ပြည်သူနဲ့လွှတ်တော်ကိုယ်စားလှယ်တွေတင်ပြတဲ့ ကုမ္ပဏီ (၂၀)ကျော်ကို တင်ဒါထပ်ပေးမှာမဟုတ်ဟုဆို

၂၀၁၉၊ နိုဝင်ဘာလ (၁၆)
ချင်းပြည်နယ်တွင် လုပ်ကိုင်နေတဲ့ ကုမ္ပဏီအချို့ဟာ တာဝန်မကျေလို့ အစိုးရထံမှတိုင်ကြားခြင်းခံရတဲ့ ကုမ္ပဏီ (၂၀)ကျော်ကို ဒီနှစ်တင်ဒါရာသီကစပြီး တင်ဒါထပ်မပေးတော့ဘူးလို့ ပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ်။

ဝန်ကြီးဦးစိုးထက်က “ချင်းပြည်နယ်မှာရှိတဲ့ ကုမ္ပဏီတော်တော်များများကို တချို့ဒေသခံတွေမကျေနပ်လို့ နောက်ထပ်တင်ဒါ မပေးဖို့ တင်ပြလာတာ ကုမ္ပဏီ ၂၀ လောက်ရှိတယ်။ တာဝန်မကျေဘူး။ Black Listလုပ်ဖို့ ထိတော့ ကန့်သတ်ချက်တွေအများကြီးရှိတယ်။ ဒါတင်ပြတဲ့အဆင့်ပဲရှိတယ်။ အစိုးရကတော့ ကိုယ့်ဒေသခံလူတွေပဲဆိုပြီးစောင့်ကြည့်နေတယ်။ နောက်လာမယ့်တင်ဒါ မှာတော့ စာနဲ့တင်ပြခံရတဲ့ကုမ္ပဏီတွေကို တင်ဒါ ပေးမှာမဟုတ်ဘူး။ ကုမ္ပဏီတွေကတော့ လမ်းဖောက်တဲ့လူတွေ၊ အဆောက်အအုံဆောက်တဲ့သူတွေပဲ။ လမ်း၊ တံတား၊ ကျောင်းဆောင်၊ ဆေးရုံ၊ ဆေးခန်းတွေဆောက်တဲ့ချိန်မှာအရည်အချင်းမမှီဘူး ခပ်ညံ့ညံ့ဖြစ်နေတယ်။ ဒေသခံကုမ္ပဏီတွေလည်း ပါသလို အပြင်က ကုမ္ပဏီတွေလည်းပါတယ်” လို့ပြောပါတယ်။

မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတိတ်ထန်းက ယခုနှစ်တွင် Royal Sun Star ကုမ္ပဏီ၊ ညီအစ်ကို ဘရားသားကုမ္ပဏီ၊ ဇလပ်မြေ နဲ့ ၎င်းရဲ့ကုမ္ပဏီခွဲ Great Power ကုမ္ပဏီ၊ Global Village ကုမ္ပဏီတွေကို လုပ်ငန်းတာဝန်မကျေပွန်လို့ ပြည်နယ်အစိုးရထံမှာ နောက်ထပ်တင်ဒါမပေးဖို့ တင်ပြထားပါတယ်။ ၎င်းတို့ထဲမှာ ဇလပ်မြေတစ်ခုထဲ ဒေသခံကုမ္ပဏီဖြစ်ပြီး တခြားကုမ္ပဏီတွေကတော့ ပြည်မဘက်ကလာရောက်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။

