ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေမယ့် လိုင်းကြပ်နေဆဲဟုဆို

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်တွင် မနေ့ညကစပြီး အင်တာနက်လိုင်းပြန်ရပေမယ့် လိုင်းကြပ်နေတာကြောင့် သုံးလို့အဆင်မပြေသေးဘူးလို့ ပလက်ဝမြို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ပလက်ဝမြို့နေ ကိုဗိုလ်လေးက “မနေ့ည ည ၁၂ နာရီကျော်ကစရတာပါ။ အခု MPT ပဲကျန်တယ်။ တိုက်ပွဲဖြစ်လို့ Telenor ကပြန်ထွက်သွားပြီ။ ရုံးမှာအစောင့်တစ်ယောက်ပဲချထားတယ်။ အခု လိုင်းက သုံးလို့မရဘူး။ လိုင်းရခါစဆိုတော့ သုံးတဲ့သူများလို့ လိုင်းကြပ်နေတာလာမသိဘူး” လို့ပြောပါတယ်။

ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တွင် နယ်မြေမအေးချမ်းလို့ဟုဆိုကာ အင်တာနက်လိုင်းကို ၂၀၂၀ ခုနှစ် မေလတုန်းက စတင်ပိတ်ထားပါတယ်။

ပလက်ဝမြို့ ဒေသခံတစ်ဦးက “အင်တာနက်လိုင်းက တချို့ဖုန်းတွေမှာ ရတယ်။ တချို့ဖုန်းတွေကျတော့မရပြန်ဘူး။ ကျနော့်ဖုန်းဆိုလည်းမရဘူး။ အဝိုင်းပဲလည်နေတယ်။ နယ်တွေမှာတော့ အင်တာနက်လိုင်းမရဘူး။ ပလက်ဝနဲ့ ၃ မိုင်လောက်ဝေးတဲ့ အာဘောင်သားရွာထိပဲရတယ်” လို့ပြောပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕နယ္တြင္ အင္တာနက္လိုင္းျပန္ဖြင့္ေပမယ့္ လိုင္းၾကပ္ေနဆဲဟုဆို

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခုိင္ျပည္နယ္တြင္ မေန႔ညကစၿပီး အင္တာနက္လုိင္းျပန္ရေပမယ့္ လုိင္းၾကပ္ေနတာေၾကာင့္ သံုးလို႔အဆင္မေျပေသးဘူးလို႔ ပလက္ဝၿမိဳ႕ ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ပလက္ဝၿမိဳ႕ေန ကိုဗိုလ္ေလးက “မေန႔ည ည ၁၂ နာရီေက်ာ္ကစရတာပါ။ အခု MPT ပဲက်န္တယ္။ တုိက္ပြဲျဖစ္လို႔ Telenor ကျပန္ထြက္သြားၿပီ။ ရံုးမွာအေစာင့္တစ္ေယာက္ပဲခ်ထားတယ္။ အခု လုိင္းက သံုးလို႔မရဘူး။ လုိင္းရခါစဆိုေတာ့ သံုးတဲ့သူမ်ားလို႔ လုိင္းၾကပ္ေနတာလာမသိဘူး” လို႔ေျပာပါတယ္။

ခ်င္းျပည္နယ္ နဲ႔ ရခိုင္ျပည္နယ္တြင္ နယ္ေျမမေအးခ်မ္းလို႔ဟုဆိုကာ အင္တာနက္လုိင္းကို ၂၀၂၀ ခုႏွစ္ ေမလတုန္းက စတင္ပိတ္ထားပါတယ္။

ပလက္ဝၿမိဳ႕ ေဒသခံတစ္ဦးက “အင္တာနက္လုိင္းက တခ်ဳိ႕ဖုန္းေတြမွာ ရတယ္။ တခ်ဳိ႕ဖုန္းေတြက်ေတာ့မရျပန္ဘူး။ က်ေနာ့္ဖုန္းဆိုလည္းမရဘူး။ အဝိုင္းပဲလည္ေနတယ္။ နယ္ေတြမွာေတာ့ အင္တာနက္လိုင္းမရဘူး။ ပလက္ဝနဲ႔ ၃ မိုင္ေလာက္ေဝးတဲ့ အာေဘာင္သားရြာထိပဲရတယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်