ပြည်သူတွေကို ဒီဟာတွေနဲ့သတ်နေတယ်ဆိုတာ သက်သေပြချင်တယ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူကိုပစ်ခတ်ရာမှ မပေါက်ကွဲပဲ ကျန်ရှိနေတဲ့လက်နက်ကြီးကျည်မျိုးစုံကို ဒေသခံတွေက ကောက်ရထားလို့သိရပါတယ်။

RPG တွေ၊ ၄၀ မမကျည်ဆံ နဲ့ အမျိုးအမည်မသိတဲ့ လက်နက်ကြီးကျည်တွေလည်းပါပါတယ်။

ဒေသခံတစ်ဦးက “ဒီဟာတွေကို ကောင်းကောင်းထိန်းသိမ်းထားမယ်။ ဘာလို့လဲဆို စစ်တပ်က ပြည်သူတွေကို ဒီဟာတွေနဲ့ သတ်တယ်ဆိုတာ သက်သေပြချင်တယ်” လို့ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ကလေးမြို့တာဟန်းခံတပ်ကို မတ် (၂၇)ရက်ကလည်းကောင်း၊ တောင်ပိုင်းတွင် မတ်လ ၂၉ ရက်ကနေ ဧပြီလ ၂ ရက်ထိလည်းကောင်း၊ ဧပြီလ ရ ရက်နေ့တွင် တာဟန်းခံတပ်နဲ့ တောင်ဖီလာခံတပ်ကိုလည်းကောင်း လက်နက်ကြီးမျိုးစုံအသုံးပြု၍ ပြည်သူတွေကို သတ်ဖြတ်လို့ ဒေသခံ ၃၀ သေဆုံးသွားပါပြီ။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်