နိုင်ဂျီရီးယားနိုင်ငံတွင် ၄ လအတွင်း ခရစ်ယာန်ဘာသာဝင် ၁၅၀၀ ကျော် အသတ်ခံရ

အာဖရိကတိုက်၊ နိုင်ဂျီးရီးယားနိုင်ငံတွင် ၂၀၂၁ ခုနှစ် ပထမလေးလအတွင်း အစ္စလာမ်မစ်ဂျီဟတ်ဝါဒီများက ခရစ်ယာန်ဘာသာဝင် ၁,၄၇၀ ကိုသတ်ဖြတ်ခဲ့တယ်လို့ Christian Today က မေ (၁၆)ရက်ကဖော်ပြထားပါတယ်။

သတ်ဖြတ်မှုအများဆုံးဖြစ်တဲ့နေရာမှာ နိုင်ဂျီးရီးယားမြောက်ပိုင်းကာဒူနာပြည်နယ်တွင်ဖြစ်ပြီးလူ ၃၀၀ ဦး သေဆုံးခဲ့တယ်။

ဒါ့ပြင် ခရစ်ယာန်ဘာသာဝင် ၂၂၀၀ ဦးလည်း ပြန်ပေးဆွဲခံရတယ်လို့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးလွတ်လပ်ခွင့်နှင့်တရားဥပဒေစိုးမိုးရေးအဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြထားတယ်။

ပြန်ပေးဆွဲခံရသူများထဲတွင်လယ်သမားများ၊ ခရီးသွားများနဲ့ ကျေးလက်နေလူထုများပါဝင်ပါတယ်။ ပြန်ပေးဆွဲခံထားရသောခရစ်ယာန်အနည်းဆုံး ၂၂ ဟာ ဖမ်းဆီးသူများကြောင့်သေဆုံး ဒါမှမဟုတ် အသတ်ခံရကြရတယ်။

Katsina ပြည်နယ်တွင်အစီရင်ခံစာတွင်“ အသက်မပြည့်သေးသောခရစ်ယာန်မိန်းကလေးများသည်မွတ်စ်လင်အမျိုးသားများနှင့်အတင်းအဓမ္မလက်ထပ်ပြီးအစ္စလာမ်ဘာသာသို့ကူးပြောင်းသွားသည်” လို့ဖော်ပြထားတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်