ဦးတိတ်ထန်းက “ပြည်သူတွေက ကျနော်တို့ဆီမှာပြောလာတာတော်တော်ကြာနေပြီ။ ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာဌာနကို လိပ်မူပြီး နောက်တင်ဒါမှာ မစဉ်းစားဖို့စာပို့ထားတယ်။ လုပ်ငန်းကမပြီးပျက်သေးပေမယ့် ရွာလူကြီးတွေကို ဒီကတော့ငွေထုတ်သွားရင်ခဏနေပြီးသွားမယ်ဆိုပြီးလက်မှတ်ထိုးပေးကြတယ်။ ငွေလည်းထုတ်ရော ပြန်မလှည့်လာကြတော့ပဲ လမ်းကတစ်ဝက်တစ်ပျက်နဲ့ကျန်ထားတာတွေရှိတယ်။ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်မှတ်မပါပဲနဲ့ ဘယ်လိုနဲ့ငွေထုတ်နိုင်ကြတာလဲဆိုတာ မေးခွန်းထုတ်စရာလည်းဖြစ်တယ်။ အရင်နှစ်တွေတုန်းကလည်း ပါးစပ်နဲ့ပြောပေမယ့် တင်ဒါကို ထပ်မံထပ်မံရလာကြတာပါပဲ။ အခုတင်ပြတဲ့ ကုမ္ပဏီတွေက တစ်နှစ်ထဲတာဝန်ပျက်ကွက်လို့တင်တာမဟုတ်ဘူး။ ဒီလိုဖြစ်နေတာ ကြာပြီ” လို့ပြောပါတယ်။

ဆက်လက်ပြီး ၎င်းက “Royal Sun Star အဆောက်ဦး၊ လမ်းတွေဆောက်တာ တစ်ပိုင်းတစ်စနဲ့တစ်ခုမှ အဆင်မပြေဘူး။ Global Village ကုမ္ပဏီက မိုးရာသီကျရင် လမ်းပြင်ထိန်းဖို့ စက်နဲ့လူပါထားပေးမယ်လို့ပြောပီးတော့ ဘာမှမလုပ်ဘူး။ နောက်တစ်နှစ်ကျန်သေးတယ်ပြောပြီးတော့ ပြန်တယ်။ ပြည်မဘက်ကလာတဲ့ ကုမ္ပဏီတွေဆို လုပ်ငန်းပြီးပြီဆိုပြီး ပြန်သွားပြီး ပြင်ထိန်းပြန်လှည့်မကြည့်တော့ဘူး။ ညီအစ်ကို ဘရားသားကုမ္ပဏီဆို တစ်နှစ်လာလုပ်ပြီး ပြင်ထိန်းမလုပ်တော့ဘူး။ သူများလုပ်ပီးသာပုံရိုက်တင်ပြပြီး အစိုးရကပိုက်ဆံထုတ်တယ်။ ကြားထဲ ပြည်သူတွေက ကျနော်တို့ကို အမျိုးမျိုးထုထောင်းကြတယ်။ ဇလပ်မြေကုမ္ပဏီက ကြံ့ခိုင်ရေးခေတ်ကလုပ်လာတာ အကျင့်ပါလာတာဖြစ်မှာပေါ့။ ဒီခေတ်မှာလည်း ပြော၊ဆိုလို့မရဘူး။ ဝန်ကြီးတွေနဲ့ပေါင်းရင်ကျနော်တို့ကိုခရုမစိုက်တော့ဘူး။ တစ်ခုကို ပိုင်ပိုင်နိုင်မလုပ်ပဲ တခြားဟာတွေလျှောက်နေတယ်။ ဒီနှစ်ဆို စီမံကိန်း ၅ ခုလုပ်တယ်။ တစ်ခုမှအဆင်မပြေဘူး” လို့ပြောပါတယ်။

ချင်းပြည်နယ်တွင် ကုမ္ပဏီ တစ်ထောင်ခန့်ရှိပြီး အများစုဟာ အစိုးရကချပေးတဲ့ တင်ဒါတွေဝင်ပြိုင်ဖို့ တည်ထောင်ထားတဲ့ ၂၀၁၀၊ ၂၀၁၅ ခုနှစ်နောက်ပိုင်းပေါ်ပေါက်လာတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေဖြစ်ပါတယ်။

ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးပြေမင်းက “ကျနော်တို့ကတော့ ဌာနကိုပဲ ကုမ္ပဏီတွေကို အနီးကပ်ကြီးကြပ်ပေးဖို့ တိုက်တွန်းတယ်။ ပေါင်းစပ်ညိုနှိုင်းခြင်းသဘောနဲ့တင်ပြတာပါ။ မဟုတ်ရင် လုပ်ငန်းမပီးပျက်ခင် ဘတ်ဂျက်ပြန်သိမ်းရင်မြို့နယ်နစ်နာတယ်လေ။ အစိုးရကိုတင်ပြတာတော့မရှိဘူး။ ကုမ္ပဏီ ၄၊ ၅၊ ၁၀ ခုလောက်တော့ သတ်မှတ်အချိန်မှာလုပ်ငန်းမပီးပျက်တာရှိမယ်။ ဒါပေမယ့် ကျနော်တို့နားလည်းပေးတယ်။ ဒေသအခြေအနေအရ လမ်းပန်းအခက်အခဲ၊ နယ်မြေလုံခြုံရေးကိစ္စတွေကြောင့် လုပ်ငန်းကနှောင့်နှေးသွားတာရှိနိုင်တယ်လေ။ နယ်မြေမတည်ငြိမ်တာကြောင့် အစိုးရက ရက်ပြန်စွန့်တာလည်းရှိတယ်” လို့ပြောပါတယ်။

Zawgyi

ျပည္သူနဲ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြတင္ျပတဲ့ ကုမၸဏီ (၂၀)ေက်ာ္ကို တင္ဒါထပ္ေပးမွာမဟုတ္ဟုဆို

၂၀၁၉၊ ႏိုဝင္ဘာလ (၁၆)
ခ်င္းျပည္နယ္တြင္ လုပ္ကိုင္ေနတဲ့ ကုမၸဏီအခ်ိဳ႕ဟာ တာဝန္မေက်လို႔ အစိုးရထံမွတိုင္ၾကားျခင္းခံရတဲ့ ကုမၸဏီ (၂၀)ေက်ာ္ကို ဒီႏွစ္တင္ဒါရာသီကစၿပီး တင္ဒါထပ္မေပးေတာ့ဘူးလို႔ ျပည္နယ္စည္ပင္ဝန္ႀကီး ဦးစိုးထက္ကဆိုပါတယ္။

ဝန္ႀကီးဦးစိုးထက္က “ခ်င္းျပည္နယ္မွာရွိတဲ့ ကုမၸဏီေတာ္ေတာ္မ်ားမ်ားကို တခ်ိဳ႕ေဒသခံေတြမေက်နပ္လို႔ ေနာက္ထပ္တင္ဒါ မေပးဖို႔ တင္ျပလာတာ ကုမၸဏီ ၂၀ ေလာက္ရွိတယ္။ တာဝန္မေက်ဘူး။ Black Listလုပ္ဖို႔ ထိေတာ့ ကန႔္သတ္ခ်က္ေတြအမ်ားႀကီးရွိတယ္။ ဒါတင္ျပတဲ့အဆင့္ပဲရွိတယ္။ အစိုးရကေတာ့ ကိုယ့္ေဒသခံလူေတြပဲဆိုၿပီးေစာင့္ၾကည့္ေနတယ္။ ေနာက္လာမယ့္တင္ဒါ မွာေတာ့ စာနဲ႔တင္ျပခံရတဲ့ကုမၸဏီေတြကို တင္ဒါ ေပးမွာမဟုတ္ဘူး။ ကုမၸဏီေတြကေတာ့ လမ္းေဖာက္တဲ့လူေတြ၊ အေဆာက္အအုံေဆာက္တဲ့သူေတြပဲ။ လမ္း၊ တံတား၊ ေက်ာင္းေဆာင္၊ ေဆး႐ုံ၊ ေဆးခန္းေတြေဆာက္တဲ့ခ်ိန္မွာအရည္အခ်င္းမမွီဘူး ခပ္ညံ့ညံ့ျဖစ္ေနတယ္။ ေဒသခံကုမၸဏီေတြလည္း ပါသလို အျပင္က ကုမၸဏီေတြလည္းပါတယ္” လို႔ေျပာပါတယ္။

