ပလက်စတစ်ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု

ဒီကမ္ဘာပေါ်နေထိုင်သူတွေထဲမှာ လူသားတွေတင်မဟုတ်ပဲ အခြားသက်ရှိသတ္တဝါတွေလည်း ရှိနေတယ်ဆိုတာ အားလုံးသတိပြုမိကြမှာပါ။ ဥပမာ-ကုန်းနေ၊ရေနေသတ္တဝါ၊ သွေးအေးသတ္တဝါ၊ သွေးနွေးသတ္တဝါငှက်မျိုးစိတ်တွေနှင့် မျက်စိဖြင့်မမြင်နိုင်တဲ့ပိုးမွှားတွေစသဖြင့်ပေါ့။ အချို့သောဒေသတွေမှာ စနစ်ကျတဲ့အမှိုက်စီမံခန့်ခွဲမှုမရှိတာကြောင့် လူတွေဟာအမှိုက်တွေကို ခွဲ့ခြားမှုမရှိဘဲ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်နေကြပါသည်။

‌          ရေထဲကိုစွန့်ပစ်တဲ့အခြ ရေညစ်ညမ်းမှုကို ဖြစ်စေပြီး ရေနေသတ္တဝါတွေကိုထိခိုက် သေကြေပျက်စီးစေပါတယ်။ ရေစီးကြောင်းနှင့် မျောပါသွားတဲ့ပလက်စတစ်အပိုင်းအစတွေကို အစာအမှတ်နှင့် ငါးတွေကစားမိပြီး လူတွေကထိုငါးတွေကို အစားအစာအဖြစ်နဲ့ ပြန်စားသုံးကြပါတယ်။ ဒီလိုနည်းဖြင့် ပလက်စတစ်အပိုင်းအစတွေဟာ လူသားတွေရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နေပါတော့တယ်။

အမှိုက်တွေကို မြေပေါ်ပုံခြင်း၊ မီးရှို့ခြင်းတွေပြုလုပ်တဲ့အခါ ကုန်းနေသတ္တဝါတွေနဲ့ မြေကြီးမှာရှိတဲ့ အကျိုးပြုပိုးမွှားလေးတွေကို ထိခိုက်သေကြေပျက်စီးစေပါသည်။ လေထုညစ်ညမ်းမှုနှင့်အတူ အနံ့အက်ဆိုးများထွက်ပြီး ခြင်၊ ယင်၊ ကြွက်တွေပေါများလာပါသည်။ အမှိုက်ပုံနေရာတွေလည်း ကျယ်ပြန့်လာသည်။ ဒါ့အပြင် ရောနှောနေသည့် အမှိုက်တွေဟာ အချင်းချင်းဓာတ်ပြုပြီး အဆိပ်အတောက်ဓာတ်ငွေ့များထွက်လာကာ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု တွေအထိ ဆိုးရွားစေပါသည်။

ပလက်စတစ်အသုံးပြုခြင်း၏ ကျန်းမာရေးဆိုးကျိုးများ

89749265_870139876762152_2250664834217541632_n

ပလက်စတစ်သည် ဓာတုဗေဒပစ္စည်းများဖြင့်ပြုလုပ်ထားသောကြောင့် အသုံးပြုသူတိုင်းရဲ့ ကျန်းမာရေးကို အလွန်ထိခိုက်စေပါသည်။

  • အာရုံစူးစိုက်နိုင်မှုချို့ယွင်းခြင်း။
  • အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ(ပန်းနာ ရင်ကျပ်၊ အဆုတ်ကင်ဆာ)
  • ရင်သားကင်ဆာ
  • ဆီးကျိတ်ကင်ဆာ
  • အဝလွန်ခြင်း
  • ပေါင်ချိန်မပြည့်သည့် ကလေးမွေးခြင်း
  • သန္ဓေမအောင်ခြင်း၊ မြုံခြင်းစသည့် ရောဂါများဖြစ်စေပါသည်။ ထို့ပြင်သတိမမူမိဘဲ ရေရှည်သုံးစွဲနေတာတွေကြောင့် နာတာရှည်ရောဂါကိုပါ ခံစားလာရပါတယ်။

ပလက်စတစ်သုံးစွဲမှုလျှော့ချခြင်းဖြင့် အမှိုက်လျှော့ချရန်

32933222_1856507844400471_8207548942057996288_n

  • ကျန်းမာသည့်ဘဝနေထိုင်မှုနှင့် လှပသည့်သဘာဝပတ်ဝန်းကျင်အတွက် ပလက်စတစ်သုံးစွဲမှုကို လျှော့ချကြရပါမယ်။
  • အစားအသောက်များ ပါဆယ်ဝယ်ယူသည့်အခါ အဘိုး၊အဖွားခေတ်တုန်းကလို”စတီးချိုင့်”ကို ယူဆောင်သွားမယ်။
  • စျေးဝယ်တဲ့အခါ စျေးဆိုင်တွေကနေ ပလက်စတစ်အိတ်တွေ သယ်ယူလာမည့်အစား မိမိအိမ်ကနေ ပြန်သုံးလို့ရတဲ့ “စျေးဝယ်အိတ်” သို့မဟုတ်” စျေးခြင်းတောင်း”ကို ယူဆောင်သွားပါမယ်။
  • စျေးဆိုင်ရှင်များကလည်း ပလက်စတစ်အိတ်ကို အသုံးပြုမည့်အစား ယခင်ကလို စက္ကူ၊ အင်ဖက်၊ ဖက်ရွက်များကို အသုံးပြုပြီး ထုပ်ပိုးပေးပါမယ်။

ဒီလိုနည်းလမ်းတွေကိုသိရှိပြီးနောက် လိုက်ပါလုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ အခုကစပြီး သင်ကိုယ်တိုင် ပလက်စတစ်အိတ် သုံးစွဲဖို့ကို ငြင်းဆန်ပါ။ လျှော့ချပါ။

 

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်