နိုင်ငံကျော် Big Bag အဖွဲ့ထဲက ချင်းတိုင်းရင်းသား ဒရမ်သမား ကိုမုန်ဘွေနဲ့တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံမှာ ဂီတလိုင်းအသစ်နဲ့ဖောက်ပြီး နိုင်ငံကျော်လာတဲ့ Big Bag အဖွဲ့ထဲက ချင်းတိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ ဒရမ်သမား ကိုမုန်ဘွေနဲ့ Zalen မီဒီယာတို့ တွေ့ဆုံမေးမြန်းထားပါတယ်။ ကိုမုန်ဘွေလို့ခေါ်တဲ့ ထန်ဗန်မုန် ဟာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် စော်ဘွားရေရှည်ကျေးရွာမှာ ၁၉၈၅ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ်။ ၎င်းဖခင်ကတော့ ချင်းပြည်နယ် တွန်းဇံမြို့နယ် ဇမ်ပီးရွာသားဖြစ်ပြီး မိခင်ကတော့ ဒေါ် Nim Ngaih Cin ဖြစ်ပါတယ်။ မွေးချင်း မောင်နှမ ငါးယောက်ရှိတဲ့ထဲမှာ ကိုမုန်ဘွေက ၂ယောက်မြောက်ဖြစ်ပါတယ်။

မေး။ ကိုမုန်ဘွေ မင်္ဂလာပါ။ အခုလို မေးမြန်းခွင့်ရတဲ့တွက် ကျေးဇူးတင်ပါတယ်။ ပထမဆုံးမေးချင်တာက ဒရမ်ကို ဘယ်ချိန်ကစတီးတာလဲ။
ဖြေ။ ဒရမ်စတီးဖြစ်တာက ၁၀တန်းအောင်တဲ့ ၂၀၀၁ ခုနှစ်မှာစတီးဖြစ်တယ်။ သေချာတီးတာကတော့ ၂၀၀၆ ခုနှစ်လောက်ဖြစ်တယ်။ အစ်ကို နှစ်ယောက်က Lead နဲ့ Bass တီးတယ်။ အဖေနဲ့ အမေကလည်း ဘုရားကျောင်းမှာ သီချင်းဆိုကြတယ်ဆိုတော့ Lead နဲ့ Bass တော့ ပေးမတီးဘူး။

မေး။ တခြား တူရိယာကောတီးလာ။
ဖြေ။ ဟောလိုဂီတာပဲတီးတယ်။ ဒရမ်ကတော့ အဓိကပေါ့။ ပြီးတော့ သီချင်းရေးတယ်။

မေး။ အစ်ကိုရေးတဲ့ သီချင်းတွေ အခွေထုတ်ဖြစ်တာရှိလာ။
ဖြေ။ ၂၀၀၉ ခုနှစ်လောက်မှာ ဓမ္မတေးသီချင်းတစ်ခွေကို blank paper အဖွဲ့အနေနဲ့ ထုတ်ဖြစ်တယ်။ အဲ့မှာ တစ်ခွေလုံးနီးပါးကျနော်ရေးတယ်။ ကျန်တာကတော့ Big Bag ရဲ့နောက်ဆုံးခွေထဲက သတိရတယ် ဆိုတာ ကျနော်ရေးထားတယ်။ ပြီးတော့ အဲ့ခွေထဲက Lost လည်းကျနော်ရေးတာ။ နောက် အဆိုတော် မျိုးကြီးကိုလည်း သီချင်းတစ်ပုဒ်ပေးထားတယ်။ အဲ့သီချင်းကအခုထွက်တော့မထွက်သေးဘူး။

မေး။ Big Bag မရောက်ခင် ဘယ်မှာ ဒရမ်တီးတာလဲ။
ဖြေ။ အဓိကတော့ Full Gospel ဘုရားကျောင်းမှာတီးတယ်။ ကျန်တာကျတော့ underground ထဲက NOV 24 band မှာတီးတယ်။ အဲ့တုန်းက underground ထဲမှာတီးတာ ၄၊၅ အဖွဲ့လောက်မှာ တီးတယ်။ နောနော်နဲ့လည်းတွဲတယ်။ ပြီးတော့မှ မောင်မောင်ဇော်လတ်ရဲ့ The Ants အဖွဲ့နဲ့လည်းတွဲတယ်။ မောင်မောင်ဇော်လတ်က နိုင်ငံခြားထွက်သွားတော့ Big Bag ကိုရောက်လာတယ်။

