ဖလမ်းမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် အသေအပျောက်များဟုဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ပါရ်သဲကျေးရွာနဲ့ လုမ်ဘမ်ကျေးရွာအနီးမှာ ဒီနေ့ ဇန်နဝါရီ ၁၆ ရက် မနက် ရနာရီကနေ ညနေ ၅ နာရီအထိ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CNDF တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က အသေအပျောက်များနိုင်တယ်လို့ CNDF ထံကသတင်းရရှိပါတယ်။

ဒါကြောင့် ဖလမ်းမြို့ တပ်ကုန်းကနေ အဝေးပစ်လက်နက်ကြီး ၁၂၀ မမနဲ့ ၂ ကြိမ်ပစ်ခတ်ပြီး CNDF ဘက်က ထိခိုက်ဒဏ်ရာရရှိသူမရှိပါ။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ် ချောင်းခွရွာဘက်ကနေ အင်အား ၂၅၀ တက်လာပြီး ဖလမ်းမြို့နယ် ဗားရ်တံတား ကင်းစခန်းမှာ အင်အား ၁၀၀ လောက်ကျန်ရစ်ခဲ့ပြီး အင်အား ၁၅၀ လောက်နဲ့ ဖလမ်း-ကလေးလမ်းပေါ်က ပါးရ်သဲရွာဘက်သို့ မနေ့ကပြန်ဆင်းသွားကြပါတယ်။

ဒါကြောင့် ပါးရ်သဲ၊ လုမ်ဘမ်နဲ့ ဖလမ်း-ကလေးလမ်းပေါ်က ရွာသားတွေ ဘေးလွတ်ရာသို့တိမ်းရှောင်ကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ကလေးမြို့က တက်လာတဲ့ စစ်ကောင်စီတပ်တွေကို သွားရောက်ပူးပေါင်းမယ်လို့ယူဆရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေ စစ်ကြောင်းထွက်လာတာကြောင့် ဖလမ်းမြို့နယ် ဝေဘူလမြို့အနီးတဝိုက်က ကျေးရွာ ၈ ရွာက ပြည်သူ ၂၈၇၃ ဦးဟာ ဘေးလွတ်ရာသို့တိမ်းရှောင်ကြပြီး ဝေဘူလမြို့က အိမ်တစ်လုံးကိုမီးရှို့ကြတယ်လို့လည်းသိရတယ်။

Zawgyi

ဖလမ္းၿမိဳ႕အနီးမွာ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီတပ္ အေသအေပ်ာက္မ်ားဟုဆို

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ပါရ္သဲေက်းရြာနဲ႔ လုမ္ဘမ္ေက်းရြာအနီးမွာ ဒီေန႔ ဇန္နဝါရီ ၁၆ ရက္ မနက္ ၇နာရီကေန ညေန ၅ နာရီအထိ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ CNDF တပ္တို႔ တုိက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီဘက္က အေသအေပ်ာက္မ်ားႏိုင္တယ္လုိ႔ CNDF ထံကသတင္းရရွိပါတယ္။

ဒါေၾကာင့္ ဖလမ္းၿမိဳ႕ တပ္ကုန္းကေန အေဝးပစ္လက္နက္ၾကီး ၁၂၀ မမနဲ႔ ၂ ၾကိမ္ပစ္ခတ္ၿပီး CNDF ဘက္က ထိခိုက္ဒဏ္ရာရရွိသူမရွိပါ။

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ ကေလးၿမိဳ႕နယ္ ေခ်ာင္းခြရြာဘက္ကေန အင္အား ၂၅၀ တက္လာၿပီး ဖလမ္းၿမိဳ႕နယ္ ဗားရ္တံတား ကင္းစခန္းမွာ အင္အား ၁၀၀ ေလာက္က်န္ရစ္ခဲ့ၿပီး အင္အား ၁၅၀ ေလာက္နဲ႔ ဖလမ္း-ကေလးလမ္းေပၚက ပါးရ္သဲရြာဘက္သို႔ မေန႔ကျပန္ဆင္းသြားၾကပါတယ္။

ဒါေၾကာင့္ ပါးရ္သဲ၊ လုမ္ဘမ္နဲ႔ ဖလမ္း-ကေလးလမ္းေပၚက ရြာသားေတြ ေဘးလြတ္ရာသို႔တိမ္းေရွာင္ၾကပါတယ္။ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ ကေလးၿမိဳ႕က တက္လာတဲ့ စစ္ေကာင္စီတပ္ေတြကို သြားေရာက္ပူးေပါင္းမယ္လုိ႔ယူဆရပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းထြက္လာတာေၾကာင့္ ဖလမ္းၿမိဳ႕နယ္ ေဝဘူလၿမိဳ႕အနီးတဝိုက္က ေက်းရြာ ၈ ရြာက ျပည္သူ ၂၈၇၃ ဦးဟာ ေဘးလြတ္ရာသို႔တိမ္းေရွာင္ၾကၿပီး ေဝဘူလၿမိဳ႕က အိမ္တစ္လံုးကိုမီးရိႈ႕ၾကတယ္လုိ႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်