ဒီနေ့ကစပြီး ကလေး-ဂန့်ဂေါကြားရထား နှစ်စီးနဲ့ပုံမှန်စတင်ပြေးဆွဲ

၂၀၁၅ သဘာဝဘေးဒဏ်ကြောင့် ရပ်ဆိုင်းထားတဲ့ ကလေး-ဂန့်ဂေါကြားရထားဟာ ဒီနေ့ ဇူလိုင်(၂၁)ကနေစပြီး ရထားနှစ်စီးနဲ့ပုံပြန်ပြေးဆွဲပြီ။

ဂန့်ဂေါဘူတာရုံမှူးက “ကလေးနဲ့ နတ်ချောင်းကြားက ရထားလမ်းတံတားပျက်စီးသွားတာ ပြန်ပြင်လိုက်ပြီ။ ဇူလိုင်(၁၁)ရက်မှာ ရထားတစ်စီးနဲ့ အစမ်းပြေးဆွဲတယ်။ အခုတော့ ကလေးဘက်ကနေ အစုန်၊ ဂန့်ဂေါဘက်ကနေ အဆန် ရထားနှစ်စီးနဲ့ပုံမှန်ပြေးဆွဲနေပြီ”လို့ပြောပါတယ်။

ရထားလက်မှတ်ခ ကတစ်ဦးလျှင် ကျပ်(၁၁၅၀)ဖြစ်ပါတယ်။ ရထားဟာ ကလေးဘူတာကနေ နံနက် (၆း၃၀)က စတင်ထွက်ခွာပြီး ဂန့်ဂေါဘက်ကနေ နံနက်(ရး၃၀)တွင် စတင်ထွက်ခွာလာပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်