မေး။ Big Bag ကို ဘယ်န ခုနှစ်ကရောက်လာတာလဲ။
ဖြေ။ Big Bag ကိုရောက်လာတာ ၄ နှစ်လောက်ကြာပြီ။ ၂၀၁၅ ခုနှစ်ကပေါ့။ အခွေလိုက်နဲ့ပြောရင် Big Bag မှာ ၂ခွေတီးပြီးသွားပြီ။ အတွဲခွေတို့၊ application မှာထွက်တဲ့သီချင်းတွေကတော့ များတယ်။

မေး။ Big Bag က အပေးအယူကောင်းတယ်နော်။ ဘယ်လိုမျိုးနဲ့ ညို့နှိုင်းပြီး အလုပ်လုပ်ကြတာလဲ။
ဖြေ။ အဓိကတော့ ဟိုဟာပေါ့။ ကျနော် သီချင်းရေးတယ်ဆိုရင်လည်း ဒီမို(အကြမ်း)လုပ်ပြီးတော့အဖွဲ့ကိုပြတယ်။ အားလုံးက သီချင်းကလည်းသီချင်းပေါ့၊ Keyboard ဆိုလည်း ကိုယ့်အပိုင်းပေါ့။ Lead ဆိုလည်း အဲ့လို ကိုယ့်အပိုင်းကိုယ် လုပ်ကြတာပေါ့။ သေချာတာတော့ နေရာပေးကြတာပေါ့။ သူ့နေရာ ကိုယ့်နေရာပေးကြတာပေါ့။ ဒီပုံစံကတော့ ဒီလိုဖြည့်စွက်ရမယ်ဆိုတာ မရှိဘူး။

မေး။ ခုနောက်ပိုင်း Big Bag သီချင်းတွေက အရင်ပုံစံတွေနဲ့မတူတော့ဘူးနော်။
ဖြေ။ သီချင်းပုံစံအကုန်နားထောင်တယ်။ သီချင်းကို ကိုယ့်လုပ်နိုင်တဲ့ ပုံစံကိုတတ်နိုင်သလောက်လုပ်ကြတယ်။ ကျနော်တို့အနေနဲ့ ထူးဆန်းလုပ်တာတော့မရှိဘူး။ သီချင်းကို Rock လည်းနားထောင်တယ်။ Pop လည်းနားထောင်တယ်။ Rap လည်းနားထောင်တယ်ပေါ့။ ဆိုတော့ ကိုယ်သီချင်းလုပ်တဲ့အခါမှာ သက်ရောက်မှုရှိသွားတယ်ဖြစ်နိုင်တယ်။

မေး။ Big Bag လို နာမည်ရပြီးသားအဖွဲ့ထဲမှာ သွားတီးရတာ ဘာတွေအခက်အခဲရှိလဲ။
ဖြေ။ နာမည်ကျော်ပြီးသားအဖွဲ့ထဲမှာ ဝင်တီးရတယ်ဆိုတော့ သူများ image မှာဝင်တီးရတယ်ဆိုတော့ စိုးရိမ်စိတ်တော့ရှိခဲ့တာပေါ့။ ဒါပေမယ့် Big Bag ရဲ့ ပရိသတ်တွေ Player တွေကလည်း အဖွဲ့ဝင်သစ်ဆိုပြီးတော့ ကောင်းကောင်းမွန်မွန် ကြိုဆိုကြတယ်။ အဆင်တော့ပြေသွားတယ်။ အစပိုင်းမှာတော့ စိုးရိမ်စိတ်ရှိတာပေါ့။ အဆင်ပေါ့မလာ။ အခုတော့ အဲ့ဒါတွေမရှိတော့ပါဘူး။ အသားကျသွားပါပြီ။

မေး။ နောက်ပိုင်း ဘာတွေဆက်လုပ်ဖို့ရှိလဲ။
ဖြေ။ နောက်ပိုင်းမှာ Big Bag ရဲ့အခွေထုတ်ဖို့တွေရှိတယ်။ ရှိုးပွဲတွေဆိုဖို့ရှိတယ်။ ကျန်တာတော့ gospel သီချင်းတွေတီးဖို့တွေရှိပါတယ်။ ထပ်ပြောချင်တာကတော့ Big Bag အဖွဲ့တွက် ဆုတောင်းပေးကြပါ။ ဆက်လက်အားပေးကြပါလို့ ပြောချင်တယ်။

(Zawgyi)

ႏိုင္ငံေက်ာ္ Big Bag အဖြဲ႕ထဲက ခ်င္းတိုင္းရင္းသား ဒရမ္သမား ကိုမုန္ေဘြနဲ႔ေတြ႕ဆုံေမးျမန္းျခင္း

