နေပြည်တော် စစ်ရေးပြအခမ်းအနားမှာ ပန်းကုံးစွပ်ဖို့ ပြည်သူများကိုစစ်ကောင်စီဖိတ်ခေါ်

နေပြည်တော်မှာ မတ်လ ၂၇ ရက်နေ့မှာကျင်းပမယ့် (၇၇) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းတွေနဲ့ ချီတက်ပြီး စစ်ရေးပြမှာဖြစ်လို့ ပြည်သူများအနေနဲ့ ပန်းစည်းကမ်းခြင်း၊ ပန်းကုံးစွပ်ခြင်းတွေနဲ့ ဂုဏ်ပြုနိုင်ကြောင်း စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေကတဆင့် ဖိတ်ခေါ်ထားပါတယ်။

စစ်ရေးပြ စစ်ကြောင်းတွေကို ဂုဏ်ပြုပန်းစည်းကမ်းလိုသူ ပြည်သူတွေအနေနဲ့ တယ်လီဖုန်းနဲ့ စာရင်းပေးသွင်းနိုင်ပြီး မှတ်ပုံတင်မူရင်း၊ လိုင်စင်ဓာတ်ပုံ ၂ ပုံနဲ့ လုံခြုံရေးဝင်ခွင့်ကတ်တွေ ထုတ်ပေးသွားမယ်လို့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရဲ့ လုံခြုံရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

“တပ်မတော်နေ့ စစ်ရေးပြမှာ ပန်းကုံးစွပ်တာက သူတို့တပ်မိသားစုတွေပါပဲ။ အာဏာမသိမ်းခင်ကလည်း အပြင်လူ ဘယ်သူမှ လာစွပ်တာမဟုတ်ဘူး။ တပ်မိသားစုတွေပဲ ကိုယ့်လင်၊ ကိုယ့်သားပြန်ပြီး ပန်းကုံးစွပ်နေတာ။ အခုလို အာဏာသိမ်းကာလမှာ ပြည်သူလာဖို့ ပိုဆိုးပေါ့။ သူတို့ကလည်း အပြင်လူမယုံပါဘူး။ အခုကာလမှာ အပြင်လူလာမယ်ဆို သူတို့က ပိုတောင် စိစစ်ဦးမယ်။ ဘာလို့ဆိုတော့ သူတို့စစ်ကြောင်းတွေကို တစ်ခုခုလုပ်မှာစိုးလို့”လို့ နေပြည်တော်က တပ်မိသားစုအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာ့တပ်မတော်က တိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့လက်တွဲပြီး ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ခိုက်ခဲ့သော နေ့ဖြစ်တဲ့အတွက် “ဖက်ဆစ်တော်လှန်ရေးနေ့”အဖြစ်သတ်မှတ်ပြီး မြန်မာနိုင်ငံမှာ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း “ဖက်ဆစ်တော်လှန်ရေးနေ့”ကို “တပ်မတော်နေ့”အဖြစ် အမည်ပြောင်းလဲပြီး ဒီကနေ့တိုင် ကျင်းပနေတာ ဖြစ်ပါတယ်။

Zawgyi

ေနျပည္ေတာ္ စစ္ေရးျပအခမ္းအနားမွာ ပန္းကုံးစြပ္ဖို႔ ျပည္သူမ်ားကိုစစ္ေကာင္စီဖိတ္ေခၚ

ေနျပည္ေတာ္မွာ မတ္လ ၂၇ ရက္ေန႔မွာက်င္းပမယ့္ (၇၇) ႏွစ္ေျမာက္ တပ္မေတာ္ေန႔အခမ္းအနားမွာ စစ္ေကာင္စီတပ္သားေတြဟာ စစ္ေၾကာင္းေတြနဲ႔ ခ်ီတက္ၿပီး စစ္ေရးျပမွာျဖစ္လို႔ ျပည္သူမ်ားအေနနဲ႔ ပန္းစည္းကမ္းျခင္း၊ ပန္းကုံးစြပ္ျခင္းေတြနဲ႔ ဂုဏ္ျပဳႏိုင္ေၾကာင္း စစ္ေကာင္စီက သူတို႔ရဲ႕ ဝါဒျဖန႔္ မီဒီယာေတြကတဆင့္ ဖိတ္ေခၚထားပါတယ္။

စစ္ေရးျပ စစ္ေၾကာင္းေတြကို ဂုဏ္ျပဳပန္းစည္းကမ္းလိုသူ ျပည္သူေတြအေနနဲ႔ တယ္လီဖုန္းနဲ႔ စာရင္းေပးသြင္းႏိုင္ၿပီး မွတ္ပုံတင္မူရင္း၊ လိုင္စင္ဓာတ္ပုံ ၂ ပုံနဲ႔ လုံၿခဳံေရးဝင္ခြင့္ကတ္ေတြ ထုတ္ေပးသြားမယ္လို႔ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ရဲ႕ လုံၿခဳံေရးေကာ္မတီက သတင္းထုတ္ျပန္ပါတယ္။

“တပ္မေတာ္ေန႔ စစ္ေရးျပမွာ ပန္းကုံးစြပ္တာက သူတို႔တပ္မိသားစုေတြပါပဲ။ အာဏာမသိမ္းခင္ကလည္း အျပင္လူ ဘယ္သူမွ လာစြပ္တာမဟုတ္ဘူး။ တပ္မိသားစုေတြပဲ ကိုယ့္လင္၊ ကိုယ့္သားျပန္ၿပီး ပန္းကုံးစြပ္ေနတာ။ အခုလို အာဏာသိမ္းကာလမွာ ျပည္သူလာဖို႔ ပိုဆိုးေပါ့။ သူတို႔ကလည္း အျပင္လူမယုံပါဘူး။ အခုကာလမွာ အျပင္လူလာမယ္ဆို သူတို႔က ပိုေတာင္ စိစစ္ဦးမယ္။ ဘာလို႔ဆိုေတာ့ သူတို႔စစ္ေၾကာင္းေတြကို တစ္ခုခုလုပ္မွာစိုးလို႔”လို႔ ေနျပည္ေတာ္က တပ္မိသားစုအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

၁၉၄၅ ခုႏွစ္၊ မတ္လ ၂၇ ရက္ေန႔ဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္တဲ့ ဗမာ့တပ္မေတာ္က တိုင္းရင္းသား ျပည္သူတရပ္လုံးနဲ႔လက္တြဲၿပီး ဖက္ဆစ္ဂ်ပန္ေတြကို ေတာ္လွန္တိုက္ခိုက္ခဲ့ေသာ ေန႔ျဖစ္တဲ့အတြက္ “ဖက္ဆစ္ေတာ္လွန္ေရးေန႔”အျဖစ္သတ္မွတ္ၿပီး ျမန္မာႏိုင္ငံမွာ အခမ္းအနားေတြ က်င္းပခဲ့ပါတယ္။
၁၉၆၂ ခုႏွစ္မွာ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ဦးေဆာင္တဲ့ ေတာ္လွန္ေရးေကာင္စီက အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း “ဖက္ဆစ္ေတာ္လွန္ေရးေန႔”ကို “တပ္မေတာ္ေန႔”အျဖစ္ အမည္ေျပာင္းလဲၿပီး ဒီကေန႔တိုင္ က်င္းပေနတာ ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်