တွန်းဇံမြို့တွင် ကျောင်းတက်တဲ့သူများပေမယ့် ဆရာ၊မ နဲ့ ကျောင်းသုံးပစ္စည်းများ မလုံလောက်

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ကျောင်းတက်တဲ့သူ တစ်ထောင်နီးပါးရှိပေမယ့် ဆရာ၊မ နဲ့ ကျောင်းသုံးပစ္စည်းတွေ မလုံလောက်ဘူးလို့ သတင်းရရှိပါတယ်။

တွန်းဇန်မြို့ပေါ်မှာ အထကကျောင်း ၁ ကျောင်း၊ အလက (ခွဲ) ၁ ကျောင်း၊ အမက (လွန်) ကျောင်း ၁ ကျောင်း၊ အမက ကျောင်း ၁ ကျောင်းရှိပြီး ကျောင်းအားလုံးတွင် ကျောင်းအပ်လက်ခံကြပါတယ်။
န.တ.လ ကျောင်းတွင် အပ်နှံသူ ၄၀ ကျော်ရှိတယ်လို့သိရတယ်။

တွန်းဇန် အ.ထ.ကကျောင်းကနေ အာဏာဖီဆန်လှုပ်ရှားမှုမှာ ပါဝင်သူ ကျောင်းဆရာ၊မ ၆၀ ရာခိုင်နှုန်းလောက်ရှိတော့ သင်ကြားမှုပိုင်းမှာ ဆရာ ဆရာမ မလုံလောက်မှုတွေဖြစ်နေပါတယ်။

တခြားအခက်အခဲကတော့ ကျောင်းတွင်းပရိဘောဂပစ္စည်းမလုံလောက်တာရယ်၊ ကျောင်းသုံးစာအုပ် (သင်ရိုးသစ်) တွေ အပြည့်အစုံမရောက်သေးတာရယ်ရှိတယ်လို့သိရတယ်။ တွန်းဇံမြို့တွင် မတူပီ၊ ကလေး၊ တီးတိန်ဘက်က တက်လာတက်ကြတာတွေလည်း ရှိကြောင်းသိရပါတယ်။

မနှစ်ကလည်း တွန်းဇံမြို့နယ်ဟာ ပလက်ဝမြို့နယ်ပြီးရင် ကျောင်းတက်သူ ကျောင်းသူကျောင်းသားအများဆုံးရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။

Zawgyi

တြန္းဇံၿမိဳ႕တြင္ ေက်ာင္းတက္တဲ့သူမ်ားေပမယ့္ ဆရာ၊မ နဲ႔ ေက်ာင္းသံုးပစၥည္းမ်ား မလံုေလာက္

ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕တြင္ ေက်ာင္းတက္တဲ့သူ တစ္ေထာင္နီးပါးရွိေပမယ့္ ဆရာ၊မ နဲ႔ ေက်ာင္းသံုးပစၥည္းေတြ မလံုေလာက္ဘူးလို႔ သတင္းရရွိပါတယ္။

တြန္းဇန္ၿမိဳ႕ေပၚမွာ အထကေက်ာင္း ၁ ေက်ာင္း၊ အလက (ခြဲ) ၁ ေက်ာင္း၊ အမက (လြန္) ေက်ာင္း ၁ ေက်ာင္း၊ အမက ေက်ာင္း ၁ ေက်ာင္းရွိၿပီး ေက်ာင္းအားလံုးတြင္ ေက်ာင္းအပ္လက္ခံၾကပါတယ္။
န.တ.လ ေက်ာင္းတြင္ အပ္ႏွံသူ ၄၀ ေက်ာ္ရွိတယ္လုိ႔သိရတယ္။

တြန္းဇန္ အ.ထ.ကေက်ာင္းကေန အာဏာဖီဆန္လႈပ္ရွားမႈမွာ ပါဝင္သူ ေက်ာင္းဆရာ၊မ ၆၀ ရာခိုင္ႏႈန္းေလာက္ရွိေတာ့ သင္ၾကားမႈပိုင္းမွာ ဆရာ ဆရာမ မလုံေလာက္မႈေတြျဖစ္ေနပါတယ္။

တျခားအခက္အခဲကေတာ့ ေက်ာင္းတြင္းပရိေဘာဂပစၥည္းမလုံေလာက္တာရယ္၊ ေက်ာင္းသုံးစာအုပ္ (သင္႐ိုးသစ္) ေတြ အျပည့္အစုံမေရာက္ေသးတာရယ္ရွိတယ္လို႔သိရတယ္။ တြန္းဇံၿမိဳ႕တြင္ မတူပီ၊ ကေလး၊ တီးတိန္ဘက္က တက္လာတက္ၾကတာေတြလည္း ရွိေၾကာင္းသိရပါတယ္။

မႏွစ္ကလည္း တြန္းဇံၿမိဳ႕နယ္ဟာ ပလက္ဝၿမိဳ႕နယ္ၿပီးရင္ ေက်ာင္းတက္သူ ေက်ာင္းသူေက်ာင္းသားအမ်ားဆံုးရွိတဲ့ ၿမိဳ႕နယ္ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်