ဖလမ်းမြို့တွင် စည်ပင်ဝန်ထမ်းအပါအဝင် လူ (၃)ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဖလမ်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအမှုဆောင်အရာရှိအပါအဝင် လူ (၃)ဦးထံမှ ဒီကနေ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

၎င်းတို့ထဲမှ ပိုးတွေ့လူနာတစ်ဦးဟာ ဒီမနက် မီးလောင်တဲ့ချိန်မှာ ကူညီကယ်ဆယ်ရေးမှာ သွားရောက်ပါဝင်ခဲ့ပါတယ်။

ပိုးတွေ့လူနာ ၃ ဦးဟာ တီးတိန်မြို့မှပြန်လာပြီး Positive ဖြစ်သွားတဲ့ ဖလမ်းမြို့နယ် ကျေးလက်ဌာနမှူးနဲ့ လွတ်လပ်ရေးနေ့ညမှာ သီချင်းအတူတူဆိုတဲ့သူတွေဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ တလွန်ကျူံးထန်က “မနေ့ညက ကျေးလက်ဌာနမှူးစီမှာ ပိုးတွေ့တယ်။ သူ့ contact တွေစစ်ဆေးတော့ လွတ်လပ်ရေးနေ့ညမှာ သူငယ်ချင်း ၃ ယောက်နဲ့အိမ်မှာ အတူတူသီချင်းဆိုကြတယ်။ သူနဲ့ ဂေါက်သီးအတူတူရိုက်တဲ့သူတွေလည်းရှိပေမယ့် သူတို့ကတော့ Negative ပါ။ သူနဲ့အတူတူသီချင်းဆိုတဲ့ ၃ ယောက်စလုံး Positive ထွက်တယ်။ ပိုးတွေ့တဲ့သူတွေထဲမှာ ဒီမနက် မီးလောင်တဲ့ချိန် သွားကူတဲ့လူတစ်ယောက်လည်းရှိပါတယ်။ ဒါပေမယ့် ဒါကတော့ သိပ်စိုးရိမ်စရာတော့ရှမယ်မထင်ဘူး။ အနီးကပ်ထိတွေ့တာလည်း သိပ်ရှိမယ်မထင်ဘူး။ သူက ဘာလို့ Q မထည့်တာလဲဆိုရင် ကျေးလက်ဌာနမှူးရဲ့ contact စီမှာ မနေ့ညကပဲ ပိုးတွေ့တာ။ ကွင်းဆက်ကိုလိုက်ပြီးတော့ ဒီမနက်မှာ အားလုံးစစ်ဆေးမယ်လို့စီစဉ်ထားတာ။ ကျေးလက်ဌာနမှူးက နှစ်သစ်ကူးမှာ တီးတိန်ကိုပြန်တယ်။ အရင်ပတ် သောကြာနေ့ကလည်း တီးတိန်ကိုထပ်သွားပြီးတော့ ဖလမ်းအဝင်ဂိတ်မှာ စစ်ဆေးတော့ ရောဂါတွေ့သွားတယ်။ ကွင်းဆက်တွေအားလုံးစစ်တော့ တခြားလူတွေစီမှာတော့ မတွေ့ဘူး။ သူနဲ့အတူတူ သီချင်းဆိုတဲ့သူစီမှာပဲ ကူးသွားတယ်။ ဒါကြောင့် သတိထားဖို့ ပြောချင်တာက ဘုရားဝတ်ပြုတဲ့ချိန်မှာလည်း မိုက်ကိုသတိထားကြဖို့လိုမယ်။ မိုက်မကိုင်ခင် နဲ့ မိုက်ကိုင်ပြီး လက်ဆေးစေချင်တယ်” လို့ပြောပါတယ်။

ဒါကြောင့် အခု ဖလမ်းမြို့နယ် စည်ပင်ဝန်ထမ်းတွေအားလုံးကို ကိုဗစ် ပိုးရှိ၊ မရှိ စစ်ဆေးလျက်ရှိပါတယ်။ အခု contact person ၂၈ ယောက်ကို စစ်ဆေးလျက်ရှိပါတယ်။ လက်ရှိဖလမ်းမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၇)ယောက် ရှိပါတယ်။

(Zawgyi)

ဖလမ္းၿမိဳ႕တြင္ စည္ပင္ဝန္ထမ္းအပါအဝင္ လူ (၃)ဦးထံ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႔ရွိ

ဖလမ္းၿမိဳ႕တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအမႈေဆာင္အရာရွိအပါအဝင္ လူ (၃)ဦးထံမွ ဒီကေန႔ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႔ရွိတယ္လို႔သတင္းရရွိပါတယ္။

