နိုင်ငံ့ဝန်ထမ်းများမော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နဲ့ ပထမဆင့် ညွှန်ကြားရေးမှူးချုပ် နှင့် အထက်အဆင့်ဝန်ထမ်းများ မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည်

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများမော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့်ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းအားအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် (၂၅)နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့က ထုတ်ပြန်ကြေညာပါသည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ရောင်းချပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများတင်သွင်းလိုသော မော်တော်ယာဉ်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နှစ်စဉ်ထုတ်ပြန်သည့် ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့်ခုနှစ် (Model Year) အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်အတိုင်း မော်တော်ယာဉ်များကို တင်းသွင်းခွင့်ပြုသွားမည်ဖြစ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်နှင့်အထက် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်၍ သတ်မှတ်ထားသောပုံစံဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လျှောက်ထား ဆောင်ရွက်ရမည်ဖြစ်သည်။ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ တာဝန်ခံ ဆက်သွယ်ဆောင်ရွက်နိုင်မည့် ညွှန်ကြားရေးမှူးအဆင့် အရာရှိကြီးအမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့အား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်နေ့အရောက် ပေးပို့ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေး အကြောင်းကြားထားသည်။

မော်တော်ယာဉ်တင်သွင်းခွင့်အတွက် ထောက်ခံချက်ပေးပို့ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအတွက် အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ထောက်ခံပေးရမည် ဖြစ်သည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီသော မော်တော်ယာဉ် တင်သွင်းလိုသူ၏ အမည်၊ ရာထူး၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ/ဖုန်းနံပါတ်၊ ငွေပေးချေမည့် ငွေစာရင်း၊ တင်သွင်းလိုသည့် ယာဉ်အမျိုးအစား/ထုတ်လုပ်သည့်ခုနှစ်၊ ဆိပ်ကမ်းရောက်တန်ဖိုး CIF(USD) တို့ကို ထောက်ခံချက်တွင် ဖော်ပြပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်