ပလက်ဝ ဓမ္မအမှုတော်ဆောင်အတွက် စစ်ကောင်စီထောက်ပံ့ငွေကို ကိုဗစ်၊ အောက်ဆီဂျင်နဲ့ ဆေးရုံမှာပြန်လည်လှူဒါန်း

ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့က ပလက်ဝမြို့နယ် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များအတွက်ထောက်ပံ့လှူ ဒါန်းထားတဲ့
၅,၅၈၀,၀၀၀ ကျပ်ကို မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး၊ အောက်ဆီဂျင်စက်ရုံ၊ နဲ့ ပြည်သူ့ဆေးရုံသို့ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်တွင်ပြန်လည်ပေးအပ်လှူဒါန်းထားတယ်လို့သိရပါတယ်။

စက်တင်ဘာ ၁၁ ရက် ညနေ ၂ နာရီခွဲတွင် ပလက်ဝနှစ်ခြင်းဘုရားကျောင်းမှာ ပလက်ဝခရစ်ယာန်အသင်းတော်များကောင်စီနဲ့ ပလက်ဝ ဧဝံဂေလိမဟာမိတ်အဖွဲ့တို့က စစ်ကောင်စီထံကနေ ထောက်ပံ့ငွေလက်ခံရရှိထားပါတယ်။

ပလက်ဝ ခရစ်ယာန်အသင်း တော်များကောင်စီဥက္ကဌ ဆရာတော်ထိန်ဘေးက “ဟိုတနေ့က ဂိုဏ်းပေါင်းစုံအမှုတော်ဆောင်အားလုံး အစည်းအဝေးထိုင်တယ်။ အဲ့ဒါကို ပလက်ဝထွေအုပ်ရုံးမှာ စာတင်တယ်။ ချင်းပြည်နယ်အစိုးရအနေနဲ့ ပလက်ဝမြို့အမှုတော်ဆောင်တွေကူညီတာအရမ်းကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် လက်ရှိပလက်ဝမြို့ပေါ်မှာ ကိုဗစ်နဲ့ဖြစ်ဖြစ် ကျနော်တို့ သင်းအုပ်ဆရာတွေထက် အခြားခက်ခဲတဲ့ပြည်သူတွေရှိတော့ သူတို့အတွက်လှူဒါန်းရင်ကောင်းမယ်လို့စာတင်တယ်။ သူတို့က ရုံးမှာပြန်ခေါ်တယ်။ လက်ခံဖို့ပြောတော့ ဒီနေ့ လက်ခံပေးလိုက်တယ်။ ပလက်ဝကလည်း တခြားနယ်နဲ့မတူတော့ အများကြီးစဉ်းစားရတယ်” လို့ပြောပါတယ်။

ပြန်လည်လှူဒါန်းတဲ့စာရင်းကတော့ ပလက်ဝမြို့ ပြည်သူ့ဆေးရုံအတွက် မီးစက် ၁ လုံးနဲ့ ဒီဇယ်ဝယ်ရန် ၁၀ သိန်း၊ ပလက်ဝမြို့ အောက်ဆီဂျင်စက်ဖြစ်မြောက်ရန်အတွက် ၁၀ သိန်း၊ ပလက်ဝမြို့ ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ၃,၃၆၄,၀၀၀ ကျပ်နဲ့ ၂၁၆,၀၀၀ ကျပ်တန် ဆန်၊ဆီ၊ ဆား၊ ပဲ တို့ဖြစ်ပါတယ်။

(Zawgyi)

ပလက္ဝ ဓမၼအမႈေတာ္ေဆာင္အတြက္ စစ္ေကာင္စီေထာက္ပံ့ေငြကို ကိုဗစ္၊ ေအာက္ဆီဂ်င္နဲ႔ ေဆးရံုမွာျပန္လည္လွဴဒါန္း

ခ်င္းျပည္နယ္ စစ္ေကာင္စီအဖြဲ႔က ပလက္ဝၿမိဳ႕နယ္ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္မ်ားအတြက္ေထာက္ပံ့လွဴ ဒါန္းထားတဲ့ ၅,၅၈၀,၀၀၀ က်ပ္ကို ၿမိဳ႕နယ္ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရး၊ ေအာက္ဆီဂ်င္စက္ရံု၊ နဲ႔ ျပည္သူ႔ေဆးရံုသို႔ ဒီကေန႔ စက္တင္ဘာ ၁၃ ရက္တြင္ျပန္လည္ေပးအပ္လွဴဒါန္းထားတယ္လုိ႔သိရပါတယ္။

စက္တင္ဘာ ၁၁ ရက္ ညေန ၂ နာရီခြဲတြင္ ပလက္ဝႏွစ္ျခင္းဘုရားေက်ာင္းမွာ ပလက္ဝခရစ္ယာန္အသင္းေတာ္မ်ားေကာင္စီနဲ႔ ပလက္ဝ ဧဝံေဂလိမဟာမိတ္အဖြဲ႕တို႔က စစ္ေကာင္စီထံကေန ေထာက္ပံ့ေငြလက္ခံရရွိထားပါတယ္။

ပလက္ဝ ခရစ္ယာန္အသင္း ေတာ္မ်ားေကာင္စီဥကၠဌ ဆရာေတာ္ထိန္ေဘးက “ဟိုတေန႔က ဂိုဏ္းေပါင္းစံုအမႈေတာ္ေဆာင္အားလံုး အစည္းအေဝးထုိင္တယ္။ အဲ့ဒါကို ပလက္ဝေထြအုပ္ရံုးမွာ စာတင္တယ္။ ခ်င္းျပည္နယ္အစိုးရအေနနဲ႔ ပလက္ဝၿမိဳ႕အမႈေတာ္ေဆာင္ေတြကူညီတာအရမ္းေက်းဇူးတင္ေၾကာင္း၊ ဒါေပမယ့္ လက္ရွိပလက္ဝၿမိဳ႕ေပၚမွာ ကိုဗစ္နဲ႔ျဖစ္ျဖစ္ က်ေနာ္တုိ႔ သင္းအုပ္ဆရာေတြထက္ အျခားခက္ခဲတဲ့ျပည္သူေတြရွိေတာ့ သူတို႔အတြက္လွဴဒါန္းရင္ေကာင္းမယ္လို႔စာတင္တယ္။ သူတို႔က ရံုးမွာျပန္ေခၚတယ္။ လက္ခံဖုိ႔ေျပာေတာ့ ဒီေန႔ လက္ခံေပးလုိက္တယ္။ ပလက္ဝကလည္း တျခားနယ္နဲ႔မတူေတာ့ အမ်ားၾကီးစဥ္းစားရတယ္” လို႔ေျပာပါတယ္။

ျပန္လည္လွဴဒါန္းတဲ့စာရင္းကေတာ့ ပလက္ဝၿမိဳ႕ ျပည္သူ႔ေဆးရံုအတြက္ မီးစက္ ၁ လံုးနဲ႔ ဒီဇယ္ဝယ္ရန္ ၁၀ သိန္း၊ ပလက္ဝၿမိဳ႕ ေအာက္ဆီဂ်င္စက္ျဖစ္ေျမာက္ရန္အတြက္ ၁၀ သိန္း၊ ပလက္ဝၿမိဳ႕ ကိုဗစ္ ၁၉ ကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ ၃,၃၆၄,၀၀၀ က်ပ္နဲ႔ ၂၁၆,၀၀၀ က်ပ္တန္ ဆန္၊ဆီ၊ ဆား၊ ပဲ တို႔ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်