ထန်တလန်မြို့ သို့ လှူရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်ဆုရှင် ၈ ဦး၏ တံဆိပ်ခေါင်းများ လေလံတင်

ငြိမ်းချမ်းရေးနိုဘယ်ဆု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ရှစ်ဦး၏ တံဆိပ်ခေါင်းများကို ထန်တလန်မြို့နယ် ရံပုံငွေရရှိရေး လေလံတင် ရောင်းချသွားမည်ဟု CRPH Support Group, Norway က ယမန်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ တံဆိပ်ခေါင်း စီးရီးများကို နော်ဝေနိုင်ငံတွင် ၂၀၀၁ ခုနှစ်က ရိုက်ထုတ်ခဲ့ခြင်းဖြစ်ပြီး အကန့်အသတ်နှင့်သာ ရှိတော့သည်ဟု ဆိုသည်။
တံဆိပ်ခေါင်းများ လေလံတင် သတ်မှတ်ကာလကို ယနေ့၊ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက် နော်ဝေ စံတော်ချိန် ည ၁၂ နာရီအထိ နောက်ဆုံးထား သတ်မှတ်ထားသည်။

တံဆိပ်ခေါင်းများကို ကြမ်းခင်းဈေး ၁၅ ဒေါ်လာမှစပြီး လေလံတင်မည် ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် တံဆိပ်ခေါင်းကိုမှု ဒေါ်လာ ၂၀ ဖြင့် စတင် သတ်မှတ်ထားသည်ဟု ဆိုထားသည်။

အဆိုပါ တံဆိပ်ခေါင်းများကို နော်ဝေးနိုင်ငံမှ နာမည်ကြီး တံဆိပ်ခေါင်း ထုတ်လုပ်သူပညာရှင် Sverre Morken နှင့် ဒီဇိုင်းဆွဲသူ Enzo Finger တို့က အထင်ကရ နိုဘယ်ဆုရှင် ရှစ်ဦးဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

အဆိုပါ တံဆိပ်ခေါင်းများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ တံဆိပ်ခေါင်းသည် အလှဆုံးဟု သုံးသပ်နေကြသည်ဟုလည်း CRPH Support Group (Norway) က ရေးသားထားသည်။

နှစ်တစ်ရာပြည့် နိုဘယ်ဆုရှင် တံဆိပ်ခေါင်းထဲမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များမှာ Henry Dunant (1901)၊ Fridtjof Nansen (1922) ၊ Martin Luther King (1964) ၊ Mikhail Sergeyevish Gorbachev (1990) ၊ Aung San Suu Kyi (1991)၊ Rigoberta Menchu (1992) နှင့် Nelson Mandela (1993) တို့ ဖြစ်ကြသည်။

Zawgyi

ထန္တလန္ၿမိဳ႕ သို႔ လႉရန္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ နိုဘယ္ဆုရွင္ ၈ ဦး၏ တံဆိပ္ေခါင္းမ်ား ေလလံတင္

ၿငိမ္းခ်မ္းေရးနိုဘယ္ဆု ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ၿငိမ္းခ်မ္းေရး နိုဘယ္ဆုရွင္ ရွစ္ဦး၏ တံဆိပ္ေခါင္းမ်ားကို ထန္တလန္ၿမိဳ႕နယ္ ရံပုံေငြရရွိေရး ေလလံတင္ ေရာင္းခ်သြားမည္ဟု CRPH Support Group, Norway က ယမန္ေန႔တြင္ ထုတ္ျပန္သည္။

အဆိုပါ တံဆိပ္ေခါင္း စီးရီးမ်ားကို ေနာ္ေဝနိုင္ငံတြင္ ၂၀၀၁ ခုႏွစ္က ရိုက္ထုတ္ခဲ့ျခင္းျဖစ္ၿပီး အကန႔္အသတ္ႏွင့္သာ ရွိေတာ့သည္ဟု ဆိုသည္။
တံဆိပ္ေခါင္းမ်ား ေလလံတင္ သတ္မွတ္ကာလကို ယေန႔၊ နိုဝင္ဘာ ၂၇ ရက္မွ ဒီဇင္ဘာ ၃ ရက္ ေနာ္ေဝ စံေတာ္ခ်ိန္ ည ၁၂ နာရီအထိ ေနာက္ဆုံးထား သတ္မွတ္ထားသည္။

တံဆိပ္ေခါင္းမ်ားကို ၾကမ္းခင္းေဈး ၁၅ ေဒၚလာမွစၿပီး ေလလံတင္မည္ ျဖစ္ကာ ေဒၚေအာင္ဆန္းစုၾကည္ တံဆိပ္ေခါင္းကိုမႈ ေဒၚလာ ၂၀ ျဖင့္ စတင္ သတ္မွတ္ထားသည္ဟု ဆိုထားသည္။

အဆိုပါ တံဆိပ္ေခါင္းမ်ားကို ေနာ္ေဝးနိုင္ငံမွ နာမည္ႀကီး တံဆိပ္ေခါင္း ထုတ္လုပ္သူပညာရွင္ Sverre Morken ႏွင့္ ဒီဇိုင္းဆြဲသူ Enzo Finger တို႔က အထင္ကရ နိုဘယ္ဆုရွင္ ရွစ္ဦးျဖင့္ ဖန္တီးထားျခင္း ျဖစ္သည္။

အဆိုပါ တံဆိပ္ေခါင္းမ်ားထဲတြင္ ေဒၚေအာင္ဆန္းစုၾကည္၏ တံဆိပ္ေခါင္းသည္ အလွဆုံးဟု သုံးသပ္ေနၾကသည္ဟုလည္း CRPH Support Group (Norway) က ေရးသားထားသည္။

ႏွစ္တစ္ရာျပည့္ နိုဘယ္ဆုရွင္ တံဆိပ္ေခါင္းထဲမွ ၿငိမ္းခ်မ္းေရး နိုဘယ္ဆုရွင္မ်ားမွာ Henry Dunant (1901)၊ Fridtjof Nansen (1922) ၊ Martin Luther King (1964) ၊ Mikhail Sergeyevish Gorbachev (1990) ၊ Aung San Suu Kyi (1991)၊ Rigoberta Menchu (1992) ႏွင့္ Nelson Mandela (1993) တို႔ ျဖစ္ၾကသည္။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရ၊ လူသတ်သမားထွက်ပြေး

၁၅၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရတယ်လို့ ရပ်ကွက်နေ ချင်းလူမျိုးတွေဆီက သိရပါတယ်။ ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ မနေ့ ...

ဆက်ဖတ်ရန်