ပလက်ဝမြို့နယ်တွင် ကျန်းမာရေးဌာနနဲ့အလှမ်းဝေးသောဒေသတွင်ဆေးဝါးမရှိ၍ တိုင်းရင်းဆေးဝါးဖြစ်ကုသနေရဆဲဟုဆို

ပလက်ဝမြို့နယ်တွင် ကျန်းမာရေးဌာနနဲ့အလှမ်းဝေးသောဒေသတွင်ဆေးဝါးမရှိ၍ တိုင်းရင်းဆေးဝါးဖြစ်ကုသနေရဆဲဟုဆို

ပလက်ဝမြို့နယ်တွင် ကျန်းမာရေးဌာနများနဲ့အလှမ်းဝေးသောနေရာများတွင် ဆေးဝါးမရှိ၍ တိုင်းရင်းဆေးကုသနည်းများဖြစ်သာ ကုသနေရဆဲလို့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်ကပြောပါတယ်။

စက်တင်ဘာ (၁၃)ရက်တွင်ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အခုလိုပြောကြားတာပါ။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်က “လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် နှစ် ၃၀ စီမံကိန်းဆောင်ရွက်နေကြောင်းသိရပါတယ်။ ကျေးလက်ဒေသတွင် ဆေးဝါးလုံလောက်စွာမသုံးစွဲနိုင်တာလည်းမြင်တွေ့ရတယ်။ တချို့ကျေးလက်ဒေသတွင် ဆေးဝါးလိုအပ်ပါကလည်း ဆေးဝါးဝယ်ယူရန်နေရာမရှိသဖြင့် မလိုအပ်ပဲ အသက်ဆုံးရှုံးမှုတွေရှိပါတယ်။ ကျန်မားရေးဌာန၊ ဌာနခွဲများနဲ့အလှမ်းဝေးသောဒေသများတွင် ဆေးဝါးမရှိ၍ တိုင်းရင်းဆေးဝါးနည်းနည်းပါးပါးတက်ကျွမ်းသူများထံအပြေးအလွှာကုသသူများလည်းရှိပါတယ်။ ပညာအခြေခံနည်းပါးခြင်း၊ ကျန်းမာရေးအသိပညာဗဟုသုတအားနည်းခြင်း ရှောင်ရန်၊ ဆောင်ရန်မသိရှိခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များနဲ့ အသက် ၅ နှစ်အောက်ကလေးငယ်များ အသေအပျောက်များစွာရှိနေဆဲဖြစ်ပါတယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်တွင် ကုတင် ၅၀ ဆံ့ တစ်ခု၊ တိုက်နယ်ဆေးရုံ ၂ ခု၊ ကျန်းမာရေးဌာန ၁၄ ခု နဲ့ ဌာနခွဲ ၃၅ ခုရှိပါတယ်။

ယင်းမေးခွန်းနဲ့ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူရန် ပထမအကြိမ်ရန်ပုံငွေ (၂၀၁၀.၉၃)သိန်း ခွဲဝေချထားပေးခဲ့ပါတယ်၊ အဆိုပါပထမရန်ပုံငွေမှ ချင်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ပလက်ဝမြို့နယ်အောက်ရှိ ကျန်းမာရေးဌာနများအတွက် (၂၃၇.၅) သိန်း (၁၁.၈%) တန်ဖိုးရှိသော ဆေးနှင့်ဆေးပစ္စည်း (၂၁)မျိုး အား ဖြန့်ဖြူးပေးခဲ့ပါတယ်။ စုစုပေါင်းဌာန (၁၁)ခုအတွက် ကျပ် (၇၆.၁၄)သိန်းတန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများကိုလည်းကောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုအတွက် ဆေးနှင့် ဆေးပစ္စည်း (၁၅)မျိုး တန်ဖိုး (၄.၁၄)သိန်း၊ စုစုပေါင်းဌာန (၃၉)ခုအတွက် ကျပ် (၁၆၁.၃၄)သိန်း တန်ဖိုးရှိပစ္စည်းများကိုလည်းကောင်း အသီးသီးဖြန့်ဖြူးပေးနိုင်ခဲ့တယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒုတိယအကြိမ် ရန်ပုံငွေကျပ် (၅၂၈.၀၆)သိန်း ခွဲဝေချထားမှုမှ ပလက်ဝမြို့နယ်ရှိ ကျန်းမာရေးဌာန များအတွက် ကျပ် (၈၅.၄)သိန်း (၁၆.၂%) တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း (၁၃)မျိုးအား ၂၀၁၉ ခုနှစ် စက်တင်ဘာလမကုန်မီ ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ထားရှိပါတယ်။ ကျေးလက်ကျန်းမာရေးဌာနတစ်ခုအတွက် ဆေးနှင့်ဆေးပစ္စည်း (၁၃)မျိုး တန်ဖိုး (၁.၆၅)သိန်း ကျပ် စုစုပေါင်း ဌာန (၁၆)ခုအတွက် (၂၆.၄)သိန်း တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း များကိုလည်းကောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုအတွက် ဆေးနှင့်ဆေးပစ္စည်း (၁၁)မျိုး တန်ဖိုး ကျပ် (၁) သိန်း စုစုပေါင်း (၅၉)ခုအတွက် ကျပ် (၅၉)သိန်း တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကိုလည်းကောင်း ၂၀၁၉ ခုနှစ် စက်တင်ဘာလမကုန်မီ ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ (၁၇၇၃.၁၄)သိန်း ခွဲဝေချထားပေးရန် လျာထားသောကြောင့် ၁၁ ရာခိုင်နှုန်း တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးနိုင်ရန် လျာထားလျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပလက်ဝမြို့နယ်ဆေးရုံအတွက် ကျပ်သိန်း (၂၀၀)ကျော် တန်ဖိုးရှိဆေးနှင့် ဆေးပစ္စည်းများ အားလည်းကောင်း၊ ပလက်ဝမြို့နယ် ဆမီးတိုက်နယ်ဆေးရုံအတွက် ကျပ်သိန်း (၉၀)တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများအားလည်းကောင်း၊ ပလက်ဝမြို့နယ် မီးဇာတိုက်နယ်ဆေးရုံအတွက် ကျပ်သိန်း (၉၀) တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများအားလည်းကောင်းထောက်ပံ့ပေးခဲ့ပါတယ်။

တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချင်းပြည်နယ် ပလက်ဝမြို့တွင် တိုင်းရင်းဆေးကုဌာနတစ်ခု ဆောက်လုပ်နိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ရန်ပုံငွေလျာထာပြီး ဖွဲ့စည်းပုံခွင့်ပြုပါက ဝန်ထမ်းများခန့်ထား၍ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်နိုင်မယ်လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်