ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည်နယ်အချို့မှာ အင်တာနက်လိုင်းပြန်ပိတ်

ပလက်ဝ နဲ့ ရခိုင်ပြည်နယ်အချို့မှာ အင်တာနက်လိုင်းပြန်ပိတ် ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည်နယ် မြို့နယ် (၄)ခုမှာ ဖေဖော်ဝါရီလ (၃)ရက် ညကစပြီး အင်တာနက်လိုင်းများ ပိတ်ထားကြောင်းဒေသခံတွေဆီကသတင်းရရှိပါတယ်။

Telenor Myanmar ယင်းကဲ့သို့ အင်တာနက်လိုင်းပိတ်ရခြင်းမှာ မြန်မာ့ဆက်သွယ်ရေးရုံးရဲ့ညွှန်ကြားချက်ကြောင့်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “မနေ့ည ၉ နာရီ ၄၅ မိနစ်ကစပြီး အင်တာနက်လိုင်းကျသွားတယ်။ ကျနော်ကတော့ MPT ပဲသုံးတယ်။ ကုမ္ပဏီကနေ နာရီဝက်လောက်ကြာတော့ စာတိုပို့လာတယ်။ သုံးစွဲမှုတွက်ကျေးဇူးတင်ကြောင်း၊ အင်တာနက်ယာယီလိုင်းပိတ်ထားကြောင်း တွေပါတယ်။ ဒီလို အင်တာနက်ပိတ်တော့ အဓိက ရုံးဘက်ဆိုင်ရာစာတွေပို့တဲ့ခါမှာ အခက်အခဲဖြစ်မယ်။ ပလက်ဝက ပြည်နယ်ရုံးနဲ့အလှမ်းဝေးတယ်လေ။ ဒါကြောင့် အချက်အလက်နည်းနည်းနောက်ကျမယ်။ လိုအပ်တဲ့သတင်းနောက်ကျရင် မကောင်းဘူး။ သတင်းဦးတွေလည်းဖတ်လို့မရတော့ဘူးပေါ့။ ပလက်ဝမှာ MTP money နဲ့ Wave Money ရှိတော့ ငွေလွဲရင်ခဏလေးပဲ။ ခုလို လိုင်းမရတော့ရင် ငွေလွှဲတဲ့ခါမှာ ဘဏ်ကိုပဲသွားရတော့မယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်တွင် MPT နဲ့ Ooredoo နှစ်မျိုးသာရှိပါတယ်။ ပလက်ဝ နဲ့ ရခိုင်ပြည်နယ်အချို့တွင် ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်မှစပြီး အင်တာနက်လိုင်းပိတ်ထားပြီး စက်တင်ဘာလ (၁)ရက်နေ့တွင် ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ်မှာတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တို့တွင် အင်တာနက်လိုင်းရရှိပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဍားကျွန်း မြို့နယ်တွင်မူ လိုင်းပိတ်ထားဆဲဖြစ်ပါတယ်။

လက်ရှိမှာ တပ်မတော် နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပလက်ဝမှာသာမက အမ်းမြို့နယ်ဘက်မှာလည်း ပစ်ခတ်မှုတွေမကြာခဏရှိလာပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕နယ္ နဲ႔ ရခိုင္ျပည္နယ္အခ်ိဳ႕မွာ အင္တာနက္လိုင္းျပန္ပိတ္

ပလက္ဝ နဲ႔ ရခိုင္ျပည္နယ္အခ်ိဳ႕မွာ အင္တာနက္လိုင္းျပန္ပိတ္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ နဲ႔ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ (၄)ခုမွာ ေဖေဖာ္ဝါရီလ (၃)ရက္ ညကစၿပီး အင္တာနက္လိုင္းမ်ား ပိတ္ထားေၾကာင္းေဒသခံေတြဆီကသတင္းရရွိပါတယ္။

Telenor Myanmar ယင္းကဲ့သို႔ အင္တာနက္လိုင္းပိတ္ရျခင္းမွာ ျမန္မာ့ဆက္သြယ္ေရး႐ုံးရဲ႕ၫႊန္ၾကားခ်က္ေၾကာင့္လို႔ မေန႔က သတင္းထုတ္ျပန္ထားပါတယ္။

ပလက္ဝေဒသခံတစ္ဦးက “မေန႔ည ၉ နာရီ ၄၅ မိနစ္ကစၿပီး အင္တာနက္လိုင္းက်သြားတယ္။ က်ေနာ္ကေတာ့ MPT ပဲသုံးတယ္။ ကုမၸဏီကေန နာရီဝက္ေလာက္ၾကာေတာ့ စာတိုပို႔လာတယ္။ သုံးစြဲမႈတြက္ေက်းဇူးတင္ေၾကာင္း၊ အင္တာနက္ယာယီလိုင္းပိတ္ထားေၾကာင္း ေတြပါတယ္။ ဒီလို အင္တာနက္ပိတ္ေတာ့ အဓိက ႐ုံးဘက္ဆိုင္ရာစာေတြပို႔တဲ့ခါမွာ အခက္အခဲျဖစ္မယ္။ ပလက္ဝက ျပည္နယ္႐ုံးနဲ႔အလွမ္းေဝးတယ္ေလ။ ဒါေၾကာင့္ အခ်က္အလက္နည္းနည္းေနာက္က်မယ္။ လိုအပ္တဲ့သတင္းေနာက္က်ရင္ မေကာင္းဘူး။ သတင္းဦးေတြလည္းဖတ္လို႔မရေတာ့ဘူးေပါ့။ ပလက္ဝမွာ MTP money နဲ႔ Wave Money ရွိေတာ့ ေငြလြဲရင္ခဏေလးပဲ။ ခုလို လိုင္းမရေတာ့ရင္ ေငြလႊဲတဲ့ခါမွာ ဘဏ္ကိုပဲသြားရေတာ့မယ္” လို႔ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္တြင္ MPT နဲ႔ Ooredoo ႏွစ္မ်ိဳးသာရွိပါတယ္။ ပလက္ဝ နဲ႔ ရခိုင္ျပည္နယ္အခ်ိဳ႕တြင္ ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၁)ရက္မွစၿပီး အင္တာနက္လိုင္းပိတ္ထားၿပီး စက္တင္ဘာလ (၁)ရက္ေန႔တြင္ ခ်င္းျပည္နယ္ ပလက္ဝနဲ႔ ရခိုင္ျပည္နယ္မွာေတာ့ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္နဲ႔ ေျမပုံၿမိဳ႕နယ္တို႔တြင္ အင္တာနက္လိုင္းရရွိၿပီး ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပားနဲ႔ ပု႑ားကြၽန္း ၿမိဳ႕နယ္တြင္မူ လိုင္းပိတ္ထားဆဲျဖစ္ပါတယ္။

လက္ရွိမွာ တပ္မေတာ္ နဲ႔ ေအေအလက္နက္ကိုင္တပ္ဖြဲ႔ေတြဟာ ပလက္ဝမွာသာမက အမ္းၿမိဳ႕နယ္ဘက္မွာလည္း ပစ္ခတ္မႈေတြမၾကာခဏရွိလာပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်