ပထမဆုံး ဝက်နှလုံးအစားထိုးခွဲစိတ်သူ သေဆုံး

ကမ္ဘာမှာ ပထမဆုံး ဝက်နှလုံးအစားထိုးခွဲစိတ်သူ အမေရိကန်နိုင်ငံသား David Bennett (၅၇နှစ်) ဟာ နှလုံးခွဲစိတ်ပြီး ၂ လအကြာ မတ် ၈ ရက် မွန်းလွဲပိုင်းက သေဆုံးသွားတယ်လို့ ၎င်းကုသတဲ့ဆေးရုံကထုတ်ပြန်လိုက်ပါတယ်။

David Bennett ဟာ နှလုံးရောဂါရှိသူဖြစ်ပြီး ဇန်နဝါရီ ၇ ရက်က မေရီလန်ပြည်နယ်က Baltimore ဆေးရုံမှာ နှလုံးအစားထိုးခွဲစိတ်မှုခံယူခဲ့ပါတယ်။

David Bennett က “ကျွန်တော် အသက်ရှင်ချင်တယ်။ ဒါဟာ အမှောင်ထဲမှာ ပစ်သတ်ခံရမှန်း သိပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးရွေးချယ်မှုပဲ” လို့ပြောခဲ့ပါတယ်။

Bennett ဟာ မိသားစုနဲ့အတူ အချိန်ဖြန်းပြီး ရုပ်ပိုင်းဆိုင်ရာကုထုံးများပြုပြီးနောက်ခွဲစိတ်ပြီး ရက်သတ္တပတ်များစွာအတွင်းအစားထိုးခဲ့တဲ့ နှလုံးဟာ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ခဲ့တယ်လို့ ဆေးရုံကပြောပါတယ်။ ဒါပေမယ့် David Bennett သေဆုံးရတဲ့အကြောင်းရင်းကို တိတိကျကျ မဖော်ပြထားပါ။

ခွဲစိတ်မှုပြုလုပ်သူ ဒေါက်တာ Bartley P. Griffith က“မစ္စတာ Bennett ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ သူဟာ အဆုံးအထိ တိုက်ပွဲဝင်ခဲ့သော ရဲရင့်ပြီး မွန်မြတ်သော လူနာတစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့တယ်” လို့ပြောပါတယ်။

ဝက်နှလုံးအစားထိုးကုသမှုပြုလုပ်ခဲ့စဉ်က သိပ္ပံပညာရပ်မှာ ကိုယ်လက်အင်္ဂါလှူဒါန်းမှုတွင် ခြေတလှမ်းပိုနီးကပ်လာတယ်လို့ ဆေးဘက်ဆိုင်ရာကမှတ်ချက်ပြုကြပါတယ်။

Zawgyi

ပထမဆုံး ဝက္ႏွလုံးအစားထိုးခြဲစိတ္သူ ေသဆုံး

ကမာၻမွာ ပထမဆုံး ဝက္ႏွလုံးအစားထိုးခြဲစိတ္သူ အေမရိကန္ႏိုင္ငံသား David Bennett (၅၇ႏွစ္) ဟာ ႏွလုံးခြဲစိတ္ၿပီး ၂ လအၾကာ မတ္ ၈ ရက္ မြန္းလြဲပိုင္းက ေသဆုံးသြားတယ္လို႔ ၎ကုသတဲ့ေဆး႐ုံကထုတ္ျပန္လိုက္ပါတယ္။

David Bennett ဟာ ႏွလုံးေရာဂါရွိသူျဖစ္ၿပီး ဇန္နဝါရီ ၇ ရက္က ေမရီလန္ျပည္နယ္က Baltimore ေဆး႐ုံမွာ ႏွလုံးအစားထိုးခြဲစိတ္မႈခံယူခဲ့ပါတယ္။

David Bennett က “ကြၽန္ေတာ္ အသက္ရွင္ခ်င္တယ္။ ဒါဟာ အေမွာင္ထဲမွာ ပစ္သတ္ခံရမွန္း သိပါတယ္။ ဒါေပမယ့္ ဒါက ကြၽန္ေတာ့္ရဲ႕ ေနာက္ဆုံးေ႐ြးခ်ယ္မႈပဲ” လုိ႔ေျပာခဲ့ပါတယ္။

Bennett ဟာ မိသားစုနဲ႔အတူ အခ်ိန္ျဖန္းၿပီး ရုပ္ပိုင္းဆုိင္ရာကုထံုးမ်ားျပဳၿပီးေနာက္ခြဲစိတ္ၿပီး ရက္သတၱပတ္မ်ားစြာအတြင္းအစားထိုးခဲ့တဲ့ ႏွလံုးဟာ ေကာင္းေကာင္းမြန္မြန္အလုပ္လုပ္ခဲ့တယ္လုိ႔ ေဆးရံုကေျပာပါတယ္။ ဒါေပမယ့္ David Bennett ေသဆံုးရတဲ့အေၾကာင္းရင္းကို တိတိက်က် မေဖာ္ျပထားပါ။

ခြဲစိတ္မႈျပဳလုပ္သူ ေဒါက္တာ Bartley P. Griffith က“မစၥတာ Bennett ဆုံးရႈံးလိုက္ရတဲ့အတြက္ ကြၽန္ေတာ္တို႔ စိတ္မေကာင္းပါဘူး။ သူဟာ အဆုံးအထိ တိုက္ပြဲဝင္ခဲ့ေသာ ရဲရင့္ၿပီး မြန္ျမတ္ေသာ လူနာတစ္ဦးျဖစ္ေၾကာင္း သက္ေသျပခဲ့တယ္” လုိ႔ေျပာပါတယ္။

ဝက္ႏွလံုးအစားထိုးကုသမႈျပဳလုပ္ခဲ့စဥ္က သိပံၸပညာရပ္မွာ ကိုယ္လက္အဂၤါလွဴဒါန္းမႈတြင္ ေျခတလွမ္းပိုနီးကပ္လာတယ္လုိ႔ ေဆးဘက္ဆုိင္ရာကမွတ္ခ်က္ျပဳၾကပါတယ္။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်