

တီးတိန္-ရိဒ္ကားလမ္းဟာ ျမန္မာႏိုင္ငံ နဲ႔ အိႏိၵယႏိုင္ငံရဲ႕ ကုန္သြယ္ေရးလမ္းမျဖစ္ၿပီး လမ္းမေကာင္းလို႔ ကုန္သြယ္ေရးေႏွးေကြးတာ၊ ကားမေတာ္တဆျဖစ္မႈေတြမၾကာခဏၾကံဳ႕ေတြ႔ရပါတယ္။

ခ်င္းျပည္နယ္ စည္ပင္ဝန္ၾကီးဦးစိုးထက္က “ဒီစီမံကိန္းရွိတာေတာ့ၾကာၿပီ။ ကားလမ္းျဖတ္မယ့္ေျမပိုင္ရွင္တခ်ဳိ႕တစ္ဝက္ကုိလည္း ျမန္မာအစိုးရဘက္က ေလွ်ာ္ေၾကးေပးထားၿပီ။ ေလွ်ာ္ေၾကးေပးဖို႔က်န္ေနတာလည္းရွိတယ္။ လုပ္ငန္းကို ေနာက္ႏွစ္အတြင္းစႏိုင္မယ္လို႔သိရတယ္။ လမ္းသစ္က အခုအသံုးျပဳေနတဲ့လမ္းထက္ တစ္စပိုရွည္ပါတယ္။ ဘာလို႔လဲဆိုရင္ လမ္းေၾကာင္းအတက္အဆင္းနည္းေအာင္ လမ္းအူေၾကာင္းေရြးလို႔ပါ။ ကားလမ္းက ၂ လမ္းသြားျဖစ္မယ္” လုိ႔ေျပာပါတယ္။

အခုအသံုးျပဳေနတဲ့ တီးတိန္-ရိဒ္ကားလမ္းဟာ ၃၁ မိုင္ ၅ဖာလံုရွည္ၿပီး အသစ္ေဖာက္လုပ္မယ့္လမ္းကေတာ့ ၆၂ မိုင္ ၄ ဖာလံုရွည္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်