ဒဂုံတက္ကသိုလ်မှာ ပထမဆုံး ချင်းစာ သင်ကြား

ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်မှာ ပထမဆုံးအကြိမ် ချင်းစာကို တစ်လ သင်ကြားနေတယ်လို့သိရပါတယ်။
ဒီသင်တန်းကို ဒဂုံတက္ကသိုလ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး ဇူလိုင်(၃)ရက်ကစပြီး ဇူလိုင်(၃၁)ထိသင်ကြားမှာပါ။ ဒီသင်တန်းမှာ ချင်းစာအပြင် ကချင်၊ မွန်၊ ရှမ်းနဲ့ ရခိုင်စာတွေလည်းသင်ကြားနေပါတယ်။
ချင်းစာပေနှင့်ယဉ်ကျေ်းမှုကော်မတီ(ရန်ကုန်-တက္ကသိုလ်များ)အဖွဲ့ဥက္ကဌ ဆလိုင်းဘွဲ့ထာဆန်က “အခုက ဟားခါးစာနဲ့စသင်ပါတယ်။ နောက်နှစ်တွေမှာ တခြားချင်းစာတွေလဲလေ့ကျသင်သွားမယ်။ အခုသင်တန်းက ချင်းစာကို စိတ်ဝင်စားသင်ယူချင်သူတွေအတွက် အဓိကထားပြီး ထမင်းစား၊ ရေသောက်အဆင့်ပဲသင်ပေးပါတယ်”လို့ဆိုပါတယ်။
ချင်းစာကို ကျောင်းသူ၊သား (၁၀)ယောက်ကျော်က သင်ယူလျက်ရှိပါတယ်။ ဒီသင်တန်းကို တစ်ပတ်မှာ သုံးရက်သင်ကြားပြီး တစ်နေ့မှာ ညနေ (၂)နာရီနဲ့ (၃)နာရီကြားသင်ပေးနေပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်