ထွေ/အုပ် ဦးစီးဌာနကို စစ်တပ်လက်အာက်သို့ ပြန်ပြောင်း

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ပြန်လည် ပြောင်းရွှေ့ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက မေ ၅ ရက် ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြင်ဆင်ဖွဲ့စည်း လိုက်တာဖြစ်ကြောင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး ဒုဗိုလ်ချုပ်ကြီး အမိန့်နဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အောက်သို့ ပြောင်းရွှေ့ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်