ျမန္မာႏိုင္ငံမွာ ဂီတလိုင္းအသစ္နဲ႔ေဖာက္ၿပီး ႏိုင္ငံေက်ာ္လာတဲ့ Big Bag အဖြဲ႕ထဲက ခ်င္းတိုင္းရင္းသားတစ္ေယာက္ျဖစ္တဲ့ ဒရမ္သမား ကိုမုန္ေဘြနဲ႔ Zalen မီဒီယာတို႔ ေတြ႕ဆုံေမးျမန္းထားပါတယ္။ ကိုမုန္ေဘြလို႔ေခၚတဲ့ ထန္ဗန္မုန္ ဟာ စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕နယ္ ေစာ္ဘြားေရရွည္ေက်း႐ြာမွာ ၁၉၈၅ ခုႏွစ္တြင္ ေမြးဖြားခဲ့ပါတယ္။ ၎ဖခင္ကေတာ့ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္ ဇမ္ပီး႐ြာသားျဖစ္ၿပီး မိခင္ကေတာ့ ေဒၚNim Ngaih Cin ျဖစ္ပါတယ္။ ေမြးခ်င္း ေမာင္ႏွမ ငါးေယာက္ရွိတဲ့ထဲမွာ ကိုမုန္ေဘြက ၂ေယာက္ေျမာက္ျဖစ္ပါတယ္။

ေမး။ ကိုမုန္ေဘြ မဂၤလာပါ။ အခုလို ေမးျမန္းခြင့္ရတဲ့တြက္ ေက်းဇူးတင္ပါတယ္။ ပထမဆုံးေမးခ်င္တာက ဒရမ္ကို ဘယ္ခ်ိန္ကစတီးတာလဲ။
ေျဖ။ ဒရမ္စတီးျဖစ္တာက ၁၀တန္းေအာင္တဲ့ ၂၀၀၁ ခုႏွစ္မွာစတီးျဖစ္တယ္။ ေသခ်ာတီးတာကေတာ့ ၂၀၀၆ ခုႏွစ္ေလာက္ျဖစ္တယ္။ အစ္ကို ႏွစ္ေယာက္က Lead နဲ႔ Bass တီးတယ္။ အေဖနဲ႔ အေမကလည္း ဘုရားေက်ာင္းမွာ သီခ်င္းဆိုၾကတယ္ဆိုေတာ့ Lead နဲ႔ Bass ေတာ့ ေပးမတီးဘူး။

ေမး။ တျခား တူရိယာေကာတီးလာ။
ေျဖ။ ေဟာလိုဂီတာပဲတီးတယ္။ ဒရမ္ကေတာ့ အဓိကေပါ့။ ၿပီးေတာ့ သီခ်င္းေရးတယ္။

ေမး။ အစ္ကိုေရးတဲ့ သီခ်င္းေတြ အေခြထုတ္ျဖစ္တာရွိလာ။
ေျဖ။ ၂၀၀၉ ခုႏွစ္ေလာက္မွာ ဓမၼေတးသီခ်င္းတစ္ေခြကို blank paper အဖြဲ႕အေနနဲ႔ ထုတ္ျဖစ္တယ္။ အဲ့မွာ တစ္ေခြလုံးနီးပါးက်ေနာ္ေရးတယ္။ က်န္တာကေတာ့ Big Bag ရဲ႕ေနာက္ဆုံးေခြထဲက သတိရတယ္ ဆိုတာ က်ေနာ္ေရးထားတယ္။ ၿပီးေတာ့ အဲ့ေခြထဲက Lost လည္းက်ေနာ္ေရးတာ။ ေနာက္ အဆိုေတာ္ မ်ိဳးႀကီးကိုလည္း သီခ်င္းတစ္ပုဒ္ေပးထားတယ္။ အဲ့သီခ်င္းကအခုထြက္ေတာ့မထြက္ေသးဘူး။

ေမး။ Big Bag မေရာက္ခင္ ဘယ္မွာ ဒရမ္တီးတာလဲ။
ေျဖ။ အဓိကေတာ့ Full Gospel ဘုရားေက်ာင္းမွာတီးတယ္။ က်န္တာက်ေတာ့ underground ထဲက NOV 24 band မွာတီးတယ္။ အဲ့တုန္းက underground ထဲမွာတီးတာ ၄၊၅ အဖြဲ႕ေလာက္မွာ တီးတယ္။ ေနာေနာ္နဲ႔လည္းတြဲတယ္။ ၿပီးေတာ့မွ ေမာင္ေမာင္ေဇာ္လတ္ရဲ႕ The Ants အဖြဲ႕နဲ႔လည္းတြဲတယ္။ ေမာင္ေမာင္ေဇာ္လတ္က ႏိုင္ငံျခားထြက္သြားေတာ့ Big Bag ကိုေရာက္လာတယ္။

