ပေါက်နယ်မှာ စစ်ကောင်စီက ကျေးရွာများကို မီးရှို့တဲ့အပြင် တောထဲရှောင်နေသည့် ဒေသခံများ၏ ရိက္ခာများကိုပါ ထပ်မံမီးရှို့ဖျက်ဆီး

မကွေးတိုင်၊း ပေါက်မြို့နယ်ရှိ ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွာများကို မီးရှို့ရုံသာမက ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသူရွာသားများ၏ စားနပ်ရိက္ခာများကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက အသိပေးထားသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ် ရှိ ကျေးရွာများကို မီးရှို့ခဲ့ရာ ရွာ ၁၃ရွာထက်မနည်းမီးရှို့ခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။

ပေါက်နှင့် ဆက်စပ်နေသည့် ပခုက္ကူနှင့် ဆိပ်ဖြူနယ်ရှိ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။

“ပေါက်မြို့နယ် တောင်ပိုင်းက ကျောက်အိုးရွာက စစ်ဘေးရှောင်ပြည်သူတွေပါ။ စစ်ခွေးတွေဟာ ရွာလုံးကျွတ် မီးရှို့လို့အားမရဘူး ရှောင်ပုန်းသူတွေရဲ့ အစားအသောက် ရိက္ခာတွေပါ ထပ်မံမီးရှို့တယ်။ စစ်တပ်ကို ကြောက်လို့ တစ်ရွာလုံး ပြေးလွှား ဒုက္ခများနေကြရတယ်” ဟု Pauk Alliance Groupက ယနေ့ထုတ်ပြန်သည်။

ထို့ကြောင့် စစ်ဘေးရှောင်များအတွက် အစားအသောက်၊ ရိက္ခာ ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟုလည်း အသိပေးထားသည်။

Zawgyi

ေပါက္နယ္မွာ စစ္ေကာင္စီက ေက်း႐ြာမ်ားကို မီးရႈိ႕တဲ့အျပင္ ေတာထဲေရွာင္ေနသည့္ ေဒသခံမ်ား၏ ရိကၡာမ်ားကိုပါ ထပ္မံမီးရႈိ႕ဖ်က္ဆီး

မေကြးတိုင္၊း ေပါက္ၿမိဳ႕နယ္ရွိ ေက်း႐ြာအမ်ားအျပားကို မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္သည္ ႐ြာမ်ားကို မီးရႈိ႕႐ုံသာမက ထြက္ေျပးတိမ္းေရွာင္ေနသည့္ ႐ြာသူ႐ြာသားမ်ား၏ စားနပ္ရိကၡာမ်ားကိုပါ မီးရႈိ႕ဖ်က္ဆီးသြားေၾကာင္း ေဒသခံမ်ားက အသိေပးထားသည္။

စစ္ေကာင္စီတပ္ႏွင့္ ပ်ဴေစာထီးမ်ားသည္ ဧၿပီ ၇ရက္မွစ၍ ေပါက္ၿမိဳ႕နယ္ ရွိ ေက်း႐ြာမ်ားကို မီးရႈိ႕ခဲ့ရာ ႐ြာ ၁၃႐ြာထက္မနည္းမီးရႈိ႕ခံခဲ့ရေၾကာင္း ေဒသခံတို႔က ေျပာသည္။

ေပါက္ႏွင့္ ဆက္စပ္ေနသည့္ ပခုကၠဴႏွင့္ ဆိပ္ျဖဴနယ္ရွိ ေက်း႐ြာအခ်ိဳ႕ကိုလည္း စစ္ေကာင္စီတပ္က မီးရႈိ႕သြားသည္ဟု ဆိုသည္။

“ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းက ေက်ာက္အိုး႐ြာက စစ္ေဘးေရွာင္ျပည္သူေတြပါ။ စစ္ေခြးေတြဟာ ႐ြာလုံးကြၽတ္ မီးရႈိ႕လို႔အားမရဘူး ေရွာင္ပုန္းသူေတြရဲ႕ အစားအေသာက္ ရိကၡာေတြပါ ထပ္မံမီးရႈိ႕တယ္။ စစ္တပ္ကို ေၾကာက္လို႔ တစ္႐ြာလုံး ေျပးလႊား ဒုကၡမ်ားေနၾကရတယ္” ဟု Pauk Alliance Groupက ယေန႔ထုတ္ျပန္သည္။

ထို႔​ေၾကာင့္ စစ္ေဘးေရွာင္မ်ားအတြက္ အစားအေသာက္၊ ရိကၡာ ၊ ေဆးဝါး၊ လူသုံးကုန္ပစၥည္းမ်ား အေရးေပၚ လိုအပ္လ်က္ရွိသည္ဟုလည္း အသိေပးထားသည္။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်