ပြည်သူများ ဝမ်းပျက်ဝမ်းလျှော်ဖြစ်လို့ ရေတွင်းသန့်ရှင်းရာ စစ်ကောင်စီတပ်များချထားတဲ့ လက်နက်ကြီးကျည်တွေ့ရှိ

မကွေးတိုင်း၊ ဆောမြို့နယ် အကြည်ရွာတွင်နေထိုင်တဲ့ ပြည်သူများဟာ ဗိုက်နာ၊ ဝမ်းပျက် ဝမ်းလျှော်ဖြစ်လို့ ရေတွင်းကို သန်းရှင်းရာ စစ်ကောင်စီတပ်များကချထားတဲ့ အသုံးမပြုရသေးသော လက်နက်ကြီးကျည်များကို ဇွန် ၂၁ ရက်ကတွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၂၂)ရက်ဝန်းကျင်က ကျောက်ထု-ပခုက္ကူမြို့ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးကင်းယူထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဆောမြို့နယ် အကြည်ရွာမှာစခန်းချစဉ် ပြည်သူများအသုံးပြုတဲ့ ရေတွင်း ၂ ခုတွင် လက်နက်ကြီးကျည်ချထားခြင်းဖြစ်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ စခန်းလာချလို့ ရွာသားအားလုံးလည်း ဘေးလွတ်ရာသို့တိမ်းရှောင်ကြပြီး စစ်ကောင်စီတပ်သားတွေပြန်လှည့်ပြီးနောက် ရွာသားတွေလည်း ရွာထဲသို့ပြန်ဝင်လာခဲ့ပါတယ်။

ရွာသားတွေဟာ အဲ့ဒီရေတွင်းထဲက ရေတွေကိုသောက်သုံးကြာရာ ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှော်ဖြစ်ကြတာကြောင့် ရေတွင်းကိုသန့်ရှင်းရေးလုပ်တဲ့ချိန်မှာ အခုလို လက်နက်ကြီးကျည်တွေတွေ့ရှိခဲ့တာဖြစ်တယ်။

Zawgyi

ျပည္သူမ်ား ဝမ္းပ်က္ဝမ္းေလွ်ာ္ျဖစ္လို႔ ေရတြင္းသန႔္ရွင္းရာ စစ္ေကာင္စီတပ္မ်ားခ်ထားတဲ့ လက္နက္ႀကီးက်ည္ေတြ႕ရွိ

မေကြးတိုင္း၊ ေဆာၿမိဳ႕နယ္ အၾကည္႐ြာတြင္ေနထိုင္တဲ့ ျပည္သူမ်ားဟာ ဗိုက္နာ၊ ဝမ္းပ်က္ ဝမ္းေလွ်ာ္ျဖစ္လို႔ ေရတြင္းကို သန္းရွင္းရာ စစ္ေကာင္စီတပ္မ်ားကခ်ထားတဲ့ အသုံးမျပဳရေသးေသာ လက္နက္ႀကီးက်ည္မ်ားကို ဇြန္ ၂၁ ရက္ကေတြ႕ရွိတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ၿပီးခဲ့တဲ့ ေမလ(၂၂)ရက္ဝန္းက်င္က ေက်ာက္ထု-ပခုကၠဴၿမိဳ႕ျပန္ဆင္းလာတဲ့ စစ္ေကာင္စီယာဥ္တန္းကို လုံၿခဳံေရးကင္းယူထားတဲ့ စစ္ေကာင္စီတပ္သားေတြဟာ ေဆာၿမိဳ႕နယ္ အၾကည္႐ြာမွာစခန္းခ်စဥ္ ျပည္သူမ်ားအသုံးျပဳတဲ့ ေရတြင္း ၂ ခုတြင္ လက္နက္ႀကီးက်ည္ခ်ထားျခင္းျဖစ္တယ္လို႔ ေဒသခံေတြထံကသိရပါတယ္။

႐ြာထဲမွာ စစ္ေကာင္စီတပ္သားေတြ စခန္းလာခ်လို႔ ႐ြာသားအားလုံးလည္း ေဘးလြတ္ရာသို႔တိမ္းေရွာင္ၾကၿပီး စစ္ေကာင္စီတပ္သားေတြျပန္လွည့္ၿပီးေနာက္ ႐ြာသားေတြလည္း ႐ြာထဲသို႔ျပန္ဝင္လာခဲ့ပါတယ္။

႐ြာသားေတြဟာ အဲ့ဒီေရတြင္းထဲက ေရေတြကိုေသာက္သုံးၾကာရာ ဗိုက္နာ၊ ဝမ္းပ်က္ဝမ္းေလွ်ာ္ျဖစ္ၾကတာေၾကာင့္ ေရတြင္းကိုသန႔္ရွင္းေရးလုပ္တဲ့ခ်ိန္မွာ အခုလို လက္နက္ႀကီးက်ည္ေတြေတြ႕ရွိခဲ့တာျဖစ္တယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်