မင္းတပ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးတိတ္ထန္းက ယခုႏွစ္တြင္ Royal Sun Star ကုမၸဏီ၊ ညီအစ္ကို ဘရားသားကုမၸဏီ၊ ဇလပ္ေျမ နဲ႔ ၎ရဲ႕ကုမၸဏီခြဲ Great Power ကုမၸဏီ၊ Global Village ကုမၸဏီေတြကို လုပ္ငန္းတာဝန္မေက်ပြန္လို႔ ျပည္နယ္အစိုးရထံမွာ ေနာက္ထပ္တင္ဒါမေပးဖို႔ တင္ျပထားပါတယ္။ ၎တို႔ထဲမွာ ဇလပ္ေျမတစ္ခုထဲ ေဒသခံကုမၸဏီျဖစ္ၿပီး တျခားကုမၸဏီေတြကေတာ့ ျပည္မဘက္ကလာေရာက္လုပ္ကိုင္တဲ့ ကုမၸဏီေတြျဖစ္ပါတယ္။

ဦးတိတ္ထန္းက “ျပည္သူေတြက က်ေနာ္တို႔ဆီမွာေျပာလာတာေတာ္ေတာ္ၾကာေနၿပီ။ ဝန္ႀကီးခ်ဳပ္နဲ႔ သက္ဆိုင္ရာဌာနကို လိပ္မူၿပီး ေနာက္တင္ဒါမွာ မစဥ္းစားဖို႔စာပို႔ထားတယ္။ လုပ္ငန္းကမၿပီးပ်က္ေသးေပမယ့္ ႐ြာလူႀကီးေတြကို ဒီကေတာ့ေငြထုတ္သြားရင္ခဏေနၿပီးသြားမယ္ဆိုၿပီးလက္မွတ္ထိုးေပးၾကတယ္။ ေငြလည္းထုတ္ေရာ ျပန္မလွည့္လာၾကေတာ့ပဲ လမ္းကတစ္ဝက္တစ္ပ်က္နဲ႔က်န္ထားတာေတြရွိတယ္။ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ လက္မွတ္မပါပဲနဲ႔ ဘယ္လိုနဲ႔ေငြထုတ္ႏိုင္ၾကတာလဲဆိုတာ ေမးခြန္းထုတ္စရာလည္းျဖစ္တယ္။ အရင္ႏွစ္ေတြတုန္းကလည္း ပါးစပ္နဲ႔ေျပာေပမယ့္ တင္ဒါကို ထပ္မံထပ္မံရလာၾကတာပါပဲ။ အခုတင္ျပတဲ့ ကုမၸဏီေတြက တစ္ႏွစ္ထဲတာဝန္ပ်က္ကြက္လို႔တင္တာမဟုတ္ဘူး။ ဒီလိုျဖစ္ေနတာ ၾကာၿပီ” လို႔ေျပာပါတယ္။

