ဖလမ်းမြို့မှာကချင်စစ်ဘေးရှောင်ပြည်သူတွေတွက် ဆုတောင်းပွဲနဲ့ အလှူငွေကောက်ခံမယ်

ကချင်စစ်ဘေးရှောင်ပြည်သူတွေအတွက် ဖလမ်းမြို့ ဖလမ်းနှစ်ခြင်းအသင်းတော်မှာ မေလ(၂၁)ရက်မှာ တစ်မြို့လုံးဆုတောင်းပွဲပြုလုပ်မယ်လို့သိရပါတယ်။

ဓာတ်ပုံ-Kachin Youth Movement

“စာနဲ့တော့ကြေညာထားပြီ။ မနက်ဖြန် ဘုရားကျောင်းမှာလည်း ထပ်ပြီးတော့ ကြေညာဖို့ပြောထားတယ်။ ပြီးတော့ မေ(၂၂)ရက်မှာ ဖလမ်းမြို့လူငယ်တွေက တစ်အိမ်တက်ဆင်းနဲ့ အလှူငွေကောက်ခံသွားမယ်”လို့ ဖလမ်းမြို့ဒေသခံ ဆလိုင်းငယ်ပီးကဆိုပါတယ်။

ဓာတ်ပုံ-Kachin Youth Movement

ဒီ့ပြင် မနက်ဖြန် (မေ၂၀)ရက်မှာလည်း အမေရိကန်ရောက် ချင်းအသင်းတော်တွေမှာ ကချင်စစ်ဘေးရှောင်တွေကူညီဖို့ သီးသန့်အလှူငွေကောက်ခံမယ်လို့သိရပါတယ်။ တခြားချင်းလူမှုအဖွဲ့အစည်းတွေကလည်း ကချင်စစ်ဘေးရှောင်တွေကူညီဖို့ အလှူငွေကောက်ခံလျက်ရှိပါတယ်။

Photo-Kachin Youth Movement

ကချင်ပြည်နယ် စစ်ပွဲဟာ ဧပြီလဆန်းကစပြီးပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်လူဦးရေ ၇၄၀၀ ကျော်ရှိလာတာကြောင့် နေရာထိုင်ခင်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။ တချို့စစ်ဘေးရှောင်တွေဟာ တောထဲမှာအခုထိပိတ်မိနေပြီး ၎င်းတို့ကို စားနပ်ရိပ်က္ခာထောက်ပံ့မှုလည်းမရခဲ့ကြပါ။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်