ဖလမ်းမြို့တွင် မြေကွက်သစ် (၂၀၀)ကျော်ရောင်းချဖို့ လျှောက်ထားသူ (၈၀၀)ကျော်ရှိ

ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက် နဲ့ တလန်လိုရပ်ကွက်အတွင်းရှိ မြေကွက် အသစ် (၂၄၅)ကွက်ကို နိုဝင်ဘာလ (၂)ရက်နေ့တွင် မဲနှိုက်မယ်လို့သတင်းရရှိပါတယ်။

ယင်းမြေကွက်များကို ဈေးနှုန်းအမျိုးမျိုးခွဲရာ (A)အဆင့် မြေကွက်ကို သိန်း(၂၀)၊ (B)အဆင့်မြေကွက်ကို (၁၀)သိန်း၊ (C)အဆင့်မြေကွက်ကို (၅)သိန်းဖြင့် ပြည်သူများအား မဲနိုက်စနစ်ဖြင့်ရောင်းချ ပေးမှာဖြစ်ပါတယ်။

ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြာအွယ်က “လာလျှောက်တဲ့သူတွေက မြို့ပေါ်ရော၊ တောရွာဘက်ကလူတွေလည်းပါပါတယ်။ နေရာကတော့ ဖလမ်းဆေးရုံရဲ့တစ်ဖက် မီးသတ်ရုံး နားမှာပါ။ လေဆိပ်သွားတဲ့လမ်းတစ်လျှောက်နေရာတွေပါ။ မြေကွက်လျှောက်လို့ရတဲ့သတ်မှတ်ထားတဲ့လူတွေကတော့ ကိုယ်ပိုင်မြေကွက်မရှိတဲ့ ဝန်ထမ်းပင်ဆင်တွေ၊ ပါစတာပင်ဆင်တွေ၊ သူများအိမ်မှာ နှစ်ကြာအိမ်ငှားတဲ့သူတွေပဲလျှောက်ခိုင်းထားတယ်။ ကိုယ်ပိုင်အိမ်နဲ့မြေကွက်ရှိတဲ့သူတွေလက်မခံဘူး။ ရေကတော့ အဆင်မပြေသေးဘူး” လို့ပြောပါတယ်။

မြေကွက်ရရှိတဲ့သူတွေကို ရန်ပုံငွေကို ရက် (၃၀)အတွင်း မြန်မာ့စီးပွားရေးဘဏ်တွင်ပေးသွင်းရမှာဖြစ်ပြီး မပေးသွင်းနိုင်ပါက ပြန်လည်ရုပ်သိမ်းမယ်လို့သိရပါတယ်။

မြေကွက် အကျယ်အဝန်းက ပေ ၆၀၊ ပေ ၈၀ ရှိပါတယ်။ မြေကွက်သစ်ဖော်ဆောင်တဲ့နေရာဟာ ဟားခါးဘက်မှ ဖလမ်းမြို့အဝင်ကနေလည်း သွားလို့ရပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်