ဖလမ်းမြို့တွင် ကချင်စစ်ဘေးရှောင်အတွက် ပထမနေ့အလှူခံရာ (၃၅)သိန်းကျော်ရရှိ

ဖလမ်းမြို့မှာ လူငယ်တွေက ဒီကနေ့ ကချင်စစ်ဘေးရှောင်အတွက် ပထမနေ့အလှူခံရာ ကျပ် (၃,၅၃၆,၂၅၀) ရရှိထားတယ်လို့သိရပါတယ်။

ဖလမ်းမြို့ရှိ အသင်းတော်(၁၃)ပါးက ကျပ်(၁,၃၉၀,၀၀၀)အလှူငွေရရှိပြီး မြို့တွင်းရပ်ကွက်နှစ်ခုမှ အိမ်ထောင်စု(၅၄၇)အိမ်က အလှူငွေ ကျပ်(၂,၁၄၆,၂၅၀)ရရှိထားပါတယ်။

မနက်ဖြန်တွင်လည်း နောက်ထပ် ရပ်ကွက်နှစ်ခုမှာ ဆက်လက်အလှူခံသွားမယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်