ပလက်ဝမြို့ကနေ အဆက်မပျက်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ စိုးရိမ်ကြောက်လန့်နေကြ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွားနေသော AA နဲ့ စစ်တပ်အကြားက တိုက်ပွဲတွင် ပလက်ဝမြို့ အခြေစိုက် ခလရ ၂၈၉ ကနေ လက်နက်ကြီးဖြင့် ပစ်နေပြီး ဒီကနေ့ သြဂုတ် ၁၀ ရက် မနက် ၁၀ နာရီခွဲကစကာ လက်နက်ကြီး ပစ်သံ အကြိမ် ၂၀ ထက်မနည်း ကြားရပြီ ဖြစ်ကြောင်း မြိုခံတစ်ဦးက ပြောပါတယ်။

ဒီ‌ကနေ့ လက်နက်ကြီး ပစ်ခတ်မှုဟာ ခါတိုင်းထက် ပိုများသောကြောင့် မြို့ခံများအကြား စိုးရိမ်မှုမြင့်တက်လာပြီး တစ်ချို့မိဘများက ကျောင်းတက်နေသော သူတို့၏ ကလေးများကို ပြန်လာခေါ်သွားကြောင်း ကျောင်းလည်း ဆင်းနေကြပြီဟု ဒေသခံတစ်ဦးက ပြောပါတယ်။

ထို့အပြင် အများစုကလည်း ဈေးဆိုင်များကိုလည်း ပိတ်နေကြကြောင်းလည်း သိရပါတယ်။ မြို့ပေါ်နေပြည်သူများကလည်း ကြောက်လန့်နေကြကာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြကြောင်း သိရပါတယ်။

AA နဲ့ စစ်တပ်အကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ပလက်ဝ-ကျောက်တော် ရေကြောင်းလမ်းကို စစ်တပ်က ဩဂုတ်လ ၁ ရက်နေ့ကစပြီး ပိတ်ထားသောကြောင့် ပလက်ဝ မြို့ပေါ်တွင် အခြေခံစားသောက်ကုန်များ အားလုံးပြတ်လပ်နေကြောင်းလည်း ဒေသခံများက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်