ေမး။ Big Bag ကို ဘယ္န ခုႏွစ္ကေရာက္လာတာလဲ။
ေျဖ။ Big Bag ကိုေရာက္လာတာ ၄ ႏွစ္ေလာက္ၾကာၿပီ။ ၂၀၁၅ ခုႏွစ္ကေပါ့။ အေခြလိုက္နဲ႔ေျပာရင္ Big Bag မွာ ၂ေခြတီးၿပီးသြားၿပီ။ အတြဲေခြတို႔၊ application မွာထြက္တဲ့သီခ်င္းေတြကေတာ့ မ်ားတယ္။

ေမး။ Big Bag က အေပးအယူေကာင္းတယ္ေနာ္။ ဘယ္လိုမ်ိဳးနဲ႔ ညိဳ႕ႏႈိင္းၿပီး အလုပ္လုပ္ၾကတာလဲ။
ေျဖ။ အဓိကေတာ့ ဟိုဟာေပါ့။ က်ေနာ္ သီခ်င္းေရးတယ္ဆိုရင္လည္း ဒီမို(အၾကမ္း)လုပ္ၿပီးေတာ့အဖြဲ႕ကိုျပတယ္။ အားလုံးက သီခ်င္းကလည္းသီခ်င္းေပါ့၊ Keyboard ဆိုလည္း ကိုယ့္အပိုင္းေပါ့။ Lead ဆိုလည္း အဲ့လို ကိုယ့္အပိုင္းကိုယ္ လုပ္ၾကတာေပါ့။ ေသခ်ာတာေတာ့ ေနရာေပးၾကတာေပါ့။ သူ႔ေနရာ ကိုယ့္ေနရာေပးၾကတာေပါ့။ ဒီပုံစံကေတာ့ ဒီလိုျဖည့္စြက္ရမယ္ဆိုတာ မရွိဘူး။

ေမး။ ခုေနာက္ပိုင္း Big Bag သီခ်င္းေတြက အရင္ပုံစံေတြနဲ႔မတူေတာ့ဘူးေနာ္။
ေျဖ။ သီခ်င္းပုံစံအကုန္နားေထာင္တယ္။ သီခ်င္းကို ကိုယ့္လုပ္ႏိုင္တဲ့ ပုံစံကိုတတ္ႏိုင္သေလာက္လုပ္ၾကတယ္။ က်ေနာ္တို႔အေနနဲ႔ ထူးဆန္းလုပ္တာေတာ့မရွိဘူး။ သီခ်င္းကို Rock လည္းနားေထာင္တယ္။ Pop လည္းနားေထာင္တယ္။ Rap လည္းနားေထာင္တယ္ေပါ့။ ဆိုေတာ့ ကိုယ္သီခ်င္းလုပ္တဲ့အခါမွာ သက္ေရာက္မႈရွိသြားတယ္ျဖစ္ႏိုင္တယ္။

ေမး။ Big Bag လို နာမည္ရၿပီးသားအဖြဲ႕ထဲမွာ သြားတီးရတာ ဘာေတြအခက္အခဲရွိလဲ။
ေျဖ။ နာမည္ေက်ာ္ၿပီးသားအဖြဲ႕ထဲမွာ ဝင္တီးရတယ္ဆိုေတာ့ သူမ်ား image မွာဝင္တီးရတယ္ဆိုေတာ့ စိုးရိမ္စိတ္ေတာ့ရွိခဲ့တာေပါ့။ ဒါေပမယ့္ Big Bag ရဲ႕ ပရိသတ္ေတြ Player ေတြကလည္း အဖြဲ႕ဝင္သစ္ဆိုၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္ ႀကိဳဆိုၾကတယ္။ အဆင္ေတာ့ေျပသြားတယ္။ အစပိုင္းမွာေတာ့ စိုးရိမ္စိတ္ရွိတာေပါ့။ အဆင္ေပါ့မလာ။ အခုေတာ့ အဲ့ဒါေတြမရွိေတာ့ပါဘူး။ အသားက်သြားပါၿပီ။

ေမး။ ေနာက္ပိုင္း ဘာေတြဆက္လုပ္ဖို႔ရွိလဲ။
ေျဖ။ ေနာက္ပိုင္းမွာ Big Bag ရဲ႕အေခြထုတ္ဖို႔ေတြရွိတယ္။ ရႈိးပြဲေတြဆိုဖို႔ရွိတယ္။ က်န္တာေတာ့ gospel သီခ်င္းေတြတီးဖို႔ေတြရွိပါတယ္။ ထပ္ေျပာခ်င္တာကေတာ့ Big Bag အဖြဲ႕တြက္ ဆုေတာင္းေပးၾကပါ။ ဆက္လက္အားေပးၾကပါလို႔ ေျပာခ်င္တယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်