နိုင်ဂျီးရီးယားနိုင်ငံက ဘုရားကျောင်းတစ်ကျောင်းကို ဗုံးဖောက်ခွဲရာ လူ ၅၀ ကျော်သေဆုံး

အာဖရိကတိုက်အနောက်ဘက် နိုင်ဂျီးရီးယားနိုင်ငံက ကက်သလစ်ဘုရားကျောင်းတစ်ခုမှာ ဇွန်လ ၅ ရက်နေ့တွင် သေနတ်သမားတွေက ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဒါဇင်နဲ့ချီပြီး သေဆုံးသွားတယ်လို့ ပြည်နယ်လွှတ်တော်အမတ်တွေက ပြောပါတယ်။

Ondo ပြည်နယ်ရှိ စိန့်ဖရန်စစ်ကက်သလစ်ဘုရားကျောင်းမှာ ပင်တေကုတ္တေပွဲနေ့တွင် ဝတ်ပြုသူများ စုဝေးနေကြစဉ် တိုက်ခိုက်သူများက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဥပဒေပြုလွှတ်တော်အမတ် Ogunmolasuyi Oluwole က ပြောကြားခဲ့တယ်။

သေဆုံးသူများထဲတွင် ကလေးများစွာ ပါဝင်သည်ဟု ၎င်းက ဆိုပါတယ်။ အာဏာပိုင်များက သေဆုံးသူ အရေအတွက်ကို ချက်ချင်း ထုတ်ပြန်ခြင်း မရှိပေမယ့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားအောက်လွှတ်တော်ရှိ Owo ဧရိယာကိုကိုယ်စားပြုတဲ့ Adelegbe Timileyin က ပြောကြားပါတယ်။

အခင်းဖြစ်ပွားရာနေရာမှ ထွက်ပေါ်လာတဲ့ ဗီဒီယိုများတွင် ဘုရားကျောင်းဝတ်ပြုသူများဟာ သွေးအိုင်ထဲတွင် လဲလျောင်းနေကာ အနီးပတ်ဝန်းကျင်မှ လူများက အော်ဟစ်ငိုကြွေးနေကြသည်ကို တွေ့ရမှာဖြစ်တယ်။

ဘုရားကျောင်း တိုက်ခိုက်ခံရမှု နောက်ကွယ်က ဘယ်သူလဲဆိုတာ လတ်တလော မသိရသေးပါ။ နိုင်ဂျီးရီးယားနိုင်ငံအများစုသည် လုံခြုံရေးပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း Ondo သည် နိုင်ဂျီးရီးယား၏ အငြိမ်းချမ်းဆုံးပြည်နယ်များထဲမှ တစ်ခုဟု လူသိများသည်။ သို့သော်လည်း ပြည်နယ်သည် လယ်သမားများနှင့် နွားမွေးမြူသူများကြား ပြင်းထန်သော ပဋိပက္ခတစ်ခုဖြစ်ပေါ်နေပါတယ်။

Zawgyi

ႏိုင္ဂ်ီးရီးယားႏိုင္ငံက ဘုရားေက်ာင္းတစ္ေက်ာင္းကို ဗုံးေဖာက္ခြဲရာ လူ ၅၀ ေက်ာ္ေသဆုံး

အာဖရိကတိုက္အေနာက္ဘက္ ႏိုင္ဂ်ီးရီးယားႏိုင္ငံက ကက္သလစ္ဘုရားေက်ာင္းတစ္ခုမွာ ဇြန္လ ၅ ရက္ေန႔တြင္ ေသနတ္သမားေတြက ေဖာက္ခြဲေရးပစၥည္းေတြကို ေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ ဒါဇင္နဲ႔ခ်ီၿပီး ေသဆုံးသြားတယ္လို႔ ျပည္နယ္လႊတ္ေတာ္အမတ္ေတြက ေျပာပါတယ္။

Ondo ျပည္နယ္ရွိ စိန႔္ဖရန္စစ္ကက္သလစ္ဘုရားေက်ာင္းမွာ ပင္ေတကုေတၱပြဲေန႔တြင္ ဝတ္ျပဳသူမ်ား စုေဝးေနၾကစဥ္ တိုက္ခိုက္သူမ်ားက ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း ဥပေဒျပဳလႊတ္ေတာ္အမတ္ Ogunmolasuyi Oluwole က ေျပာၾကားခဲ့တယ္။

ေသဆုံးသူမ်ားထဲတြင္ ကေလးမ်ားစြာ ပါဝင္သည္ဟု ၎က ဆိုပါတယ္။ အာဏာပိုင္မ်ားက ေသဆုံးသူ အေရအတြက္ကို ခ်က္ခ်င္း ထုတ္ျပန္ျခင္း မရွိေပမယ့္ လူ ၅၀ ထက္မနည္း ေသဆုံးခဲ့ေၾကာင္း ႏိုင္ဂ်ီးရီးယားေအာက္လႊတ္ေတာ္ရွိ Owo ဧရိယာကိုကိုယ္စားျပဳတဲ့ Adelegbe Timileyin က ေျပာၾကားပါတယ္။

အခင္းျဖစ္ပြားရာေနရာမွ ထြက္ေပၚလာတဲ့ ဗီဒီယိုမ်ားတြင္ ဘုရားေက်ာင္းဝတ္ျပဳသူမ်ားဟာ ေသြးအိုင္ထဲတြင္ လဲေလ်ာင္းေနကာ အနီးပတ္ဝန္းက်င္မွ လူမ်ားက ေအာ္ဟစ္ငိုေႂကြးေနၾကသည္ကို ေတြ႕ရမွာျဖစ္တယ္။

ဘုရားေက်ာင္း တိုက္ခိုက္ခံရမႈ ေနာက္ကြယ္က ဘယ္သူလဲဆိုတာ လတ္တေလာ မသိရေသးပါ။ ႏိုင္ဂ်ီးရီးယားႏိုင္ငံအမ်ားစုသည္ လုံၿခဳံေရးျပႆနာမ်ားႏွင့္ ရင္ဆိုင္ေနရေသာ္လည္း Ondo သည္ ႏိုင္ဂ်ီးရီးယား၏ အၿငိမ္းခ်မ္းဆုံးျပည္နယ္မ်ားထဲမွ တစ္ခုဟု လူသိမ်ားသည္။ သို႔ေသာ္လည္း ျပည္နယ္သည္ လယ္သမားမ်ားႏွင့္ ႏြားေမြးျမဴသူမ်ားၾကား ျပင္းထန္ေသာ ပဋိပကၡတစ္ခုျဖစ္ေပၚေနပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်