ပလက်ဝမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးမထိုးနိုင်သေး

ချင်းပြည်နယ်တောင်ပိုင်း မြို့နယ် (၃) မြို့နယ်တွင် ဒီနေ့ ကိုဗစ်ကာကွယ်ဆေးထိုးပေမယ့် ပလက်ဝမြို့နယ်မှာတော့ ဆေးမရောက်သေးတာကြောင့် ဆေးမထိုးနိုင်သေးဘူးလို့ သတင်းရရှိပါတယ်။

ဒီနေ့တွင် ချင်းပြည်နယ် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်က ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြပါတယ်။
ဆမီးမြို့ ထွေအုပ် ဦးစီးမှူးက “ဆေးကတော့ မနေ့က မတူပီမှာသွားယူကြတယ်။ ဒီနေ့ထိမရောက်လာနိုင်သေးဘူး။ ပလက်ဝနဲ့ မတူပီက တစ်ရက်ခရီးသွားရပါတယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးများရောက်လာရင် ဆမီးမြို့က ကျန်းမာရေးဝန်ထမ်းတွေကို ပလက်ဝမြို့တွင်ခေါ်သွားပြီး ယင်းနေရာတွင် ကာကွယ်ဆေးထိုးနှံကြမှာဖြစ်ပါတယ်။

ချင်းပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီလ (၂၇)ရက်တွင် ချင်းပြည်နယ်မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့နယ်တွေမှာ ကျန်းမာရေးဝန်ထမ်း နှစ်ထောင်ကျော်ထံ ကာကွယ်ဆေးထိုးကြပါတယ်။

ကိုဗစ်ကာကွယ်ဆေးဟာ ဆေးထိုးပြီးပြီးချင်း အာနိသင်မခံစားရပေမယ့် ညပိုင်းမှာတော့ ဖျားတာ၊ ချမ်းတာ၊ ကိုယ်လက်မအိမသာဖြစ်တာတွေခံစားရတယ်လို့ မနေ့က ဆေးထိုးတဲ့ ကျန်းမာရေးဝန်ထမ်းတွေထံမှသိရပါတယ်။

ကာကွယ်ဆေးကြောင့် တုန့်ပြန်မှုဟာ ၃ရက်ထိပဲ ကြာနိုင်တာမို့ ၃ ရက်ကျော်တဲ့အထိ မသက်သာပါက သက်ဆိုင်ရာဆရာဝန်နဲ့ပြဖို့လိုပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕နယ္တြင္ ကိုဗစ္ကာကြယ္ေဆးမထုိးႏိုင္ေသး

ခ်င္းျပည္နယ္ေတာင္ပိုင္း ၿမိဳ႕နယ္ (၃) ၿမိဳ႕နယ္တြင္ ဒီေန႔ ကိုဗစ္ကာကြယ္ေဆးထုိးေပမယ့္ ပလက္ဝၿမိဳ႕နယ္မွာေတာ့ ေဆးမေရာက္ေသးတာေၾကာင့္ ေဆးမထိုးႏိုင္ေသးဘူးလို႔ သတင္းရရွိပါတယ္။

ဒီေန႔တြင္ ခ်င္းျပည္နယ္ မတူပီ၊ မင္းတပ္၊ ကန္ပက္လက္ၿမိဳ႕နယ္က က်န္းမာေရးဝန္ထမ္းေတြ ကိုဗစ္ကာကြယ္ေဆးထိုးႏွံၾကပါတယ္။
ဆမီးၿမိဳ႕ ေထြအုပ္ ဦးစီးမွဴးက “ေဆးကေတာ့ မေန႔က မတူပီမွာသြားယူၾကတယ္။ ဒီေန႔ထိမေရာက္လာႏိုင္ေသးဘူး။ ပလက္ဝနဲ႔ မတူပီက တစ္ရက္ခရီးသြားရပါတယ္” လုိ႔ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္တြင္ ကိုဗစ္ကာကြယ္ေဆးမ်ားေရာက္လာရင္ ဆမီးၿမိဳ႕က က်န္းမာေရးဝန္ထမ္းေတြကို ပလက္ဝၿမိဳ႕တြင္ေခၚသြားၿပီး ယင္းေနရာတြင္ ကာကြယ္ေဆးထိုးႏွံၾကမွာျဖစ္ပါတယ္။

ခ်င္းျပည္နယ္တြင္ ကိုဗစ္ကာကြယ္ေဆးကို ဇန္နဝါရီလ (၂၇)ရက္တြင္ ခ်င္းျပည္နယ္ေျမာက္ပိုင္းၿမိဳ႕နယ္ေတြျဖစ္တဲ့ ဟားခါး၊ ထန္တလန္၊ တီးတိန္၊ တြန္းဇံ၊ ဖလမ္းၿမိဳ႕နယ္ေတြမွာ က်န္းမာေရးဝန္ထမ္း ႏွစ္ေထာင္ေက်ာ္ထံ ကာကြယ္ေဆးထုိးၾကပါတယ္။

ကိုဗစ္ကာကြယ္ေဆးဟာ ေဆးထုိးၿပီးၿပီးခ်င္း အာနိသင္မခံစားရေပမယ့္ ညပိုင္းမွာေတာ့ ဖ်ားတာ၊ ခ်မ္းတာ၊ ကိုယ္လက္မအိမသာျဖစ္တာေတြခံစားရတယ္လို႔ မေန႔က ေဆးထုိးတဲ့ က်န္းမာေရးဝန္ထမ္းေတြထံမွသိရပါတယ္။

ကာကြယ္ေဆးေၾကာင့္ တုန႔္ျပန္မႈဟာ ၃ရက္ထိပဲ ၾကာႏိုင္တာမို႔ ၃ ရက္ေက်ာ္တဲ့အထိ မသက္သာပါက သက္ဆိုင္ရာဆရာဝန္နဲ႔ျပဖို႔လိုပါတယ္။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်