ဖလမ်းမြို့ မြေကွက်သစ်အတွက် မဲနှိုက်စဉ် လူစုလူဝေးဖြစ်လို့ ဝေဖန်ခံနေရ

ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက် နဲ့ တလန်လိုရပ်ကွက်အတွင်းရှိ မြေကွက် အသစ် (၂၄၅)ကို ဒီကနေ့ မဲနှိုက်စဉ် Social Distancing မရှိဘဲ လူစုလူဝေးဖြစ်နေလို့ ဝေဖန်မှုတွေရှိနေတယ်လို့သတင်းရရှိပါတယ်။

ဖလမ်းမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ တလွန်ကျူံးထန် “ကျနော်မြင်တာကတော့ လူအားလုံးကျေနပ်အောင်လုပ်တာ ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် ဒီထက်ကျနော်ဖြစ်စေချင်တာက ဒီခေတ်က IT ခေတ်ဆိုတော့ တာဝန်ရှိတဲ့သူက မဲနှိုက်ပြီး အွန်လိုင်းကနေ တိုက်ရိုက်လွှင့်လိုက်ရင် ပိုမကောင်းဘူးလာလို့မြင်တယ်။ အွန်လိုင်းကနေ တိုက်ရိုက်လွှင့်လိုက်ရင်လည်း အားလုံးကြည့်နိုင်ပါတယ်။ သူတို့တွက်လည်းစဉ်းစားတယ်။ လူထုနဲ့အလုပ်လုပ်တယ်ဆိုတော့ ခက်လည်းခက်မှာပါ။ အခုဖလမ်းမှာ ကိုဗစ်လူနာတော့မရှိပေမယ့် Quarantine မှာစောင့်ကြည့်ထားတဲ့ လူ (၁၅)ယောက်ရှိတယ်” လို့ပြောပါတယ်။

မဲနှိုက်ပုံကတော့ စည်ပင်တာဝန်ရှိပုဂ္ဂိုလ်တွေက မဲနှိုက်ပြီး ရလာတာနာမည်စာရင်းကို ကြေညာတာကို ပြည်သူတွေသွားရောက်နားထောင်တာဖြစ်ပါတယ်။

မြေကွက်များကို ဈေးနှုန်းအမျိုးမျိုးခွဲရာ (A)အဆင့် မြေကွက်ကို သိန်း(၂၀)၊ (B)အဆင့်မြေကွက်ကို (၁၀)သိန်း၊ (C)အဆင့်မြေကွက်ကို (၅)သိန်းဖြင့် ပြည်သူများအား မဲနိုက်စနစ်ဖြင့်ရောင်းချ ပေးမှာဖြစ်ပါတယ်။

ယင်းမြေကွက်လျှောက်နိုင်တဲ့သူတွေကတော့ ဖလမ်းမြို့နယ်က မြေကွက်မရှိသေးတဲ့ ပင်ဆင်များ၊ ပါစတာပင်စင်များ၊ နှစ်ရှည်ငှားရမ်းနေထိုင်တဲ့ အိမ်ငှားများဖြစ်ပါတယ်။

မြေကွက် အကျယ်အဝန်းက ပေ ၆၀၊ ပေ ၈၀ ရှိပါတယ်။ မြေကွက်သစ်ဖော်ဆောင်တဲ့နေရာဟာ ဟားခါးဘက်မှ ဖလမ်းမြို့အဝင်ကနေလည်း သွားလို့ရပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်