၄င္းတို႔ထဲမွ ပိုးေတြ႔လူနာတစ္ဦးဟာ ဒီမနက္ မီးေလာင္တဲ့ခ်ိန္မွာ ကူညီကယ္ဆယ္ေရးမွာ သြားေရာက္ပါဝင္ခဲ့ပါတယ္။

ပိုးေတြ႔လူနာ ၃ ဦးဟာ တီးတိန္ၿမိဳ႕မွျပန္လာၿပီး Positive ျဖစ္သြားတဲ့ ဖလမ္းၿမိဳ႕နယ္ ေက်းလက္ဌာနမွဴးနဲ႔ လြတ္လပ္ေရးေန႔ညမွာ သီခ်င္းအတူတူဆိုတဲ့သူေတြျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဖလမ္းၿမိဳ႕ ျပည္သူ႔ေဆးရံုအုပ္ ေဒါက္တာ တလြန္က်ဴံးထန္က “မေန႔ညက ေက်းလက္ဌာနမွဴးစီမွာ ပိုးေတြ႔တယ္။ သူ႔ contact ေတြစစ္ေဆးေတာ့ လြတ္လပ္ေရးေန႔ညမွာ သူငယ္ခ်င္း ၃ ေယာက္နဲ႔အိမ္မွာ အတူတူသီခ်င္းဆိုၾကတယ္။ သူနဲ႔ ေဂါက္သီးအတူတူရိုက္တဲ့သူေတြလည္းရွိေပမယ့္ သူတို႔ကေတာ့ Negative ပါ။ သူနဲ႔အတူတူသီခ်င္းဆိုတဲ့ ၃ ေယာက္စလံုး Positive ထြက္တယ္။ ပိုးေတြ႔တဲ့သူေတြထဲမွာ ဒီမနက္ မီးေလာင္တဲ့ခ်ိန္ သြားကူတဲ့လူတစ္ေယာက္လည္းရွိပါတယ္။ ဒါေပမယ့္ ဒါကေတာ့ သိပ္စိုးရိမ္စရာေတာ့ရွမယ္မထင္ဘူး။ အနီးကပ္ထိေတြ႔တာလည္း သိပ္ရွိမယ္မထင္ဘူး။ သူက ဘာလို႔ Q မထည့္တာလဲဆိုရင္ ေက်းလက္ဌာနမွဴးရဲ႕ contact စီမွာ မေန႔ညကပဲ ပိုးေတြ႔တာ။ ကြင္းဆက္ကိုလုိက္ၿပီးေတာ့ ဒီမနက္မွာ အားလံုးစစ္ေဆးမယ္လို႔စီစဥ္ထားတာ။ ေက်းလက္ဌာနမွဴးက ႏွစ္သစ္ကူးမွာ တီးတိန္ကိုျပန္တယ္။ အရင္ပတ္ ေသာၾကာေန႔ကလည္း တီးတိန္ကိုထပ္သြားၿပီးေတာ့ ဖလမ္းအဝင္ဂိတ္မွာ စစ္ေဆးေတာ့ ေရာဂါေတြ႔သြားတယ္။ ကြင္းဆက္ေတြအားလံုးစစ္ေတာ့ တျခားလူေတြစီမွာေတာ့ မေတြ႔ဘူး။ သူနဲ႔အတူတူ သီခ်င္းဆိုတဲ့သူစီမွာပဲ ကူးသြားတယ္။ ဒါေၾကာင့္ သတိထားဖို႔ ေျပာခ်င္တာက ဘုရားဝတ္ျပဳတဲ့ခ်ိန္မွာလည္း မိုက္ကိုသတိထားၾကဖို႔လိုမယ္။ မိုက္မကိုင္ခင္ နဲ႔ မုိက္ကိုင္ၿပီး လက္ေဆးေစခ်င္တယ္” လို႔ေျပာပါတယ္။

ဒါေၾကာင့္ အခု ဖလမ္းၿမိဳ႕နယ္ စည္ပင္ဝန္ထမ္းေတြအားလံုးကို ကိုဗစ္ ပိုးရွိ၊ မရွိ စစ္ေဆးလ်က္ရွိပါတယ္။ အခု contact person ၂၈ ေယာက္ကို စစ္ေဆးလ်က္ရွိပါတယ္။ လက္ရွိဖလမ္းၿမိဳ႕တြင္ ကိုဗစ္-၁၉ ပိုးေတြ႔လူနာ စုစုေပါင္း (၇)ေယာက္ ရွိပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်