ဆက္လက္ၿပီး ၎က “Royal Sun Star အေဆာက္ဦး၊ လမ္းေတြေဆာက္တာ တစ္ပိုင္းတစ္စနဲ႔တစ္ခုမွ အဆင္မေျပဘူး။ Global Village ကုမၸဏီက မိုးရာသီက်ရင္ လမ္းျပင္ထိန္းဖို႔ စက္နဲ႔လူပါထားေပးမယ္လို႔ေျပာပီးေတာ့ ဘာမွမလုပ္ဘူး။ ေနာက္တစ္ႏွစ္က်န္ေသးတယ္ေျပာၿပီးေတာ့ ျပန္တယ္။ ျပည္မဘက္ကလာတဲ့ ကုမၸဏီေတြဆို လုပ္ငန္းၿပီးၿပီဆိုၿပီး ျပန္သြားၿပီး ျပင္ထိန္းျပန္လွည့္မၾကည့္ေတာ့ဘူး။ ညီအစ္ကို ဘရားသားကုမၸဏီဆို တစ္ႏွစ္လာလုပ္ၿပီး ျပင္ထိန္းမလုပ္ေတာ့ဘူး။ သူမ်ားလုပ္ပီးသာပုံ႐ိုက္တင္ျပၿပီး အစိုးရကပိုက္ဆံထုတ္တယ္။ ၾကားထဲ ျပည္သူေတြက က်ေနာ္တို႔ကို အမ်ိဳးမ်ိဳးထုေထာင္းၾကတယ္။ ဇလပ္ေျမကုမၸဏီက ႀကံ့ခိုင္ေရးေခတ္ကလုပ္လာတာ အက်င့္ပါလာတာျဖစ္မွာေပါ့။ ဒီေခတ္မွာလည္း ေျပာ၊ဆိုလို႔မရဘူး။ ဝန္ႀကီးေတြနဲ႔ေပါင္းရင္က်ေနာ္တို႔ကိုခ႐ုမစိုက္ေတာ့ဘူး။ တစ္ခုကို ပိုင္ပိုင္ႏိုင္မလုပ္ပဲ တျခားဟာေတြေလွ်ာက္ေနတယ္။ ဒီႏွစ္ဆို စီမံကိန္း ၅ ခုလုပ္တယ္။ တစ္ခုမွအဆင္မေျပဘူး” လို႔ေျပာပါတယ္။

ခ်င္းျပည္နယ္တြင္ ကုမၸဏီ တစ္ေထာင္ခန႔္ရွိၿပီး အမ်ားစုဟာ အစိုးရကခ်ေပးတဲ့ တင္ဒါေတြဝင္ၿပိဳင္ဖို႔ တည္ေထာင္ထားတဲ့ ၂၀၁၀၊ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္းေပၚေပါက္လာတဲ့ ေဆာက္လုပ္ေရးကုမၸဏီေတြျဖစ္ပါတယ္။

ပလက္ဝၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေျပမင္းက “က်ေနာ္တို႔ကေတာ့ ဌာနကိုပဲ ကုမၸဏီေတြကို အနီးကပ္ႀကီးၾကပ္ေပးဖို႔ တိုက္တြန္းတယ္။ ေပါင္းစပ္ညိဳႏႈိင္းျခင္းသေဘာနဲ႔တင္ျပတာပါ။ မဟုတ္ရင္ လုပ္ငန္းမပီးပ်က္ခင္ ဘတ္ဂ်က္ျပန္သိမ္းရင္ၿမိဳ႕နယ္နစ္နာတယ္ေလ။ အစိုးရကိုတင္ျပတာေတာ့မရွိဘူး။ ကုမၸဏီ ၄၊ ၅၊ ၁၀ ခုေလာက္ေတာ့ သတ္မွတ္အခ်ိန္မွာလုပ္ငန္းမပီးပ်က္တာရွိမယ္။ ဒါေပမယ့္ က်ေနာ္တို႔နားလည္းေပးတယ္။ ေဒသအေျခအေနအရ လမ္းပန္းအခက္အခဲ၊ နယ္ေျမလုံၿခဳံေရးကိစၥေတြေၾကာင့္ လုပ္ငန္းကေႏွာင့္ေႏွးသြားတာရွိႏိုင္တယ္ေလ။ နယ္ေျမမတည္ၿငိမ္တာေၾကာင့္ အစိုးရက ရက္ျပန္စြန႔္တာလည္းရွိတယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်